16 January 2013

၎လ ကြာ ပြုလုပ်မည့် တရားဝင်အလုပ်သမားမှတ်ပုံတင်



 MW
ဇန်န၀ါရီ ၁၆
ယနေ့ပြုလုပ်ခဲ့သော ထိုင်းအစိုးရအဖွဲ့အစည်းအဝေးမှ ထိုင်းနိုင်ငံရှိ တရားမ၀င်နေထိုင်လျက်ရှိသောရွှေ့ပြောင်းအလုပ်သမားများနှင့်၎င်းတို့၏(၁၅) နှစ်အောက်ကလေးများအား (၁၂၀) ရက်တာအတွင်း အထူးနေထိုင်ခွင့်ပြုပြီး ဆက်လက်၍တရားဝင်နေထိုင်နိုင်ရန်အစီအစဉ်ကို မိတ်ဆွေတို့ဖတ်ရှုလေ့လာပြီးပြန်လည်ဝေငှနိုင်ရန်ပေးပို့အပ်ပါသည်။ အချိန်တိုအတွင်းအမြန်ဘာသာပြန်ရသဖြင့် အမှားအယွင်းလိုအပ်ချက်များရှိပါက အနူးအညွန့်တောင်းပန်ပါသည်။ ဆက်လက်၍ လုပ်ငန်းစဉ်အသေးစိတ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကြော်ညာစာထုတ်ပြန်မည်ဖြစ်သဖြင့် ၄င်းစာများရရှိလာပါလည်းဆက်လက်ဝေငှသွားမည်။

13 January 2013

“ ပြုလုပ်ဆဲ အလုပ်သမား ပတ်စပို့လုပ်ငန်းစဉ် ဘန်ကောက်မှာဆွေးနွေး”



၂၀၁၃ ဇန်န၀ါရီ ၁၃
မြတ်ညို (အလွတ်သတင်းထောက်)
       မကြာမီ ပြုလုပ်ဆဲဖြစ်သော ရွှေ့ပြောင်းအလုပ် သမားများ အတွက် ယာယီပတ်စပို့ လုပ်ငန်းစဉ် အတွက် လိုအပ်သည့်အချက်အလက်များအား    နှီးနှော တိုင်ပင်သည့် အစည်းဝေး တစ်ခုအား
  Myanmar Migrant Bangkok (MMNB) ဘန်ကောက်အလုပ်သမားများကွန်ယက် အဖွဲ့ဝင်များ ယနေ့ကျင်းပခဲ့ကြသည်။
     ထိုင်းအင်ဂျီအို အဖွဲ့ အစည်းများ၏ အ ကြီးအကဲများက လုပ်ငန်းရှင် ရွှေ့ပြောင်းခွင့်မရှိသည့် လက်ရှိ
နယ်စပ်တွင်လုပ်ကိုင်ပေးနေသည့် MOU ပတ်စပို့ အဖြစ်လုပ်ပေး လိုကြောင်း တင်ပြသည်ကို မြန်မာအ
လုပ်သမားအဖွဲ့များက ကန့်ကွက်ခဲ့ကြသည်။ အလုပ်သမားများဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ မှ တာဝန်ခံ
ကိုဆန်းလွင် က “ခေတ်နောက်ပြန်ဆွဲတဲ့ ကိုလိုနီ ကျွန်ဘ၀ကို ပြန်ပို့ခံနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေရဲ့ နောင်ရေး က မတွေးဝံ့စရာ ရင်ဆိုင်နေရပါတယ်” ဟုပြောသည်။
     ပြုလုပ်ဆဲ ယာယီပတ်စပို့ မှာ အလုပ်ပြောင်းရွှေ့ခွင့်ရမည်/မရ မသေချာ သေးသော်လည်း ထိုင်းဝန်ကြီး
ချုပ် ယင်လတ် မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာသမ္မတကြီး ဦးသိန်းစိန် အား ကတိပြုခဲ့သည့်အတိုင်း
 တရားမ၀င်အလုပ်သမားများအား တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လုပ်ပေသည့် လုပ်ငန်း
စဉ်ဖြစ်ကြောင်း ထိုင်းအင်ဂျီအို အကြီးအကဲများကပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ရုံးတာဝန်ခံ ဦးစိုင်းအေး က “ ခုထိုင်းနိုင်ငံအတွင်းမှာ MOU
နဲ့ လာတဲ့အလုပ်သမားတွေ ရှိတယ်။ ထိုင်းမှာ အယင်ကတည်းကနေလို့ လုပ်ထားတဲ့ ထောရော၃၈/၁ နဲ့
လုပ်ထားတဲ့ ပတ်စပို့အနီတွေရှိတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ အလုပ်သမားတွေကို
ထောရော နဲ့ ပတ်စပို့ပဲလုပ်ပေးသင့်တယ်လို့ ကျနော်တင်ပြတယ်။ အလုပ်သမားတွေ ကိုင်ဆောင်နေ
တဲ့ ပတ်စပို့တွေ မှာ အတန်းအစားကွဲလွဲ နေတာကို ထိုင်းအင်ဂျီအိုက လူကြီးတွေ သေသေချာချာအဖြေ
မပေးနိုင်ဘူး။ ကျနော်တို့တော့ အားမရဘူး” ဟုပြောသည်။

