02 April 2017

“၀တ်ပါမစ်မပါဟုဆိုကာ မဲဆောက်ချစ်ကြည်ရေးတံတားတွင်မြန်မာအလုပ်သမား၃၇ဦးအဖမ်းခံရ”



၂၀၁၇  ဧပြီလ ၂ ရက်
ရွှေလုပ်သား

    နေရပ်ပြန်ကြသည့်မြန်မာအလုပ်သမား ၃၇ဦးအား အလုပ်လုပ်ခွင့်ပါမစ်မပါရှိဟုဆိုကာ မဲဆောက်အာဏာပိုင် များကချစ်ကြည်ရေးတံတားထိပ်ဂိတ်တွင်ဖမ်းဆီးထားကြောင်းသိရှိရသည်။
      
       CI အစိမ်းရောင်စာအုပ်၊ ခရမ်းရောင်နှင့်အနီရောင် ပတ်စပို့ ကိုင်ဆောင်ထားကြသည့် အမျိုးသား၁၃ဦးနှင့် အမျိုးသမီး၂၄ဦးတို့ အားအလုပ်လုပ်ကိုင်ခွင့်ဝတ်ပါမစ်မပါဟုဆိုကာ မဲဆောက် ချစ်ကြည်ရေး တံတားထိပ်တွင် ယနေ့နံနက် စောစောက ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

          အလုပ်သမ မညိုညိုခင် က“ ကျမတို့ကို တစ်ယောက်ကို ဘတ်ငွေ ၂၀၀ ပေးရမယ်လိုပြောတယ်။ နက်ဖြန် ရုံးတက်ရမယ် လို့ပြောတယ်။ AAC က ဦးရဲမင်းတို့ကိုလည်း အကူညီတောင်း တယ်။ အလုပ်သမား သံအရာရှိတွေဆီကိုလည်း ဖုန်းဆက်တယ်။ အကူညီပေးမယ်လို့ပြောတယ်။ သမီးတို့ညအထိ မလွတ်သေး ဘူးရှင့်” ဟုပြောသည်။

မဟာချိုင် အခြေစိုက် AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက “ အလုပ်သမားသံအရာရှိတွေဆီကိုကျနော်နေ့လည်ကဖုန်းဆက်ပါတယ်။ ထိုင်းအလုပ် သမားဝန်ကြီးဌာနက DOE ကိုဖုန်းဆက်ထားတယ်လို့ပြောတယ်။ သူတို့ ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ထိုင်းလ၀က ကိုလည်း သတင်းပို့ထားတယ်လို့ပြောပါတယ်။ ကျနော်သိ သလောက်ဆိုရင် နယ်မြေအလုပ်သမား ၀န်ကြီးဌာနမှာ ဘတ်ငွေ ၁၀၀ ပေးပြီး မပြောင်းသေးဘူးလို့ထင်တယ်” ဟုပြောသည်။

ယခု သတင်းကိုရေးသားနေသည့် ည ၈နာရီအချိန်တွင် အလုပ်သမားများကို လက်ဗွေနှိပ်ခိုင်းပြီး တစ်ဦးကို  ဘတ်ငွေ ၂၀၀စီတောင်းခံနေသည်ဟု အလုပ်သမ မယဉ်နွယ်ကပြောသည်။

ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ဥပဒေ အရ ပတ်စပို့နဲဗီဇာရှိတဲ့ မည်သည့်နိုင်ငံသားကိုမဆို ၅မိနစ်တောင်ဖမ်းဆီးချုပ်နှောင်လို့မရဘူး။ ပတ်စပို့လည်းရှိ တယ်။ ဗီဇာလည်းရှိတယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတယ်။ ၀တ်ပါမစ်ဆိုတာအလုပ်လုပ်ကိုင်ခွင့်ပဲဖြစ်တယ်။ ခရီးသွားလာတဲ့ကိစ္စ၊ နေထိုင်တဲ့ ကိစ္စေ တွ က အလုပ်လုပ်ခွင့် ၀တ်ပါမစ်နဲ့ ဘာမှမဆိုင်ဘူး။ မြန်မာအစိုးရအဆက်ဆက် ဥပဒေဘောင် အတွင်းက ကိုယ့်နိုင်ငံသားအရေးကိစ္စ ကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်တာမလုပ်ခဲ့ကြလို့ ထိုင်းတွေလုပ်ရဲနေတာပါ။ တကယ်ကူညီတဲ့ သံဝန်ထမ်းတွေထိုင်းကိုမရောက်လာသေးသမျှတော့ မြန်မာ အလုပ် သမားတွေဒီအတိုင်းဆက်ခံနေကြရအုံးမှာ” ဟုပြောသည်။


      MAT အဖွဲ့နှင့် AAC အဖွဲ့တို့သည် မဟာချိုင်၊ဘန်ကောက်နှင့်မဲဆောက် တို့တွင် ထိုင်းရဲများက မြန်မာ အလုပ် မားများအား မတရားဖမ်းဆီငွေေ တာင်းခံခြင်းများကို ဓါတ်ပုံနှင့်VDO များရိုက်ကူး၍၊ ဘန်ကောက်ြ မန်မာသံရုံးနှင့်နေပြည်တော် အလုပ်သမားဝန်ကြီးဌာရုံးတို့သို့ ကြိမ်ဖန်များစွာ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။ သို့ရာ တွင် မြန်မာအစိုးရ အဆက်ဆက်တို့သည် ထိုင်းရောက်အလုပ်သမားအရေးတို့ကို တတ်စွမ်းသမျှ ကူညီေ ဆာင်ရွက်မှုများမရှိခဲ့ကြရုံ သာမက အချို့သော လုပ်ငန်းစဉ်တို့တွင် ပူးပေါင်းဂွင်ဖန်မှုများပါရှိနေ သဖြင့် သန်းချီရှိသည့် မြန်မာအလုပ်သမား များမှာ အကျင့်ပျက်ဝန်ထမ်းတို့အတွက် အလွန်ငွေရှာကောင်း သော ထုထည်ကြီးမားသည့် ငွေတွင်းကြီးအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။