17 September 2014

MOU အလုပ်သမား၁၀ဦးထံမှအပိုဖြတ်တောက်ထားငွေပြန်ရ”


၂၀၁၄ စက်တင်ဘာ ၁၇၊ မင်းဘခက်

ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ ထပ်ခမ်း ပန်းရံဆိုဒ်တွင်အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၁၀ဦးထံမှ အပိုဖြတ်တောက်ထားသည့်ငွေများအား MAT နှင့် ပူးပေါင်းဆောင်ရွက်သူများ ကူညီမှုဖြင့် ထိုင်းလုပ်ငန်း ရှင် က ယနေ့ညနေပိုင်းက ရှင်းပေးလိုက်ပြီဖြစ်သည်။

      SUCCESS FAMILY မြန်မာအေဂျင်စီတစ်ခုမှ တင်ပို့ထားသည့် အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ်ငွေလေးထောင်စီ အပိုဖြတ်တောက်ထားကြောင်း အလုပ်သမားများက သတင်းပို့ တင်ပြလာသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမျာအဖွဲ့MAT နှင့် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းFED တို့ညှိနှိုင်းတိုင်ပင်၍ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

15 September 2014

MOU အလုပ်သမားတစ်ရာကျော် နယ်စပ်သို့ပြန်ပို့ပြီ”


၂၀၁၄ ခု စက်တင်ဘာလ ၁၅
ခရမ်းသားလေး
       ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာတွင် ရှိသော မူစယ် အန်ဖေခေါင်ရွဲ၊ တန်ဘွန်စလဖန်၊ ဖစ်ဘူရီမြို့နယ် တွင်ရှိသော အလုပ်သမားတင်သွင်း သည့် မြန်မာအမျိုးသမီးတစ်ဦး ပိုင်SARISA INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီ တွင် အချိန်အတန်ကြာ အလုပ်အကိုင်မရပဲ အခက်ကြုံ နေရသည့်   မြန်မာအလုပ်သမားတစ်ရာကျော်တို့အား ယနေ့ တွင်နေရပ်သို့   ပြန်ပို့လိုက်ပြီးဖြစ် သည်။
 မြန်မာနိုင်ငံမှ စွမ်းတော်ဝင် ကုမ္ပဏီမှတင်သွင်းထားသည့် အလုပ် သမား၂၀၀ ဦးနှင့် နှင်းပန်းဝါ ကုမ္ပဏီမှ အလုပ်သမား ၂၄ဦးတို့ တစ်လနီးပါးကြာ အလုပ် မလုပ်ကြသေးပဲ အခက်အခဲဖြစ်နေခဲ့ရာ မှပြဿ နာတက်လာရခြင်းဖြစ်ပါသည်။
    အလုပ်သမားများ အလုပ်ရရှိရန်မသေချာသည့်အပြင် အခန်း ကျဉ်းတွင် ပြွတ်သိပ် အိပ်ရသည့် ဒုက္ခ၊ သောက်ရေချိုးရေ မသန့်ရှင်း သည့်ကိစ္စနှင့်အစားအစာမလုံလောက်ခြင်း အပြင် မဇာ၏ မြန်မာ ၀န်ထမ်း တစ်ဦးက အလုပ်သမားတစ်ယောက်အား ရိုက်နှက် ခဲ့ကြောင်းဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့သို့ ဆက်သွယ် သတင်းပေးပို့ အကူညီတောင်းခံခဲ့ သည်။


09 September 2014

အစ်မ မရှိစဉ် ခယ်အိုဖြစ်သူမှ ခယ်မအား သားမယားအဖြစ်ပြုကျင့်



၉၊၀၉၊၂၀၁၄နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ၅၆ ကီလိုကွားဝေးသော နခေါပုထုန် မြို့နယ်အပိုင် ဆမ်ဖလန်းရပ်ကွက်ရှိ ပလတ်စတစ်ရုံတွင် အလုပ် လုပ်နေသော အလုပ်သမငယ်လေးတစ်ဦးအား ခယ်အိုဖြစ်သူမှ အလိုမတူ သားမယား အဖြစ်ပြုကျင့်မှု တစ်ခုဖြစ်ပွားခဲ့ပါသည်။


