31 January 2015
"အပြစ်မပြော အဖြစ်ပြောသည်"
           အလုပ်သမားကိစ္စရပ်တွေ၊ MOU လူလိမ်ပွဲစားကုမ္ပဏီအကြောင်းတွေသတင်းမီဒီယာတွေမှာလည်းအတော် ပြောဖြစ် ပါတယ်။ ပြည်တွင်းထုတ် မြန်မာပို့စ်ဂျာနယ်နဲ့ မြန်မာပို့စ် ဂလိုဘယ်လ်စာစောင်တို့မှာ၂၀၁၄ နှစ်အတွင်း ဆောင်းပါး ၂၅ပုဒ်ထက် မနည်းရေးဖြစ်ခဲ့ပါတယ်။ ရွှေလုပ်သားဝက်ဘ် ဆိုဒ်မှာလည်း အလျဉ်းသင့်သလို ၀င်ရေးလေ့ရှိပါတယ်။ ဝေါဟာရတွေ ဆင်တူယိုး မှား အကြောင်းအရာတွေဖြစ်တာကြောင့် စာဖတ်သူကို အားနာမိပါ တယ်။ မြန်မာအလုပ်သမားအာဏာပိုင် တွေဘက် က ကျနော်တို့ တင်ပြတဲ့အချက်အလက်တွေနဲ့ အလုပ်သမားအသံတွေကို လုံးဝနားမထောင်တာကြောင့် ထိုင်းကို ရောက်နေတဲ့ အလုပ် သမားတွေ  တနေ့တခြား ပိုမိုအခက်အခဲကြုံလာတယ်။ အလုပ်သမားတွေ နေ့တိုင်းနေ့တိုင်း အချိန်တိုင်းမှာ ကျနော်တို့ကိုသူတို့ရဲ့အခက် အခဲတွေ ကိုတင်ပြလာကြတယ်။
                                                         “ပကာစာခွန်းရာဇ၀င်”
           ထိုင်းနိုင်ငံမှာ ကမ္ဘောဒီယား၊ လာအို၊ မြန်မာစတဲ့ နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေ တဲ့ ရွှေ့ပြောင်း အလုပ်သ မားပေါင်း ငါးသန်းလောက်ရှိပါတယ်။ ဒီအထဲမှာ ၈၅ရာခိုင်နုန်းက မြန်မာတွေဖြစ် တယ်လို့ထိုင်းအလုပ်သမား သမဂ္ဂတို့ရဲ့ စါရင်း ဇယားအရသိရတယ်။ ထိုင်းနိုင်ငံဟာ ပြည်ပကလာရောက် အလုပ် လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်း အလုပ် သမားတွေရဲ့ လုပ်အား အပေါ်မှာ မှီတည်နေတာ နှစ်ပေါင်း ၂၀ကျော်လောက် ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလောက် ပမာဏ များပြားတဲ့ နိုင်ငံခြားသား အလုပ်သမား
တွေဆီကနေ ဘယ်လိုခေါင်းပုံဖြတ်မလဲဆိုတဲ့ အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်လာခဲ့ပါတယ်။ ထိုင်းအင်ဂျီ အိုတွေဟာ ထိုင်းစကားတတ်တဲ့ မြန်မာအင်ဂျီအိုဝန်ထမ်းတွေကို လစာ ကောင်းကောင်း ပေးပြီး နည်းမျိုးစုံနဲ့ စည်းရုံးပြီးတော့ ပကာစာခွန်း (အသက်အာမခံ) ကို ၂၀၀၉ ကတည်းကစပြီး သေသေချာချာ အကောင်အထည် ဖေါ်ခဲ့ပါတယ်။ ၀င်ငွေရဲ့ ငါးရာ ခိုင်နုန်းကိုဖြတ်တောက်ပါတယ်။
        အလွန်အမြတ်အစွန်းများတဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်။ ပကာစာခွန်းဖိုးဆိုပြီး သန်းပေါင်းများစွာသော
 ရွှေ့ပြောင်းအလုပ် သမားတွေဆီက ဖြတ်တောက်ပေမယ့်။ လူဘယ်နှစ်ယောက်သေမလဲ။ လူဘယ်နှစ်
ယောက် ထိခိုက်ဒဏ်ရာရမလဲ။ သေသည် ထားအုံး ကိုယ်လက်အင်္ဂါချွတ်ယွင်းတယ်ထား အုံး ဘယ်နှစ်
ယောက် လောက်ကိုကော အမှန်အကန်ပေးတာ ရှိလို့လဲ။ ဖြတ်တုန်း ကလွယ်ကူပေမယ့် ထုတ်ယူတဲ့ အခါလွယ်လွယ်ကူကူရရှိနိုင်ရဲ့လား။
                            “သည်ယုံမြင်လို့ သည်ခြုံကိုထွင်ကြပြီ”
          သန်းပေါင်းများစွာသော အလုပ်သမားတွေရဲ့အင်အားစု၊ လာဘ်စား, ရန်မလိုတဲ့ နှစ်နိုင်ငံအလုပ် သမား အာဏာပိုင်တွေ အပြင် မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိတွေနဲ့ပေါင်းပြီး ချမ်းသာနေကြတဲ့ ပွဲစား တချို့ဟာ ထိုင်းပွဲစားတွေနဲ့ပေါင်းပြီး ၂၀၁၄ ခု ဒီဇင်ဘာလကတည်းက လက်ရဲဇက်ရဲ့နဲ့ ရှေ့ကို ခြေ တစ်လှမ်း စလာခဲ့ပြီဖြစ်တယ်။  ထိုင်းကိုလာကြ မယ့် MOU အလုပ်သမား တစ်ယောက်ကို ဘတ် ငွေ ၅၀၀စီ အာမခံကြေး သွင်းရမယ်ဆိုပြီး အလုပ်သမားဝန်ကြီးဌာနဖိအား အေဂျင်စီများ တွန်းအားနဲ့ အလုပ်သမားတွေ ကို ကောက်ခံနေပြီဖြစ်တယ်။ အလုပ်သမားလူတန်းစားဟာ အလုပ်သမား အာဏာပိုင်နဲ့ ပွဲစားတွေ ခေါင်း ပုံဖြတ်ချင်တိုင်းဖြတ် ခံနေကြရတဲ့ လူတန်းစားပါလားဆိုတာ လက်တွေ့ပဲ။  
..
