16 January 2017

“လူကုန်တားတပ်ဖွဲ့မှူးကူညီလို့MOU အလုပ်သမားများကုန်ကျငွေများပြန်ရ”



                           
၂၀၁၇ ဇန်န၀ါရီလ ၁၆
မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)

          ၂၀၁၆ ခု နိုဝင်ဘာလ ၁၈ ရက်နေ့က ပွဲစားများပြန်ခေါ်သွားခဲ့သည့် MOU အလုပ်သမား များအနက် ၄ဦးတို့၏ ကုန်ကျငွေများကို နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး၏ ကူညီပေးမှုဖြင့် ယနေ့ တွင် ရရှိလိုက်ပြီဖြစ်ကြောင်း အလုပ်သမားများကပြောသည်။

        ပွဲစားများပြန်လည်ခေါ်ယူသွားခဲ့သည့် အလုပ်သမားမျာအနက် ယနေ့ အလုပ်သမား၎ဦး တို့၏ ကုန်ကျငွေစုစုပေါင်း ကျပ် ၃၇သိန်းကို မန္တလေးတိုင်း ရမည်းသင်းမြို့ ခရိုင်အလုပ်သမား ဦးစီးဌာနတွင်ပွဲစားဦးထွန်းထွန်း ဆိုသူကပေးချေခဲ့ပြီး မကွေးတိုင်းမှ အလုပ်သမား ၂ဦးကိုလည်း ကုန်ကျငွေများကို ရှင်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။  


           မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့မှ အလုပ်သမား(ကျား၁၂ဦး+မ၁၁ဦး)တို့အား ရန်ကုန် လှိုင်သာယာ ကျန်စစ်သားအိမ်ယာတွင်နေထိုင်သည့် LIBRA LIFE အေဂျင်စီပွဲစားဆိုသူ ဦးထွန်းထွန်း နှင့် ကိုသက်ထွေး ဆိုသည့် ပွဲစား၂ဦးတို့သည် အလုပ်သမားများထံမှ အနည်းဆုံး ကျပ်ငွေ လေးသိန်းခွဲမှ ငါးသိန်းခွဲအထိယူဆောင်၍ အလုပ်သမားများကိုစာချုပ်ချုပ်ဆိုခြင်း၊ စမတ် ကဒ်လုပ်ပေးခြင်းမရှိပဲ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ နောင်ပိကျေးရွာရှိ OS INTER FOOD နာနတ်သီးစက် ရုံသို့ ၁၇.၆.၂၀၁၆ နေ့က ပို့ဆောင်ပေးခဲ့ပါသည်။

         အလုပ်သမားများသည် အလုပ်ကို ပုံမှန်လုပ်ရသည်ဟူ၍မရှိပဲ ပြန်သည့်အချိန်အထိ ၅လ အတွင်း ရက်ပေါင်း၈၅ ရက်သာအလုပ်လုပ်ခဲ့ကြရပါသည်။ ထိုလုပ်အားခများအတွက် အလုပ်သ မားများရရှိသွားခဲ့ကြသော်လည်း  အလုပ်သမားတစ်ဦးစီ အချိန်ပို ၁၈၄ နာရီခန့်စီအတွက်ကိုမူ
 ဖြေရှင်းမပေးလိုက်ပါ။ ထူးခြားသည်မှာ အလုပ်သမားများထွက်လာစဉ်က စက်ပျက်သည်ဟု အကြောင်းပြ၍ မထုတ်ပေးခဲ့သည့်စမတ်ကဒ်များကို အောက်တိုဘာ ၁၇ ရက်နေ့တွင်မှ ပွဲစား များက ထုတ်ပေးခဲ့ပါသည်။ ဘန်ကောက်အလုပ်သမားသံအရာရှိများထံသို့အလုပ်သမားများက အကူညီတောင်းခံခဲ့သ်ာလည်း မည်သည့်အကူညီမှအလုပ်သမားများမရရှိခဲ့ကြပါ။

