08 December 2014

မည်သည့်ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိဟု လိပ်ကျွန်း လူသတ်မှုစွပ်စွဲခံ မြန်မာ ၂ ဦး ငြင်းဆို


 ခင်ဦးသာ| December 8, 2014


ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂ ဦးက ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၇ ခု နှင့် ပတ် သက်ပြီး ကျူးလွန်ခြင်း မရှိဟု ငြင်းဆိုလိုက်ကြောင်း သိရသည်။

လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ကော့စမွေ ခရိုင် တရားရုံး၌ ပုဒ်မ ၇ ခုဖြင့် ယနေ့ တရားစွဲဆိုလိုက်ပြီး ထိုပုဒ်မများအား ကျူးလွန်ခြင်း ရှိမရှိ တရားသူကြီးက မေးမြန်းရာ ၎င်းတို့ အနေဖြင့် မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ခြင်း မရှိဟု ထွက်ဆိုကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီကို ပြောသည်။

ဦးအောင်မျိုးသန့်က“စွဲဆိုလိုက်တဲ့ ပုဒ်မ ၇ ခု ကို တရားသူကြီးက ဖတ်ပြတယ်၊ ပြီးရင် ဒီပုဒ်မ ၇ ခုကို ကျူးလွန် သလား၊ မကျူးလွန် ဘူးလား ဆိုပြီး တရားသူကြီးက မေးတယ်၊ အမှန်ကို အမှန်အတိုင်း ၀န်ခံရင် ပြစ်ဒဏ် သက်သာခွင့်ရမယ် ဆိုပြီးတော့ မေးတယ်၊ အဲဒီတော့ သူတို့ ဘာကိုမှ မကျူးလွန်ဘူးလို့ ကလေးတွေက ပြန်ဖြေတယ်”ဟု ပြောပြသည်။


ကော့တောင်(လိပ်ကျွန်)အမှုဖြစ်စဉ်နှင့်ပက်သက်၍ ကြော်ငြာချက်



ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့ကို ထိုင်းအစိုးရက ပုဒ်မခုနှစ်ခုဖြင့် စွဲချက် တင် သည်။နောက်ထပ်ရုံးချိန်ကို ဖေဖော်ဝါရလ 25ရက် 2015 နေ့သို့ ရုံးချိန် သက်မှတ်သည်။

ထိုင်းရှေ့နေများကောင်စီမှ အကြံပြုသည်မှာ ယခုအမှုသည်ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်နှင့်
 မြန်မာတိုင်းရင်းသားအားလုံးတို့၏ ဂုဏ်သိက္ခာအသက်ြ ဖစ်နေပါသဖြင့်ပြည်ထောင်စုသမ္မတ
မြန်မာအစိုးရအနေဖြင့် အထူးပူးပေါင်းဆောင်ရွက်ရမည့် အမှုဖြစ်သည်။


07 December 2014

*ဗြိတိန်မိသားစုမှ လူသတ်သမားသည် မြန်မာနိုင်ငံသားဖြစ်နိုင်ကြောင်း ယုံကြည်သည်ပာု ပြော*



ဘာသာပြန်-ကိုတီး

နိုင်ငံကြီးသားအပျို မလေး နှင့် လူပျို ၂ ယောက်ကို စူရတ်ဌာနီမြို့ရှိလိပ်ကျွန်းတွင် အသတ်ခံရ သည့်နောက် ပိုင်းလိပ်ကျွန်း၏ လူသတ်မှု့သည် မြန်မာနိုင်ငံ သားဖြစ်နိုင်ကြောင်း ရရှိထားသောအချက်လက်များအရ တရားရုံးရှေ့နေ သည် ထိုင်းရဲများ၏ အရည်အချင်းကို ယုံကြည်ပါကြောင်း အရင်က တရားရုံးတွင် အရင်မှ ထွက်ဆိုချက်သည် ဗြောင်းဗြန်ဖြစ်ခဲ့သော်လည်း ပတ်ဝန်းကျင်၏ ပုတ်ခတ်မှု့အမျိုးမျိုးကြောင့် ယုံကြည်မှု့ နည်းပါးခဲ့သည် ယနေ့မှာ ဗြိတိန်နိုင်ငံမှ စစ်ဆေးရေးအဖွဲ့သည် သတ်သောသူကို တကယ်ဖမ်းမိနိုင် လိမ့်မည်ပာု၏ ယုံကြည်သည်ပာုဆိုသည်။



ခိုထောင်းကျွန်းအမှု မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာသံအမတ်ကြီး ပြောကြား

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ အင်္ဂလန်မှာရှိတဲ့ မိသားစုတွေက လက်ရှိဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်၂ ဦး ပြစ်မှုကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေ တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ချိန်မှာဘဲ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ် ကြီး ကလည်း ဒီအမှုနဲ့ပတ်သက်လို့ မိမိတို့ဘက်က မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်မောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

06 December 2014

ဒီဇင်ဘာ၆ရက်နေ့ဘီဘီစီညပိုင်းအစီစဉ်


မြန်မာ ၂ ဦး လူသတ်မှု ကျူးလွန်ကြောင်း သက်သေ ထင်ရှားလို့ ဗြိတိန်မိသားစုပြောဆို

ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ မိသားစုတွေကအဲ့ဒီပြစ်မှုကို လက်ရှိဖမ်းဆီး ထားတဲ့  မြန်မာနိုင်ငံသား ၂ ဦးကကျူးလွန်ခဲ့ကြောင်း အထောက် အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြော ကြားလိုက်ပါတယ်။

ဒီအမှုအတွက် စကော့တလန်ယဒ်ခေါ် ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံကို သွားရောက်စုံစမ်းခဲ့ပြီးနောက် မိသားစုတွေကို သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေ ပေးအပ်ခဲ့ပါတယ်။