ယနေ့ အစည်းဝေးပွဲတွင်   တက်ရောက်လာသည့် မြန်မာအလုပ်သမားအဖွဲ့ အစည်းများက လာမည့် ဖေဖေါ်
ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းဝေးပွဲတွင်တင်ပြနိုင်ရန် အချက် ၃ချက် တောင်းဆို
ခဲ့ကြသည်။
 အသစ်လုပ်လာမည့် ပတ်စပို့စာအုပ်တွင် အလုပ်ရှင်ပြောင်းရွှေခွင့် ရှိ/မရှိ မသေချာသေးသော်လည်း အသစ်လုပ်လာမည်မှာ သေချာသည်။သွေးစစ်ခ ၁နှစ်စာ၊ workpermit ၂နှစ်စာ နှင့်အရပ်ရပ် တရားဝင်ကုန်ကျငွေ မှာ ဘတ် ၇၀၀၀ ၀န်း ကျင်ကုန်ကျမည်ဖြစ်သော်လည်း
ပွဲစား ကုမ္ပဏီများ နှင့် လုပ်ကိုင်ဆောင်ရွက်မှု ကုန်ကျငွေများအား တွက်ချက်ကြရာ အနည်းဆုံး ဘတ်ငွေ ၁၀၀၀၀ ကျော်ခန့် ကုန်ကျနိုင်ကြောင်း သိရှိရသည်။
      MOU ပတ်စပို့မှာ အလုပ်ပြောင်းရွှေ့ မရခြင်း၊ ၀င်ရောက်လာသည့် လုပ်ငန်းရှင်မှ လွဲ၍ အခြား အလုပ်ရှင်ထံတွင်အလုပ်လုပ်ကိုင် ခွင့်မရှိခြင်း တို့ကြောင့် တရားဝင်လူကုန်ကူးမှုဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သမုတ်ထားကြသည်။ MOU ဖြင့်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ ပြဿနာတစ်ခုခု ဖြစ်ပေါ်ခဲ့ပါက နယ်စပ်ကို ပြန်လည် ပို့ဆောင်ရမည်ဟူသည့် အချက်မှာ ထိုင်းလုပ်ငန်းရှင်နှင့်မြန်မာ/ထိုင်း ပွဲစားကုမ္ပဏီများအား မြန်မာ အလုပ် သမားများအပေါ် အနိုင်ကျင့် ဗိုလ်ကျခွင့် တရားဝင် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း အလုပ်သမား အရေးေ ဆာင် ရွက်သူများက ထောက်ပြထားကြသည်။
    ယနေ့အစည်းဝေးတွင် (ထိုင်းအလုပ်သမားဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားကြီးကြပ်ရေးရုံး) မှ ၂၀၁၂
ခု ဖေဖေါ်ဝါရီလ နှင့် အောက်တိုဘာလ  ထုတ်ပြန်ချက်အား ကိုးကား၍  Migrant Working Group  (MW) မှဖြန့်ဝေသည့် စာရွက်အရ ထိုင်းနိုင်ငံတွင်မြန်မာအလုပ်သမား ဦးရေ ၇၁၄,၃၉၇ ရှိသည်။ ထိုအထဲတွင်
၈၈၀,၀၀၀ ဦး (သို့)မဟုတ် ၅၅ ရာခိုင်နုန်းမှာ တရားမ၀င် အလုပ်သမားများဖြစ်ကြောင်း ဖေါ်ပြထားသည်။

