30 May 2018

MOU အလုပ်သမားကိုထိုင်းအလုပ်ကြပ်သေနတ်ဖြင့်ပစ်သတ်


         
     ၃၀.၅.၂၀၁၈
ရွှေလုပ်သား

      ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘိအရပ် TTK သစ်စက်တွင် အလုပ်လုပ်ကိုင်နေသည့် MOU မြန်မာ အလုပ်သမား တစ်ဦးအား ထိုင်းအလုပ်ကြပ် ၀ဏက သေနတ်ဖြင့်ပစ်သတ်၍ သေဆုံးခဲ့သည်။



မေလ ၂၆ ရက်  ည၈နာရီခန့်က အလောင်းကစားလုပ်ကြရင်း အလျှော်အစားကိစ္စဖြင့် အငြင်းအခုံဖြစ်၍ ထိုင်းအလုပ်ကြပ်က သေနတ်ဖြင့်ပစ်ခတ်သဖြင့် ကြောမှ ရင်ညွန့်သို့ဖေါက်ထွက်၍ သေဆုံးခဲ့ကြောင်း ဘန်ကောက် MOEAF ရုံးကသတင်းထုတ်ပြန်ထားသည်။
သေဆုံးသူမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်မှ ကျော်လင်း ပတ်စပို့အမှတ် MB 911225 ကိုင်ဆောင်သူဖြစ်သည်။
   အလဲဗင်းသတင်းဌာနနှင့် MOEAF သတင်း ထုတ်ပြန်ချက်တို့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ (Krabi) ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် အလုပ်ချိန်ပြင်ပတွင် လောင်းကစားလုပ်ကြရာမှ စကားများ ရန်ဖြစ်ပြီး သေနတ်နှင့် ပစ်ခတ်မှုတခုဖြစ်ပွား၍ MoU လုပ်သားတဦးသေဆုံးခဲ့ပါသည်။ ဟုသာပါရှိသည်။

          သေဆုံးသည့်အလုပ်သမား၏ စမတ်ကဒ် ကြောက်ဘက်တွင် Libra Life service Co,ltd ဟု ပါရှိပြီး TTK ANDAMAN CO,Ltd  ဖြစ်ကာ အလုပ်လုပ်ကိုင်နေရသည့် နေရာမှာ No 204 M-2 T Protean
Kaopanom, Krabi ဟု ရိုက်နှိပ်ဖေါ်ပြထားသည်။ အလုပ်သမား 18 ဦး စုပေါင်း၍ ရိုက်ပို့ သောဓါတ်ပုံကို ရွှေလုပ်သားက လက်ခံရရှိခဲ့သည်။
သေနတ်ပစ်ခပ်ခံရသည့် အလုပ်ရုံနေရာမှာ လိပ်စာပါ TTK သစ်စက်တွင် ဖြစ်ကြောင်း ထိုင်းတောင်ပိုင်း စူရတ်ဌာနီအခြေစိုက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ MPC က ဆိုသည်။

        MOEAF ၏ ထုတ်ပြန်ချက်အရ သေနတ်ဖြင့် ပစ်သတ်သွားသည့် အလုပ်သမားကို ရဲက မဖမ်းဆီး နိုင်သေးကြောင်းဆိုသည်။
“သတင်းဌာနနဲ့ တာဝန်ရှိသူတွေဟာ သတင်းအချက်အလက်တွေကို အမှန်အတိုင်းတင်ပြသင့်တယ်။ အဓိက က မြန်မာအလုပ်သမားကို သတ်ချင်တိုင်း သတ်လို့မရဘူး ဆိုတဲ့ နမူနာမျိုးဖြစ်အောင် ဥပဒေရဲ့အ ကာအကွယ်ကို ရရှိအောင်၊ မြန်မာသံရုံး၊ အလုပ်သမားဝန်ကြီးဌာန၊ MOEAF ရော အလုပ်သမားတင်ပို့တဲ့ Libra Life service Co,ltd  တို့က ၀ိုင်းလုပ်သင့်ပါတယ်။ အဲဒီအလုပ်ရုံမှာ လက်ရှိ ကျန်နေခဲ့တဲ့အလုပ် သမားတွေ စိုးရိမ်မှုမရှိအောင် နောက်နောင် ဒါမျိုးမဖြစ်အောင် လိုအပ်တာတွေကို ၀ိုင်းဝန်းကြံ ဆောင်ကြ ရမှာပါပဲ။” ဟု MAT အဖွဲ့ကအကြံပြုပြောဆိုသည်။

         ရွှေလုပ်သားအဖွဲ့၏ အသေးစိတ် စုံစမ်းမှုများအရ အလုပ်သမားများထံမှ အစိုးရသတ်မှတ်ထားသည့် ငွေထက်ပိုမိုကောက်ခံထားခြင်းများနှင့် စာချုပ်ပါစည်းကမ်းများချိုးဖေါက်ခံနေရမှုတို့ကို မဖေါ်ပြလိုတော့ပေ။