          ဒါအပြင် ရန်ကုန်မြို့ မြောက်ဒဂုံ ပင်လုံခန်းမမှာ အလုပ်သမားတွေ စာချုပ်ချုပ်ဆိုတဲ့အခါ ထိုင်းနိုင်ငံ သုံး ဆင်းမ်ကဒ်တွေကို တစ်ကဒ်ကို ဘတ်တစ်ရာနုန်း(ကျပ်ငွေ ၃,၀၀၀) နဲ့ မယူမနေရရောင်းနေသလို ၊ မြ၀တီ ကျောက်လုံးကြီးစခန်းမှာ လည်း အလားတူပဲ ဘတ်၁၀၀ နဲ့မ၀ယ်မနေရလုပ်နေ ပြန်ပါတယ်။ အဲဒီကဒ်တွေက သုံးလို့လည်းမရဘူးလို့ပြောကြပါတယ်။ ဒီနေရာတွေ   မှာရောင်းတဲ့ ဆင်းမ်ကဒ်တွေဟာ အလိုလိုနေရင်းပိတ်ဆံဖြတ်တတ်ပါတယ်။ အဲဒီဖြတ်တဲ့ပိုက်ဆံတွေကို ဖုန်းဆင်းမ်ကဒ်ရောင်း တဲ့ ကုမ္ပဏီက ကိုယ်စားလှယ်လုပ်သူကို လကုန်တာနဲ့ ပေးပါတယ်။  အလုပ်သမားတွေဆီက အလကားဖြတ်ယူတဲ့ စနစ်မို့လို အလွန်နစ်နာပါတယ်။ ဆောင်းပါးရေးပြီးတင်ပြခဲ့ပြီးဖြစ်ပါတယ်။
                                         “မြိုးမြိုးမြက်မြက် ကြွတ်ကြွတ်ဝါး”
.
     ၂၅၊ ၉၊ ၂၀၁၅ နေ့ကနေစပြီးတော့ မြန်မာအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတစ် ယောက်ဆီ ကနေ ဘတ်ငွေ ၁,၀၀၀ စီကောက်ခံ နေပါတယ်။ အဲဒီဘတ်ငွေ ၁,၀၀၀ ကို (ထိုင်းမှာဘာမှ အသုံးမ၀င် တဲ့လေဘာကဒ် တစ်ခုထုတ်ပေးရုံနဲ့ မြန်မာ အလုပ်သမားဝန်ကြီး ဌာနက ဘတ်ငွေ ၇၀၀ အပြည့် ယူပါတယ်။ ဂိုဒေါင်းခ ၁၂၀ဘတ်+မြန်မာ ၀န်ထမ်း၎ဦးအတွက် ထမင်းဖိုး ၄၀ ဘတ်+ နဲ့ ၁၀၀ ကတော့ ဘာအတွက်ဆိုတာ ပြောဖို့ခက်ပါတယ်) ဘတ်ငွေ ၇၀၀ (ကျပ်ငွေနှစ်သောင်းကျော် ) ဖြတ်ထား တဲ့ မြန်မာအလုပ် သမားဝန်ကြီးဌာန  ထိုင်းရောက် အလုပ်သမားတွေအတွက် ဘာ တစ်ခုခုလုပ်ပေးတာရှိပြီလဲ။ ဒီငွေတွေက ဘာလုပ်ဖို့ ကောက်ထားတာလဲ။ မြန်မာအလုပ် သမား
တွေကို ဒီနေ့အထိ တစ်ခွန်းမှ ရှင်းပြတာမရှိသေးဘူး။
                                   “မြန်မာအလုပ်သမားတွေကိုအနိုင်ကျင်နေတာ”
          ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ မြန်မာအလုပ်သမားတွေကို ပြန်ပို့မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၃ ခုနှစ်မှာ အလုပ်သမား တစ်ယောက်ကို ဘတ်ငွေ တစ်ထောင်စီ ဖြတ်တောက်ခဲ့တယ်။ သန်းချီရှိတဲ့အလုပ် သမားတွေဆီက ဘီလီယံနဲ့ ချီတဲ့ငွေကို အလ ကားဖြတ်ထားတယ်။ ထိုင်းတောင်ပိုင်းစူရတ်ဌာနီက Von BunditCo,Ltd သစ်သားအလုပ်ရုံကအလုပ်သမားတစ်ရာ ကျော်ဆီကနေ အိမ်ပြန်စရိတ်ဆိုပြီး အနည်း ဆုံးဘတ်ငွေ ၃,၀၀၀ ကနေ ၅,၀၀၀ အထိဖြတ်ထားတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။ အိမ်ပြန်ဖို့ ၃လလောက်ကြိုပြောပေမယ့် တစ်ပြားမှ ထုတ်မပေးဘူးလို့သိရတယ်။
.