12 January 2013

“ချေး ငွေ ဘတ် တစ်ရာပြန်မဆပ်နိုင်၍ ဓါးနှင့်ထိုးသတ်”


                    
ကိုတီး(ထိုင်းဘာသာပြန်)
၂၀၁၃ ဇန်န၀ါရီလ  ၁၂
          ယနေ့နံနက်၂း၀၀ တွင်ထိုင်းနိုင်ငံတောင်ပိုင်း ဘန်ကောက်မြို့နှင့် ၈၉၀ကီလိုမီတာကွာ ဝေးသော  ဖူကက်မြို့ ထလန်ကျေုးရွာ အမှတ်()   ပါသောင်း ရပ်ကွက်ရှိ ကျောက်ကြိတ်စက်ရုံတွင် တခန်း တည်းနေ မြန်မာအလုပ်သမားမိတ်ဆွေအချင်းချင်း ဘတ်ငွေ တစ်ရာ အကြွေးတောင်းရာမှ အချင်းချင်း ဓါးထိုးသေဆုံးမှုဖြစ်ပွားခဲ့သည်။
        သက်ဆိုင်ရာတာဝန်ရှိများ နှင့် ကယ်ဆယ်ရေး များလာရာက်စစ်ဆေးသောအခါဓါးထိုးခံရသောအလောင်း မောင်နိုင်နိုင်အသက်၃၀ နှစ်ဓါတ်ပုံရိုက်ပြီး နောက် ရိုက်ထားသော  ဓါတ်ပုံကို ပြန်စစ်ဆေးကြည့် ရာတွင် အလောင်းကို ထုတ်သော ပိတ် အပြာရောင်တွင် နိုင်နိုင် ၏ မျက်နှာ နှင့် လက်နှစ်ဖက် ရင်ဘတ်ကို ကိုင်နေပုံ  ပေါ် နေသည်ကို ထင်ထင်ခြားခြား တွေ့မိ၍ အထိတ်တလန့် ဖြစ်ခဲ့သည်။
              သက်ဆိုင်ရာ တာဝန်ရှိ ရဲများက အတူနေသော နိုင်စိုး အသက် ၃၀   ၏လက်တွင် သွေးများပေနေ သည်ကို မသင်္ကာ၍  ထပ်မံ ဖမ်းဆီး ပြီး စစ်ဆေးမေးမြန်းရာ နိုင်စိုး ၏ ထွက်ဆိုချက်အရ ချေးထားသော ဘတ်ငွေ ၁၀၀ ပြန်တောင်းခဲ့ရာ နိုင်နိုင် က မရှိသေးပာု ပြောသောအခါ နိုင်စိုးမှ စိတ်တို မျက်နှာကို လက်သီးနှင့်ထိုးပြီး အနီးမှာရှိသော ဓါးဖြင့်လည်ပင်းကို ထိုးခဲ့သည် ပာု ထွက်ဆိုကြောင်းခေါင်စွတ်သတင်းစာ တွင် ရေးသားဖေါ်ပြထားသည်

11 January 2013

“သွားရည်ယိုနေကြသည့်မြန်မာအလုပ်သမားပတ်စပို့လုပ်ငန်းစတင်ပြန်တော့မည်”