05 December 2014

လိပ်ကျွန်း အပန်းဖြေစခန်းဖြစ်ရပ်မှ စဉ်းစားစရာ အတွေးစများ

ရေခံမြေခံ၊ ကျွန်းနောက်ခံ
ထိုင်းနိုင်ငံ၊ ကော့တောင်းကျွန်း အပန်းဖြေစခန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက် သည့် သတင်းသည် ယနေ့လူမှုကွန်ရက်တွင် ထင်ရှားသည့် သတင်းဖြစ်သကဲ့သို့ နိုင်ငံတကာတွင်လည်း စိတ်ဝင်စားစရာ ကောင်းသည့် သတင်းဖြစ်လာခဲ့သည်။ ထိုဖြစ်ရပ်အပေါ်အခြေခံ၍ ကျွန်းနောက်ခံ သမိုင်း ကို လေ့လာ ကြည့်သည့်အခါ ဆက်စပ် စဉ်းစားစရာများ အများအပြား တွေ့လာရသည်။ ကော့တောင်း အပန်းဖြေကျွန်းကို မြန်မာလိုပြန်ရလျှင် လိပ်ကျွန်းဟု အဓိပ္ပာယ်ရပြီး ၁၈၀၀ ပြည့်များ ကာလက မလေး လူမျိုးများ တံငါလုပ်ငန်းဖြင့် အသက်မွေးရာ နေရာဖြစ်ခဲ့သည်။ ၁၈၉၀ ခုနှစ်တွင် ထိုင်းဘုရင် ချူလာလောင်ကောင်း လာရောက်ခဲ့ပြီး နောက်ပိုင်း ထိုင်းလူမျိုးများ အခြေချနေထိုင် လာခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် တစ်ကျွန်းကျ အပြစ်ပေးခံရသူများကို ထားရှိရာ နေရာအဖြစ် အသုံးပြုခဲ့သည့်ကျွန်း ဖြစ်ခဲ့သည်။ ၁၉၄၇ နောက်ပိုင်းတွင် တစ်ကျွန်းကျသူများအား ကျွန်းတွင်ထားရှိ အပြစ်ပေးခြင်းမျိုး မပြုတော့သည့်နောက် ပိုင်းတွင် တစ်ကျွန်းမှ လွတ်မြောက်လာသူတို့ ထိုကျွန်းမှာပင် နေထိုင်ရာမှ ကျွန်းရွာကြီးအဖြစ် ပေါ်ပေါက် လာခဲ့သည်။ ၁၉၆၀ ခုနှစ် နောက်ပိုင်း ဗီယက်နမ် စစ်ပွဲအပြီးတွင် အမေရိကန် နိုင်ငံသားများ အပန်းဖြေရာ နေရာအဖြစ် အသုံးပြုခဲ့ရာမှ ၁၉၉၀ နောက်ပိုင်းတွင် ထင်ရှားသည့် အပန်းဖြေ ကျွန်းစုတွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။


ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်း RFA မြန်မာပိုင်း သတင်းများ

၁၊ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အမြင်မတူသူတွေကို တိုက်ခိုက်ပြောဆိုမှုတွေရှိနေကြောင်း သမ္မတရုံး သတင်းထုတ်ပြန်

၂၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံမည်

၃၊ ခိုထောင်းကျွန်းလူသတ်မှု ဖမ်းဆီးခံရတဲ့ မြန်မာနှစ်ဦးကို ပုဒ်မ ၇ ခုနဲ့ တရားစွဲ


04 December 2014

ရှေ့နေ ဦးအောင်မျိုးသန့်နဲ့ အင်တာဗျူး

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက်ကို တရားလို ရှေ့နေတွေက ပုဒ်မ ၇ ခုနဲ့ တရားရုံးမှာ အမှုတင်ခဲ့ပါတယ်။ ဘာအမှုတွေနဲ့ တင်တာလဲ ဆိုတာ အပါအဝင် ဒီကနေ့ အမှုတင်တဲ့ အကြောင်း မြန်မာ အလုပ်သမား တွေ အတွက် ဥပဒေကြောင်း အရ ကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကို မေးကြည့်ထားပါတယ်။

လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံ မြန်မာ ၂ ဦးအမှု ယနေ့ ရုံးတင်


ခင်ဦးသာ| December 4, 2014 |


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၂ ဦး၏ အမှုတွဲကို ယနေ့ ကော့စမွေ ခရိုင် တရားရုံးသို့ တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့ကို တရားစွဲဆိုမည့် အမှုတွဲပါ ပြစ်မှုများတွင် လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း လုယက်မှု၊ အမှန်တရား ထိန်ချန်မှု၊ ပစ္စည်းခိုးယူမှု၊ ထိုင်းနိုင်ငံ အတွင်း တရား မ၀င် လာရောက်မှု၊ တရားမ၀င်နေထိုင်မှု စသည့် ပြစ်မှု ၇ ခုပါဝင်ကြောင်း မြန်မာသံရုံး အထူး ကိုယ်စားလှယ် အဖွဲ့ က ပြောပြသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ အမှုတွဲအား ကော့စမွေ ခရိုင် တရားရုံးမှ တရားသူကြီး က လက်ခံ ထား လိုက်ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်တွင် ရုံးထုတ် ကြားနာမည် ဖြစ်ကြောင်း၊ ထိုအမှုအား လိုက်ပါ ကူညီပေးနေသည့် ထိုင်း ရှေ့နေများ ကောင်စီ အဖွဲ့မှ ရှေ့နေ မစ္စ အမ်ဖွန် ဆုမန်သုမ် က ဧရာဝတီ ကို ပြောသည်။