မောင်ပေါ်ထွန်း
၂၀၁၄ ဧပြီလ
၂၈ ရက်

MOU ဖြင့်လာရောက်အလုပ်လုပ်ကိုင် သည့်အလုပ်သမားတစ်ဦး
စိတ်ဖေါက်ပြန်၍ ပျောက်သွားခဲ့သည့်မှာသုံးရက်မြေက်ပြီးဖြစ်ေ သ်ာလည်း သတင်းအစအန ယခုတိုင်မရရှိေ သးကြောင်း
ညီဝမ်းကွဲ တော်စပ်သည့် အလုပ် သမားကပြောသည်။
ဘန်ကောက်မြို့စီယက်ဘန်ဖူ အရပ် တွင် မိုးပျံရထားလမ်းတည်ဆောက်နေသော
ဆောက်လုပ် ရေးအလုပ်သမား တစ်ဦးသည် ပြီးခဲ့သည့် အပတ်ကတည်းက စိတ်မူမှန်မဟုတ်တော့ပဲ နေရပ် ကို
ပြန်လိုသည်ကို တတွတ်တွတ်ပြော ဆိုနေ ခဲ့သည်။ ထို့အပြင် ဧပြီလ၂၂ ရက်နေ့က ကမ်ပူးရှား အလုပ်သမတစ်
ဦးအား အကြောင်းမရှိပဲ လက်သီးဖြင့် သွားထိုးခဲ့သဖြင့် တောင်းပန်ခဲ့ရသည်ဟု ညီဖြစ်သူက ပြောသည်။ ၂၅ ရက်ေ န့ ညတွင်
လုပ်အားခ ဘတ် ၆,၀၀၀ ခန့်ကိုထုတ်ယူသွားပြီးနောက် ညီဖြစ်သူ နှင့် လိုင်းကားအမှတ် ၁၃၄ ဖြင့်စီး သွားကြကာ ညီဖြစ်သူအားဆင်းခိုင်းပြီး
၎င်းတစ်ဦးတည်း ကားပေါ်တွင်ပါသွားရာက ယနေ့တိုင်
ဆက်သွယ်မရတော့ ပဲ ပျောက်ဆုံးနေခဲ့သည်ဟုဆိုသည်။
ပျောက်ဆုံးနေသည့်အလုပ်သမားမှာ မကွေးတိုင်း
အောင်လံမြို့နယ်၊ လက်ပခုံးကျေးရွာမှ အဖ ဦးဘိုးတိုး၏ သား အသက်၃၅နှစ်အရွယ် ကိုဆန်းဝင်း
ဆိုသူဖြစ်သည်။ ၎င်းသည် ၂၀၁၂ ခု နိုဝင်ာလ ၂၄ ရက်နေ့က Human Resource InternationalCo,ltd(HRI) ကုမ္ပဏီနှင့် မြန်မာဘက်မှ
ရွှေရည်ဖြိုးအောင်
ကုမ္ပဏီတို့ တင်ပို့လိုက်သည့် အလုပ်သမား ကျား ၁၇၀ဦး နှင့်အတူ ထိုင်းနိုင်ငံအထဲသို့
ဝင်ရောက်လာခဲ့ သူဖြစ်သည်။

အလုပ်သမားများ က မြန်မာသံရုံးသို့ ဆက်သွယ်
အကူညီတောင်းခံရာ ကိုဆန်းဝင်း ၏ ပတ်စပို့ မိတ္တူလိုအပ်သည်ဟု ပြောဆိုသဖြင့် လုပ်ငန်းခွင်
တာဝန်ရှိသူထံတွင် တောင်းခံရာ မရှိကြောင်း ပြောဆို သဖြင့် ပျောက်ဆုံးသူ၏ အလုပ်သမား ကဒ်ပြားနှင့် မြန်မာအမျိုးသား မှတ်ပုံတင်တို့ကိုယူဆောင်၍ မြန်မာသံရုံးသို့ အကူညီတောင်းခံရန် သွားခဲ့ကြသည်။
MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်း က“MOU
အလုပ်သမားတွေ ပြဿနာတွေတက် လာရင် ကျနော်တို့ ကအချက် အလက် စုဆောင်းပေး၊ အလုပ်သမားတွေကို
သံရုံးကိုသွားဖို့ အကူညီပေး၊ လမ်းစရိတ် မရှိ စားစရာ မရှိရင် တတ်နိုင် သလောက်ပေး။ ဒီလောက်ပဲ
ကျနော် တို့လုပ်နိုင်တာ။ G to G တံဆိပ်ကြီး ကပ်ထားပြီးတော့ ပွဲစားတွေ လုပ်ချင်တာ လုပ်နေတာကို
ကျနော်တို့က ဒီအတိုင်းလက်ပိုက်ကြည့်နေရတာ။ အလုပ်သမားတွေ ကတော့အခံဘက် ကချည်းပါပဲ။ အေဂျင်စီတွေနဲ့ပွဲစား တွေဟာ အလုပ်သမားတွေကို ထိုင်းကို ပို့ပြီးတာနဲ့
သူတို့ တာဝန်ကျေပြီးလိုသဘောထားပြီး ပြစ်ထားလိုက်ကြတာ။ ကိုယ်ပို့ထားတဲ့ အလုပ်သမားတွေကို
နဲနဲလောက် ဂရုစိုက်ကြရင် ပြဿ နာ နည်းမယ်။ ခုဟာက တာဝန်ယူမှုနည်း နေကြတယ်” ဟုပြောသည်။
HRI ကုမ္ပဏီသည် ၂၀၁၂ ခုနှစ် ဇွန်လ၁၇ ရက်နေ့က
တင်သွင်းလာခဲ့သည့် အလုပ်သမား ၃၅၀ဦး အနက်မှ ရန်ကုန် သာကေတမှ ကိုကျော်ကျော် ဆို သူမှာ
ဘန်ကောက်မြို့စမူပါကန် ၃၉လမ်းတွင်ရှိသော ကားပစ္စည်းများထုတ် လုပ်သည့် (SSK) KOLAKARN
CO,LTD အလုပ်ရုံတွင် မျက်လုံးထိခိုက်မိ သဖြင့်
မျက်လုံးကွယ်ခဲ့ရသည်ကို MAT အဖွဲ့က မြန်မာအလုပ်သမားသံအရာ ရှိထံသို့ ဖြေရှင်းပေးရန်
အထောက် အထားများဖြင့် အကူညီတောင်းခံခဲ့သော် လည်း
မဖြေရှင်းနိုင်ခဲ့ချေ။

HRI ကုမ္ပဏီသည် လုပ်ငန်းခွင် ထဲ သို့ နယ်မြေရဲများဝင်ရောက်ဖမ်းဆီးလျှင်ဖြစ်စေ၊
အလုပ်သမားများ မကျေနပ်မှုတစ် ခုခုပေါ်
ပေါက်၍ အလုပ်သမားအဖွဲ့အစည်းများသို့ ဆက်သွယ်စကားပြောလျှင်
ဖြစ်စေ နယ်စပ်သို့ ချက်ခြင်း ပို့ဆောင်ဖျောက် ဖျက်လေ့ရှိခဲ့သည့် အထောက်အထားများ
MATအဖွဲ့တွင်မှတ်တမ်း စွာရှိသည်။