၂၀၁၃ ဇန်န၀ါရီ ၁၁   မြတ်ညို (အလွတ်သတင်းထောက်)
မကြာမီအချိန်အတွင်း ထိုင်းမှာရှိနေတဲ့ တရားမ၀င်  မြန်မာအလုပ် သမားတွေကို တရားဝင်နိုင်ငံကူးလက်မှတ်ထုတ်ပေးတော့မယ်လို့ သတင်းထွက်နေတယ်။ထိုင်း အစိုးရက တရားဝင်ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးဘူး။ ထိုင်းကုမ္ပဏီတွေနဲ့  ထိုင်းအလုပ်သမားဝန်ကြီးဌာန တို့ လက်ဝါးရိုက် လုပ်ကြမလို သတင်းထွက်နေ တာကြောင့် မြန်မာပတ်စပို့ကုမ္ပဏီတွေ  နှာတိုနေကြသံကြားတယ်။ အတိအကျမဖြစ် ခင် ဒေါသထွက်နေကြတယ်ကြားတယ်။
ဘန်ကောက် အလုပ်သမားကွန်ယက် ကတော့ လာမယ့် ဇန်န၀ါရီလ ၁၃ရက်နေ့မှာ ဘန်ကောက်ကအင်ဂျီအိုတွေ၊အလုပ်သမားအဖွဲ့ တွေကို ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးအကြံပြုကြဖို့ဖိတ်ခေါ်ထားတယ်။ ထုံးစံအတိုင်း ထိုင်း အိပ်ဖေါင်းရေး အစီအစဉ် ကိုဆုံးဖြတ်ကြလိမ့်မယ်။

““ရာဘာစက်ရုံအလုပ်၂၀၀ ကျော် ယာယီသဘောတူညီချက်ရသဖြင့် အလုပ်ပြန်ဆင်း”






           
    မင်းဘခက်  ၂၀၁၃ ဇန်န၀ါအရီ ၁၁
      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ကီလို ၁၈တွင် ရှိသော VONBUNDIT  CO,LTD ရာဘာကုမ္ပဏီတွင်လုပ်အား ခ တိုးမြှင့်မပေးသဖြင့် အလုပ်သမား ၂၀၀ ခန့် က အလုပ်မဆင်းပဲ ၂ ရက်တိုင် တိုင် ဆန့်ကျင်နေ ခဲ့ကြရာမှ ယနေ့တွင်အလုပ် ရုံနှင့် ပြေလည်မှုရရှိ သွားသဖြင့် အလုပ်ပြန်ဆင်ကြပြီးဖြစ်ကြောင်းအလုပ်သမားများ ကပြောသည်။


“ မဟာချိုင်က “ပညာရွှေစင် အလင်းရောင်” ထိုင်းစာနှင့်အင်္ဂလိပ်စာ သင်တန်းကျောင်း”



 ကိုခိုင်ကြီး(မဟာချိုင်)
၂၀၁၃ ဇန်န၀ါရီ ၁၁
       မဟာချိုင်နယ်မြေ၊ ၀ပ်ပါချိုင်းလန်စီကျောင်းတိုက်တွင် ထိုင်းစာနှင့် အင်္ဂလိပ်စာ အခမဲ့သင်တန်းအားအောက်ပါ ပုဂ္ဂိုလ်များက ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။
            ကားအကြိုအပို့ခအတွက် တစ်လကို ဘတ်ငွေ ၁၀၀ စီပေးသွင်းရမည်ဖြစ်သည်။ အလုပ်လုပ်ရင်း ပညာသင်ကြားလို သည့် မြန်မာအလုပ်သမားများ ဆက်သွယ်ရန်ဖုန်းများမှာ
ဦးစောထူး=၀၈၅ ၃၈၅ ၂၂၃၃     ဦးနေအောင်=  ၀၈၇ ၇၆၆ ၈၅၇၄
ကိုညိုမှိုင်း= ၀၈၇ ၇၁၁ ၂၆၇၁  ကိုထွန်းထွန်းဝင်း= ၀၉၀ ၆၃၇ ၁၆၁၈
ကိုမျိုးမင်းလှိုင်= ၀၈၅ ၀၉၅ ၄၆၇၅   
ကျောင်းသားများအား ၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီလ ၆နေ့အထိ သာလက်ခံမည်ဖြစ်သည်။

ယခု ကျောင်းစဖွင့်စတွင် ကျောင်းသားပေါင်း တစ်ရာကျော်ရှိနေပြီးဖြစ်ကြောင်း သိရှိရသည်။

10 January 2013

“ဘန်ကောက်က ၆၅ နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးအောင်ပွဲနေ့”


