၂၀၁၇ ခု ဧပြီလ
၈ ရက်
ရွှေလုပ်သား
မြန်မာအလုပ်သမားတိုင်း ထိုင်းနိုင်ငံမှာ
တရားဝင်နေ ထိုင်အလုပ်လုပ်လိုကြသည်ချည်းဖြစ်ပါသည်။ထိုင်းနှင့်မြန်မာအစိုး ရတို့ညှိနှိုင်းမှုအရ
CI ကို ထုတ်ပေးလာခဲ့သည်မှာ ယခုအခါ တစ်လကျော်လာပြီးဖြစ်ပါသည်။ စည်းကမ်းချက်များအရ ပန်းရောင် ဘတ်ကဒ်ကိုင်ဆောင်ထားသည့်
မြန်မာအလုပ်သမား တိုင်းအား CI ထုတ်ပေး လျှက်ရှိပါသည်။ သို့ရာတွင် ပန်းရောင် ဘတ် ကဒ် မရှိသည့်
အလုပ်သမားများကိုမူ CI မထုတ်ပေးပါ။
ပန်းရောင်ဘတ်ကဒ်မရှိသည့်မြန်မာအလုပ်သမားများနှင့်
ဘတ် ကဒ်သက်တမ်းကုန်ဆုံးနေသည့် မြန်မာ အလုပ်သမားများကို မြန်မာပွဲစားအချို့တို့က သက်တမ်းရှိသည့်
ပန်းရောင်ဘတ်ကဒ်တို့ဖြင့် ဆဲဗင်းအလဲဗင်း တွင် ငွေပေးသွင်းေ စပြီးCI စခန်းအချို့တွင်
ပြီးခဲ့သည့်အပတ်များက ထုတ်လုပ်ရရှိသွားခဲ့ကြသည်။
ပြီးခဲ့သည့်အပတ်က မဟာချိုင် ဇုန်၂ တွင်
ဖမ်းမိခဲ့သကဲ့သို့ ယမန်နေ့က မဟာချိုင်ဇုန် ၁တွင်လည်း ဖမ်း ဆီးမိခဲ့ပြန်သည်။ အလားတူ ယနေ့တွင်
စမူပါကန်စခန်းတွင်လည်း အခြားသူများပန်းရောင်ဘတ်ကဒ် များဖြင့် ဆဲဗင်း အလဲဗင်းတွင် ငွေပေးသွင်း၍
လာရောက်လုပ်ကိုင်မှုများကို စိစစ်တွေ့ရှိခဲ့ပြန်သည်။
မြန်မာအလုပ်သမားများအနေဖြင့် တရားဝင်နေထိုင်ခွင့်ရရှိလိုမှုကို
မတရားသဖြင့်ရယူလို၍ ပွဲစား များဖြင့် အတုအပပြုလုပ်ခြင်း၊ အစားထိုးဝင်ရောက်လုပ်ကိုင်ခြင်းမျိုးတို့ကို
ရှောင်ရှားသင့်ပါသည်။
အစိုးရက အခမဲ့လုပ်ပေးကြောင်း တရားဝင်ကြေညာထားပါသဖြင့်
အကယ်၍ တုံကင်နံပါတ် (ခယူ) ၀ယ် ယူ၍ CI လုပ်ရပါက ပွဲစားများနှင့် အထောက်အထားများကို ဓါတ်ပုံရိုက်၍
မြန်မာသံရုံးအလုပ်သမား သံအရာရှိ များထံသို့ ဆက်သွယ်၍ တိုင်ကြားကြပါရန် အသိပေးအပ်ပါသည်။
ထိုင်းရောက်အလုပ်သမားများအနေဖြင့် အလုပ်သမားအရေးအရာကိစ္စရပ်နှင့်
ပတ်သက်၍ အကူညီ တောင်းခံနိုင်ရန် အလုပ်သမားသံအရာရှိ ၅ဦးရှိနေပါသည်။ ဦးမိုးအောင်ခိုင်=၀၉၄
၈၈၄ ၅၄၈၄ ဦးအောင်ကို သန်း= ၀၆၃ ၄၄၂ ၆၂၀၄ ဦးမျိုးထက်သူ= ၀၆၅ ၂၂၀ ၆၉၅၂ ဦးနိုင်မင်းသူ= ၀၆၅
၂၂၀ ၆၉၅၂ ဦးအောင်ခင်မြင့်= ၀၆၅ ၂၂၀ ၆၉၅၃ တို့ကို ဆက်သွယ် အကူညီတောင်းကြပါ။
အကယ်၍ အလုပ်သမားသံအရာရှိ ၅ဦးတို့က အလုပ်သမားကိစ္စရပ်များကို
ကူညီဆောင် ရွက်ေ ပးမှု မရှိ၍ဖြစ်စေ၊ ကြေနပ်မှုမရှိလျှင်ဖြစ်စေ၊ ပိုမိုထိရောက်လိုလျှင်ဖြစ်စေ
နေပြည်တော် အရေးပေါ်ရုံးသို့ ဆက်သွယ်နိုင်ပါသည်။ ၉၅ ၆၇၄၃ ၀၁၈၄….၉၅ ၆၇၄၃ ၀၂၈၄

