07 December 2014

ခိုထောင်းကျွန်းအမှု မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာသံအမတ်ကြီး ပြောကြား

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ အင်္ဂလန်မှာရှိတဲ့ မိသားစုတွေက လက်ရှိဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်၂ ဦး ပြစ်မှုကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေ တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ချိန်မှာဘဲ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ် ကြီး ကလည်း ဒီအမှုနဲ့ပတ်သက်လို့ မိမိတို့ဘက်က မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်မောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။