                 
မင်းဘခက်၂၀၁၃ ဇန်န၀ါရီလ ၉
၆၅ ခုနှစ်မြောက်  မြန်မာ့လွတ်လပ်ရေးအောင်ပွဲနေ့ကို ယမန်နေ့ညနေကဘန်ကောက် မြို့ က ဟိုတယ်ကြီးတစ်ခုမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
     ဒီပွဲကို နိုင်ငံတကာ သံရုံးက တာဝန်ရှိ သူတွေ ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ ထိုင်းမြန်မာ ပတ်စပို့ပွဲစား ကုမ္ပဏီများ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန နဲ့ မြန်မာ အလုပ်သမားအရေးဆောင်ရွက်တဲ့ အင်ဂျီအိုအဖွဲ့တစ်ခု အပြင် အပြင်  အလုပ်သမား အရေးဆောင်ရွက်တဲ့ အဖွဲ့ အချို့လည်းတက်ရောက်ခွင့်ရတာ ကို မြင်ခဲ့ရတယ်။

မြန်မာ လှေလုပ်သားအချင်းချင်း ဓါးဖြင့်ထိုးသတ်၍ သေဆုံး



ကိုတီး (ထိုင်းဘာသာပြန်)၂၀၁၃ ဇန်န၀ါရီ ၁၀
            ဘန်ကောက်မြို့တောင်ဘက် ကီလို မီတာ၇၈၀အကွာတွင် ရှိသော နခိုစီဌာမရ မြို့ရှိငါးဖမ်းလှေဆိပ်တွင် မြန်မာလှေ လုပ်သား အချင်းချင်း ဘတ်ငွေ ၁၀၀ အငြင်းအခုံ ဖြစ် ရာမှထိုးဖြင့်ထိုးသတ်ကြသဖြင့် တစ်ဦးသေဆုံး သွားခဲ့သည်။
    ဇန်န၀ါရီလ ၆ ရက်နေ့ က အောင်ကိုလတ် ဆိုသူ လှေဆိပ်တွင် ဓါးထိုး ဒဏ်ရာဖြင့်   သေဆုံး ခဲ့မှုကြောင့် ထိုင်းရဲများ စုံစမ်းနေခဲ့ သည်။ ဇန်န၀ါရီလ ၈ ရက်နေ့ ကအလုပ် သမားများ နားနေသည့် တဲတစ်ဆောင် တွင် ၁၆ ချက်တိတိ ချုပ်ထားသည့် ဓါးဒဏ် ရာဖြင့် ထိုင်နေ သည့်အသက်၂၅ နှစ်အရွယ် နိုင်ဖြိုးဆို သူအားဖမ်းမိ ခဲ့ခြင်း ဖြစ်ေ ကြာင်း  ထိုင်းရတ် သတင်းစာတွင်ရေးသားထားသည်။ 


08 January 2013

“ပုဇွန်ကန် လူသတ်မှု တရားခံဟု ယူဆရသူ မြန်မာအမျိုးသားအား ဖမ်းမိ”


     ကိုတီး      ၂၀၁၃    ဇွန်န၀ါရီလ  ၈ ရက်
               ဘန်ကောက်မြို့မြောက်ဘက် ၇၅ကီလို မီတာအကွာတွင်ရှိသော ချာချင်စောင်မြို့ အမှတ် ၃ ရပ်ကွက် ဘန်ကရောက်ရွာရှိ ပုဇွန်ကန်ဘောင်တွင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၅ ရက်နေ့ညက မြန်မာအမျိုး သမီးတစ်ဦးအားပစ်သတ်ခဲ့သည်ဟုယူဆရသည့်    မြန်မာ အလုပ်သမားတစ်ဦးအား ယနေ့
ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း ခေါင်စွတ်နှင့် ထိုင်ရတ် သတင်းစာတွင် ရေးသားထားသည်။
                သေဆုံးသူမှာကရင်အမျိုးသမီးရီစုအသက်၂၀ နှစ်ဖြစ်ပြီး သူမ သည် အောက်လမ်း စုန်းဂါထာ
များကို မန်းမှုတ်၍ ကိုယ်ကို ကြမ်းခင်းနှင့် ကပ်အောင်လုပ်သည်ကို ကြောက်ရွံ့လာ၍ သူမ၏ လက်နှစ်ဘက် အား ကြိုးတုတ်၍ ရိုက်သတ်သော်လည်း မသေသဖြင့် သေနတ်ယူပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထွက်ဆိုသည်။ထို့နောက် သူငယ်ချင်းများ အလုပ်လုပ်နေသည့်  OverloadCi Carbon Co,ltd စက်ရုံရှိ