          မြန်မာအလုပ်သမားတွေဆီက ဘီလီယံနဲ့ချီတဲ့ ထိုင်းဘတ်ငွေတွေကိုထိုင်းအစိုးရအလုပ်သမားဝန် ကြီးဌာန က ပြန်တောင်း သင့်ပါတယ်။ ဒီလောက်များပြားတဲ့ငွေ အရင်းက ဘဏ်တိုးနဲ့ကို ထိုင်းရောက် အလုပ်သမားတွေအတွက် ကူညီစောင့်ရှောက်မှု လုပ်ငန်းကိုလုပ်ကိုင်နိုင်ပါတယ်။
.
            ကော့သောင်းဘက်ကို ၄နှစ်သက်တမ်းတိုးဖို့ သွားနေကြတဲ့ မြန်မာအလုပ်သမားတွေဆီကနေ လမ်းမှာစောင့်ကြပ်တဲ့ ထိုင်းစစ်တပ်နဲ့ ဘာမှ မကောက်ခံပေမယ့် မဲဆောက်ဘက်ကို ပတ်စပို့သွားဆက် ဖို့သွားကြတဲ့မြန်မာအလုပ်သမားတွေဆီက မဲဆောက်မြို့အ၀င် ဘယ်ဘက် တောင်ပေါ်အဆင်းဂိတ်မှာ ထိုင်းပုလိပ်တွေက ၀တ်ပါမစ်သေရင် ၂၀၀ဘတ်၊ သူဌေးနာမည်မသိ၊ ပွဲစားနဲ့လုပ်သူတွေကို၂၀၀ ဘတ်၊ ရက်၉၀ သေနေသူကို ၂၀၀ ကောက်စားနေတယ်။ ကဲ…. ကျနော်တို့ အလုပ်သမားတွေ ဘယ်သူ့ကို အားကိုးကြမလဲ။
            ထိုင်းအလုပ်သမားဝန်ကြီးဌာ၊ထိုင်းအာဏာပိုင်နဲ့ထိုင်းရဲတွေမတရားလုပ်တာကို မြန်မာအစိုးရကပြောရမယ်။
 မေးရမယ်။ ဖြေရှင်းသင့်ရင် ဖြေရှင်းရမယ်။ ခုဟာက မြန်မာအလုပ်သမားဝန်ကြီးဌာနက ပွဲစားတွေနဲ့ ပေါင်း တယ်။ ပွဲစားပြောတဲ့ဂွင်ကို ခွင့်ပြုတယ်။ ထိုင်းမှာအလုပ်လုပ်နေကြရတဲ့ ကျွန်းလူတန်းစားကိုသနားကောင်း ရမှန်း မသိဘူး။ ခေါင်းပုံဖြတ်ဖို့ လူတန်းစားအဖြစ်သာမြင်နေတယ်။
.
     မြန်မာအစိုးရတာဝန်ရှိသူတွေကိုသတင်းမီဒီယာတွေကမေးရင် ထိုင်းတို့ မလေးရှားတို့မှာ အလုပ်သမား သံအရာ ရှိထားပေး တယ်လို့ပြောတယ်။  မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဆိုသူရဲ့ဖုန်းကို ဆက်သွယ် ကြည့်ကြပါ။ သူတို့ဘာတွေ ကူညီပေးမလဲ ဆိုတာ သိရှိနိုင်ကြပါလိမ်မယ်။ သမ္မတကြီး ဦးသိန်းစိန်၂၀၁၃ ခုနှစ်က ထိုင်းကိုရောက်ခဲ့စဉ်က ပြည်ပမှာရှိတဲ့ မြန်မာတွေကိုလည်း ကာကွယ်စောင့် ရှောက်ပေးမယ် လို့ပြောခဲ့တာကိုတော့ အမြဲတမ်းသတိရမိတယ်ဗျာ။
                                     ကျော်သောင်း (ဘန်ကောက်)