01 May 2017

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တရုတ်ကုမ္ပဏီများ တင်ဒါအောင်မြင်


ကျော်ဝင်း(ကျောက်ဖြူ)
နိရဉ္စရာ၊ မေ ၁
18194898_1510227592322646_6400408127574570664_n
            ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွက် တရုတ် ကုမ္ပဏီများက တင်ဒါ အောင်မြင် ထားကြောင်း သိရသည်။

         ၎င်းကုမ္ပဏီများမှာ ရေနက် ဆိပ်ကမ်း(Deep Seaport) အတွက် CITIC Consortium (၁)မှ တင်ဒါ အောင်မြင်ထားပြီး ပူးပေါင်း ပါဝင်မည့် ကုမ္ပဏီ(၃)ခုမှာ CITIC Group၊ China Merchants Holdings( International Co.LTD) ၊ China Harbour Engineering Company LTDနှင့် ထိုင်းကုမ္ပဏီCharoen Pokphand Group Company Limited of Thailand တို့ဖြစ်ကြသည်။

       စက်မှုဇုန် (Industrial Park)အတွက် CITIC Consortium ((၂)မှ တင်ဒါအောင်မြင်ထားပြီး တရုတ် ကုမ္ပဏီ(၃)ခု CITIC Group၊ TEDA ၊ YCEGC နှင့် ထိုင်းကုမ္ပဏီ CP Group တို့ပါဝင်ကြောင်း သိရသည်။

   ရမ်းဗြဲကျွန်းတွင် တည်ဆောက်မည့် ဆိပ်ကမ်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံ ကုန်ကျ မည်ဟု ခန့်မှန်းထားကြောင်း ပထမဆိပ်ကမ်းကို (၅)နှစ်တွင်း ပြီးစီးအောင်ဆောင်ရွက်မည်ဟု ရည်မှန်း ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် က ဧပြီလ ၃၀ ရက်နေ့က ကျောက်ဖြူတွင် ပြုလုပ်သော လူထု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရင်းနှီး မြုပ်နှံရာတွင် မြန်မာအစိုးရဘက်က ငွေထည့်စရာမလိုဘဲ ၅ ရာခိုင်နုန်းရရှိမည်ဖြစ်ပြီး CITIC Consortium မှ ၈၅ရာခိုင်နှုန်း ပါဝင်မည် ဖြစ်ကာ မြန်မာပြည်သူများပါဝင်သော ရင်းနှီးမြှုပ်နှံသူများဘက်က ၁၀ရာခိုင်နုန်း ရရှိမည်ဟုသိရသည်။