11 January 2013

““ရာဘာစက်ရုံအလုပ်၂၀၀ ကျော် ယာယီသဘောတူညီချက်ရသဖြင့် အလုပ်ပြန်ဆင်း”






           
    မင်းဘခက်  ၂၀၁၃ ဇန်န၀ါအရီ ၁၁
      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ကီလို ၁၈တွင် ရှိသော VONBUNDIT  CO,LTD ရာဘာကုမ္ပဏီတွင်လုပ်အား ခ တိုးမြှင့်မပေးသဖြင့် အလုပ်သမား ၂၀၀ ခန့် က အလုပ်မဆင်းပဲ ၂ ရက်တိုင် တိုင် ဆန့်ကျင်နေ ခဲ့ကြရာမှ ယနေ့တွင်အလုပ် ရုံနှင့် ပြေလည်မှုရရှိ သွားသဖြင့် အလုပ်ပြန်ဆင်ကြပြီးဖြစ်ကြောင်းအလုပ်သမားများ ကပြောသည်။


 
      အလုပ်သမားကိုအောင်ချိုဝင်က “လုပ်အားခ   တွေ  တိုးမပေးဘူး။ ကျနော်တို့  အလုပ်မဆင်းပဲ နေတော့ အလုပ်ရုံ  ပိတ်ထားရတယ်။ ကျနော်တို့ ဒီနေ့ ဆန္ဒပြ မယ်လို့ စဉ်းစားထားတာ၊ အကူညီတွေရှာရင်းရှာရင်း ဘန်ကောက်  အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ဒါရိုက်တာ ဦးကျော်သောင်း နဲ့  အဆက်အသွယ်ရတယ်။ သူက ကျနော်တို့ ကို အကြံပေးတယ်။ ကျနော်တို့ တရားဝင် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ကျနော်တို့ မှန်ပေမယ့် လုပ်ရပ်မမှားဖို့   လုပ်နည်း လုပ်ဟန်ကို ကျနော်တို့ ကိုပြောပြတယ်။မန်နေဂျာနဲ့  ညှိနှိုင်းလို့ အဆင်ပြေ သွားပါ တယ်။ခုညဆိုင်းကျနော်တို့ ဆင်းနေပြီ၊ ကျေးဇူးတင်ပါတယ်”ဟု ၀မ်းမြောက်စွာ   ပြော ဆိုသည်။
MATအဖွဲ့ ကဦးကျော်သောင်းက“ကျနော်တို့ တော် လို့ အဆင်ပြေသွားတာမ ဟုတ်ပါ ဘူး။ အလုပ်သမားတွေ ကံကောင်းသွားတာပါ။   ကျနော်တို့ ဖုန်းနဲ့ ဝင်ပြောလိုက် တာနဲ့ ခုလို အဆင်ပြေသွားတာတွေရှိသလိုအလုပ်သမားဝန်ကြီး နဲ့ တည့်တည့်ရှင်း တာတောင်မအောင်မြင်ခဲ့တာတွေ ရှိပါတယ်။အဓိကကတော့တရားဝင်အလုပ် သမားတွေ အတွက်ဘန်ကောက် အခြေစိုက်  မြန်မာ သံရုံး က ထိထိရောက်ရောက် လုပ်လာဖို့ လိုအပ်နေ ပါသေးတယ်။အစိုးရကိုယ်တိုင် ကိစ္စရပ်တွေကို နိုင်နိုင် နင်းနင်း ကိုင်တွယ် ဖြေရှင်းမှ ကျင်းမှာပါ” ဟု အကြံပြုပြောဆိုသည်။