    အလုပ်သမား ကိုကျော်လွင်ဦး က“ကျနော်တို့ကို ဘ၀ချိန်ခွင်ပွဲစားတွေက အချိုရည်စက်ရုံနဲ့ ကြက်သားစက်ရုံလို့ ပြောခဲ့တယ်။ မြ၀တီရောက်တော့ ပါဖက်အင်းကျီဝယ်ဝတ်ရတယ်။ ဘယ် မှာမှ စာချုပ်မချုပ်ခဲ့ရပါဘူး။ ရန်ကုန်ကပွဲစားတွေကလိုက်မပို့ပဲ လိုင်းကားနဲ့ မြ၀တီကိုလာခဲ့ရ တာပါ။ ထိုင်းကိုရောက်လာတော့ နာနတ်သီးစက်ရုံဖြစ်နေတယ်။ နာနတ်သီးမရှိလို့၊ တစ်နေ့ ကုန်လုပ်ရတဲ့ရက်နည်းပါတယ်။ နေ့တစ်ဝက်၊ ၃နာရီဒီလိုပဲလုပ်ရတယ်။ ကျနော်တို့ကလည်း ပိုက်ဆံအကုန်ခံလာတာကြောင့် လုပ်ရရင်ပြီးရောဆိုပြီး သည်းခံခဲ့တယ်။ ၉လပိုင်း လုပ်အားခနဲ့ ၁၀ လပိုင်းလုပ်အားခလည်း မရှင်းပေးတော့တဲ့အပြင် အလုပ်ရုံပါပိတ်တယ်ဆိုပြီး စာကပ်လာ တယ်။ ပွဲစားတွေကို ဖုန်းဆက်တာလည်းမလာဘူး။ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ဆီကို ဖုန်းဆက်တော့လည်း ဝေးတယ် ငါတို့မလာနိုင်ဘူး။ ပွဲစားတွေကိုလွှတ်ထားတယ်လို့ပဲ   ပြောတယ်။ ဒါကြောင့်MAT အဖွဲ့ဖုန်းနံပါတ်ကိုစုံစမ်းပြီး အကူညီတောင်းလိုက်တာ” ဟုပြော သည်။ 



            မူလက အလုပ်သမား ၃၀ဦးတိတိလာခဲ့ကြပါသည်။ ၁.၇.၂၀၁၆ နေ့က ငဖဲမြို့နယ်၊ ကန်ပေါက်ရွာမှ ဦးဝင်းဌေး ဆိုသူမှာ ဆေးမအောင်သဖြင့် အလုပ်သမားစုပေါင်း၍ စရိတ်အကုန် အကျခံကာအိမ်ပြန်သည့် အလုပ်သမားများဖြင့်ပြန်လိုက်သွားခဲ့ပါသည်။ ၂၈.၁၀.၂၀၁၆ နေ့က (မ၄ဦး+ကျား၂ဦး) အလုပ်သမား ၆ယောက်တို့မှာ တစ်ဦးလျှင် ပတ်စပို့ဖိုးဘတ်ငွေ ၁၁,၀၀၀ စီပေးချေ၍ ဦးလှကြည်နှင့် ဦးမောင်စိုး တို့က မဟာချိုင်မြို့သို့ပို့ပေးခဲ့ပါသည်။
    အလုပ်သမားများ၏ မိဘများသည် ရန်ကုန်မြို့မြောက်ဒဂုံအခြေစိုက် အလုပ်သမားအဖွဲ့တစ်ခု ၏ အကူညီဖြင့် နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်လူကုန်တားတပ်ဖွဲ့စိပ်မှူး ဦးရဲဝင်းအောင် ထံ တွင်သွားရောက်၍ အမှုဖွင့်တိုင် ကြားခဲ့ပါသည်။ နိုဝင်ဘာလ၁၁ရက်နေ့က နေပြည်တော် ဗဟို လူကုန်တားတပ်ဖွဲ့မှူးနှင့်အလုပ်သမားညွန်ကြားရးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်တို့ထံသို့ အလုပ်သမားတစ်ဦး၏ မိဘဖြစ်သူ ဦးမြင့်ဆွေက တိုင်ကြားစာများပေးပို့ တိုင်ကြားခဲ့ပါသည်။
       နိုဝင်ဘာလလယ်ကတည်းကပြန်ပို့ခံရသည့်အလုပ်သမားများမှာ ၂လကျော်ကြာလာသည့် တိုင်အောင် ထူးခြားမှုတစ်စုံတစ်ရာမရှိ၊ ဖြေရှင်ပေးမည့်သူမရှိဖြစ်နေကြောင်း ဘန်ကောက် အခြေစိုက် MAT အဖွဲ့သို့ ၁၄-၁-၂၀၁၆ နေ့က ဖုန်းဆက်၍ အကူညီတောင်းခံလာခဲ့ပါသည်။ သို့ဖြစ်၍ ရန်ကုန်လူကုန်တားတပ်ဖွဲ့စိတ်မှူးနှင့် နေပြည်တော် ဗဟိုလူကုန်တားတပ်ဖွဲ့မှူးကြီးတို့ ထံ သို့ MAT အဖွဲ့နှင့် အလုပ်သမား၏ဖခင် ဦးမြင့်ဆွေ တို့က ဖုန်းဆက်၍ အကူညီတောင်းခံခဲ့ ကြပါသည်။

       MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ ပြဿ     နာတွေက (၁) အေဂျင်စီနဲ့ ပွဲစားတွေ က မြ၀တီကိုလိုက် မပို့ကြဘူး။ လိုင်းကားနဲ့မြ၀တီကိုတင်ပေးလိုက်တာ။ (၂) အလုပ်အကိုင်မှန် မှန် ကန်ကန်မရှိ၊ (၃) စက်ပျက်တယ်ဆိုပြီးစမတ်ကဒ် အလုပ်သမားတွေကို မလုပ်ပေးခဲ့ဘူး(၄) ပွဲစားတွေ အေဂျင်စီတွေလိမ်လို့ နိုင်ငံခြားစက်ရုံပိတ်ထားလို့ ဒုက္ခရောက်နေပါတယ်လိုအကူညီ 
  တောင်းတာကို အလုပ်သမားသံအရာရှိတွေဘာမှမကူညီခဲ့ဘူး။(၅) ရန်ကင်းသင်တန်းကျောင်း နဲ့ မြောက်ဒဂုံပင်လုံခန်းမတို့မှာ စာချုပ်မချုပ်ရပဲ ပွဲစားက လမ်းဘေးမှာ လက်မှတ်ထိုး ခိုင်းခဲ့။ (၆) ပွဲစားတွေတင်ပြလာတဲ့ Control list ကို ပွဲစားတွေနဲ့ပေါင်းပြီး လက်မှတ်ထိုးပေးလိုက်တဲ့ ရန် ကုန်တိုင်း ညွှန်မှူးတွေရဲ့ နည်းလမ်းမမှန်တဲ့လုပ်ရပ်၊ (၇) ဒါတွေကို အလုပ်သမား မိဘကိုယ်တိုင် စာတိုက်က မှတ်ပုံ တင်ပြီး အလုပ်သမားညွန်ကြားရေးမှူးချုပ်ကိုပို့ပေးခဲ့တယ်။ ၂လကျော်ကြာတဲ့ အထိ လုံးဝမဖြေရှင်းပေးခဲ့ကြဘူး။ ပတ်စပို့ဆိုတာ ပြန်ပို့တဲ့နေ့မှာမှ အလုပ်မားတွေ မြင်ဖူးကြ  ရတာ။ အကျင့်ပျက်ဝန်ထမ်းတွေ၊ အလုပ်မလုပ်တဲ့ အလုပ်သမားသံအရာရှိတွေနဲ့ အေဂျင်ပွဲစား   တွေကို နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်ကြမလဲ၊   ကြောမွဲဆင်းရဲသား အလုပ်သမားတွေနစ်နာမှုတွေများခဲ့ပါပြီ။ကျနော်တို့စောင့်ကြည့်အုံးမယ်”ဟု ပြောသည်။

   MAT အဖွဲ့သည် အေဂျင်စီပွဲစားများနှင့် မြန်ာအလုပ်သမားဝန်ကြီးဌာန၀န်ထမ်းများ၏ အား နည်းချက် များကို စဉ်ဆက်မပြတ်ထောက်ပြ ပြောဆိုနေခြင်းတို့ကြောင့် ထိုင်းအစိုးရ အထူးစုံ စမ်းထောက်လှမ်းရေးအဖွဲ့ DSI တွင် ကြိမ် တိုင်ကြားခံခဲ့ရပါသည်။ 

    ထို့အပြင် LOVELY WORLD အေဂျင်စီမှ တင်ပို့သည့် ဆောက်လုပ်ရေးအလုပ်သမားများအား နယ်မြေခံရဲများ ၀င်ရောက်ဖမ်းဆီ၍ လက်ထိပ်ခပ်ခံရကြောင်း နိုင်ငံတော်အကြီးအကဲများထံသို့ တင်ပြခဲ့သဖြင့် MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း အား LOVELY WORLD အေဂျင်စီ မန်နေ ဂျင်းဒါရိုက်တာ ဒေါ်ချိုချိုစမ်း က အသရေဖျက်မှုဖြင့် သင်္ကန်းကျွန်း တရားရုံးတွင် ဦးထိပ်လျှောက် ထား၍ ရုံးဆင့်စာကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တရားရုံးသို့ ပေးပို့ထားကြောင်း သိရှိရပါ သည်။