30 April 2016

“ထိုင်းနဲ့မြန်မာအလုပ်သမားဝန်ကြီးများအလျှင်အမြန်ကူညီဆောင်ရွက်ပေးကြပါ”



  
          

(၁) ငါးဖမ်းလှေတွေမှာ နှိပ်စက်ညှင်းပန်းခံရလွန်းလို့ မိဘနေရပ်လိပ်စာကိုလည်းမပြောနိုင်၊ မိမိအဖြစ်အပျက်ကိုလည်းမမှတ်မိတော့တဲ့ တစ်သက်လုံးကျွန်ပြုခံရတာ့မယ့် မြန်မာအလုပ် သမား ထိုင်းငါးဖမ်းလှေထဲမှာ ရှိနေပါတယ်။
(၂) ကျနော်တို့လုပ်အားခ တစ်နှစ်စာ မပေးရင်လည်းထားပါ။ ကျနော်တို့ကို နေရပ်ရင်းကိုပြန် ခွင့်ပြုပါ ဆိုပေမယ့် လှေပေါ်က ကမ်းကိုကပ်ခွင့်မရပဲ ထိုင်းပင်လယ်ထဲမှာ ကျွန်အဖြစ်အခိုင်း ခံနေရသူများ။
(၃) ပြန်ပါရစေလို့ပြောလို့ ငလိပ်ကျောက်အမြီးနဲ့ရိုက်နှက်ခံရ၊ တူနဲ့အရိုက်ခံရသူများ။ ဘီယာေ သာက်မလား တစ်လလုံးလုပ်ခ ဘတ်ငွေ ၂၀၀ .. ရသူများ။
(၄) လုပ်အားခလည်း ရှင်းမပေး၊ ပတ်စပို့ကိုသိမ်းထားလို့ သက်တမ်းသေသွားကြသူများ။
(၅) ပတ်စပို့လုပ်ပေးမယ်၊ သံရုံးမှာတင်ထားပြီဆိုကာ ဘတ်ငွေ ၈၅၀၀ အထိဖြတ်တောက်ထား ပြီး ရုံသာမက ၊ သံရုံးက ပတ်စပို့ထုတ်မပေးလို့ ဘတ်လုပ်ပေးမယ်ဆိုပြီး နောက်ထပ်ဘတ်ငွေ ၇၅၀၀ အဖြတ်ခံနေရတဲ့ တရားမ၀င်ဖြစ်နေတဲ့ မြန်မာအလုပ်သမားများ။
(၆) သင်္ကြန်းတွင်းကို နားခွင့်မပေးပဲ အလုပ်ခိုင်းစေခံရသည့် အလုပ်သမားများ။
(၇) ဘတ်ငွေသောင်းချီယူထားပြီး MOU အေဂျင်စီတွေဆီက ပတ်စပို့ကို ကပ်ခွာလုပ်ပေးထား ခံရသည့် အလုပ်သမားများ။
(၈) တရားမ၀င်အလုပ်သမဆိုပြီး အသက် ၁၇နှစ်အရွယ် မြန်မာမိန်းကလေးငယ်ကို ရဲစခန်း အချုပ်ခန်းထဲက ခေါ်ထုတ်ကာ ထိုင်းရဲ ၂ဦး ၁၀ ရက်လောက် စော်ကားပြီး နယ်စပ်ကို ပြန်ပို့ဖို့ စီစဉ်လိုက်တဲ့ဖြစ်ရပ်များ။
(၉) ပတ်စပို့လည်းရှိတယ်။ သက်တမ်းနောက်ထပ်တစ်နှစ်စာရှိသေးတယ်။ ဒါပေမယ့် ဘတ်လုပ် ရမယ်ဆိုပြီး လုပ်ငန်းရှင်က ငွေဖြတ်ခံနေရသော အလုပ်သမားများ။
(၁၀) ပတ်စပို့ဖိုးလည်းကျေပြီ၊ မိခင်နေမကောင်းလို့ နေရပ်ပြန်ပါရစေဆိုပြီးပတ်စပို့ကိုတောင်းလို့ မရတဲ့ MOU အလုပ်သမားများ။
(၁၁) အလုပ်တော့မပေးနိုင်ဘူး။ ဘတ် ၁၂,၀၀၀ ပေးပြီးပတ်စပို့ကိုရွေး။ ကြိုက်တဲ့နေရာကိုထွက် သွားလို့ ရဲကိုခေါ်ပြီး ခြိမ်းခြောက်ခံနေရတဲ့ MOU  မြန်မာအလုပ်သမားများ။
(၁) မြန်မာပြည်မှာ အေဂျင်စီကို ၅၇၀,၀၀၀ ကျပ်ပေးခဲ့ရတယ်။ ထိုင်းမှာလည်း  ဘတ်ငွေ ၁၂,၀၀၀အဖြတ်ခံထားရပြီ။ပတ်စပို့မရှိလို့ပုလိပ်ဖမ်းတာလည်းခံရ၊ပုလိပ်ကို ငွေလည်းပေးရတယ်။ သင်္ကြန်အတွင်းမှာ မနားရပဲ အလုပ်လုပ်ရ။ အချိန်ပိုခိုင်းပြီး ပိုက်ဆံအပြည့်လည်းမရတဲ့ MOU အလုပ်သမားများ။

         ဒီလောက်များပြားတဲ့ ပြဿ     နာတွေ ကျနော်တို့  MAT အဖွဲ့ကို တစ်ရက်ထဲမှာ အကူညီေ တာင်း ခံလာတယ်။ ဒီလိုအခွင့်အရေးချိုးဖေါက်ခံနေရမှုများဟာ ပြုသူအတွက် အပန်းမကြီးပေ မယ့် ခံစားနေရတဲ့ မြန်မာအလုပ်သမားတွေအတွက်ကတော့ အလွန်နစ်နာပါတယ်။ ဒီပြဿ     နာ များကို ထိုင်းနဲ့မြန်မာအစိုးရက အလျှင်အမြန် ဖြေရှင်းပေးမှ ပြေလည်နိုင်မှာဖြစ်ပါတယ်။     ။ 

       ဒီလူတွေ ဘယ်နားမှာလဲ၊ ဖြေရှင်းပေးမယ်ဆိုပြီး ထိုင်းနဲ့မြန်မာ  အလုပ်သမားဝန်ကြီးဌာန က ကျနော်တို့  MAT အဖွဲ့ကို ဆက်သွယ်လာပြီး လိုက်ပြခိုင်းပါစေလို့ ဆုတောင်းနေပါတယ်။

သတင်းအချက်အလက်နဲ့ ဆက်သွယ်အကူညီတောင်းခံနိုင်သော MAT ၀ိုင်းတော်သားများ
        ဦအောင်မျိုးသန့် ၀၈၉ ၆၅၂ ၅၆၉၆ -ဦးကျော်သောင်း ၀၈၄ ၆၇၀ ၅၇၂၇  ဦးစိုင်းအေး ၀၈၀ ၅၈၈ ၅၅၄၈  ဦးဘခက် ၀၈၇ ၃၁၂ ၁၁၇၉  ကိုလွမ်းသူ ၀၈၆၉ ၀၅၂ ၄၄၆  ကိုအောင်ဆန်းဦး ၀၉၀ ၆၆၇၇ ၉၁၃