10 January 2013

မြန်မာ လှေလုပ်သားအချင်းချင်း ဓါးဖြင့်ထိုးသတ်၍ သေဆုံး



ကိုတီး (ထိုင်းဘာသာပြန်)၂၀၁၃ ဇန်န၀ါရီ ၁၀
            ဘန်ကောက်မြို့တောင်ဘက် ကီလို မီတာ၇၈၀အကွာတွင် ရှိသော နခိုစီဌာမရ မြို့ရှိငါးဖမ်းလှေဆိပ်တွင် မြန်မာလှေ လုပ်သား အချင်းချင်း ဘတ်ငွေ ၁၀၀ အငြင်းအခုံ ဖြစ် ရာမှထိုးဖြင့်ထိုးသတ်ကြသဖြင့် တစ်ဦးသေဆုံး သွားခဲ့သည်။
    ဇန်န၀ါရီလ ၆ ရက်နေ့ က အောင်ကိုလတ် ဆိုသူ လှေဆိပ်တွင် ဓါးထိုး ဒဏ်ရာဖြင့်   သေဆုံး ခဲ့မှုကြောင့် ထိုင်းရဲများ စုံစမ်းနေခဲ့ သည်။ ဇန်န၀ါရီလ ၈ ရက်နေ့ ကအလုပ် သမားများ နားနေသည့် တဲတစ်ဆောင် တွင် ၁၆ ချက်တိတိ ချုပ်ထားသည့် ဓါးဒဏ် ရာဖြင့် ထိုင်နေ သည့်အသက်၂၅ နှစ်အရွယ် နိုင်ဖြိုးဆို သူအားဖမ်းမိ ခဲ့ခြင်း ဖြစ်ေ ကြာင်း  ထိုင်းရတ် သတင်းစာတွင်ရေးသားထားသည်။ 


 
လူသတ်တရားခံဟု ယူဆရသူ နိုင်ဖြိုး က” အလောင်း ကစားဝိုင်းအပြန်လမ်းမှာ ဘတ်ငွေ ၁၀၀ အငြင်းအခုံ   ဖြစ်ကြတာကိုမကျေနပ်လို့ ထိုးသတ်လိုက်တာ။ အပြန် အလှန် ဓါးနဲ့ ထိုးကြလို့ ဒဏ်ရာရသွားတာ၊ ကျနော် တစ်ယောက်တည်းမဟုတ် ဘူး။  နေရောင်  ဆိုသူပါ ပါတယ်။ သူ လှေထွက်သွားတယ်”ဟု ထွက်ဆိုကြောင်း  သတင်းစာတွင် ရေးသားထားသည်။
         နေရောင် ဆိုသူ လိုက်ပါသွားသည့် လှေကို စုံစမ်းထားပြီးဖြစ်ကြောင်း၊ ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲ ပြောဆိုချက်အား ကိုးကား၍ ထိုင်းရတ်သတင်းစာတွင် ရေသားထားသည်။