အခင်းဖြစ်စဉ်မှာ  အသက် ၁၇ နှစ်အရွယ်ရှိ မဇာသည် ပလစ်စတစ်စက်ရုံတွင် ညပိုင်းအလုပ် လုပ်ကိုင်သူဖြစ်သောကြောင့် နေ့လည်တွင် အခန်းသို့ပြန်လည် အနားယူရာတွင် အခင်ဖြစ်ပွာသည့် နေ့လည် ၁နာရီအချိန်၌ ခယ်အိုဖြစ်သူ အလုပ်လုပ်နေသော သစ်စက်ရုံမှ အခန်းသို့ပြန်လာခဲ့ပြီး  အခန်း၌ အိပ်ပျော်နေသည့် ခယ်မ၏ ပါးစပ်ကိုအဝတ်ဖြင့်ပိတ်ကာ အဓမ္မပြုကျင့်ခဲ့ပါသည်။

08 September 2014

ခါးပိုက်နှိုက်သော ကမ်ပူးချားကို MAT နှင့် ဘန်ခွန်ထယန်း ရဲ မှဖမ်းဆီး

                                                           

၇။၀၉။၂၀၁၄ နေ့လည် ၃း၀၀ နာရီ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြိ့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံး နေထိုင်နေသည့် တလတ် ဘန်းဘော ဈေး ရှိ ရဲဂိတ်အနီးတွင် ခါးပိုက်နှိုက်သော ကမ်ပူးချား (ကမ္ဗောဒီယာ)နိုင်ငံသားတစ်ယောက်ကို MAT မှ ဖမ်း၍ မီးပွိုင့်ရှိ ရဲဂိတ်ကို ပို့ဆောင်ပေးလိုက်ပြီး ဘန်ခွန်းထရမ်းနယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်သွားကာ ခါးပိုက်အနှိုက်ခံရသော မြန်မာရွှေ့ပြောင်း အလုပ်သမား ကာယကံရှင်နှင့် MAT အဖွဲ့ ဝိုင်းဝန်း၍ အမှု့ဖွင့်ခဲ့သည်ပာုသိရသည်။

အခင်းဖြစ်စဉ် ကိုဝင်းထွေးနှင့် မနန္ဒာ ဇနီးဖြစ်သူမှာ ဈေးသွားဝယ်ပြီးနောက် ဆံပင်ညှပ် ဆိုင်သို့ရောက် ချိန်ဖုန်းကို စမ်းကြည့်ရာ ဖုန်းမရှိတော့ကြောင်း သိရသည် ထို့နောက် အလုပ်သမားရေးကို ဆောင်ရွက်နေ သူတစ်ဦးမှ MAT သို့ဖုန်းဆက်အကူညီတောင်းလာကာ ရရှိထားသော အချက်လက်များကို စုစည်းကာ ဓါတ်ပုံထဲတွင်ရရှိထားသော သူကို လိုက်ရှာပြီး နောက်မှခြေရာခံ လိုက်သွားရာ ချဉ်ပေါင်ရွက်ဝယ်နေသော မြန်မာ ဇနီးမောင်နှံ ၂ ယောက်ကို နိုက်နေသည်ကို တွေ့ရပြန်သည်

05 September 2014

အလုပ်ထုတ်ခံရသောအလုပ်သမားများအား သံအမတ်ကြီး၊ MATနှင့်FED တို့ကူညီ



  

၂၀၁၄ စက်တင်ဘာ ၅

ကိုတီ
          လျှပ်စစ်ဓါတ်အားလိုင်းသုံး ကြွေသီးအလုပ်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမား ၃၀ ကျော်အတွက် လုပ်အားနှင့်ဖြတ်တောက်ထားသည့် ဘတ်ငွေ လေးသိန်းကျော် အား  ပူးပေါင်း
ဆောင်ရွက်သူများကူညီမှုဖြင့် ယမန်နေ့က ရရှိသွားခဲ့ပြီးဖြစ်သည်။
ဘန်ကောက်မြို့နှင့်ကီလိုမီတာ ၁၄၂အကွာတွင်ရှိသော စင်ဘူလီမြို့ CPC လျှပ်စစ်မီးကြိုးကြွေသီးစက်ရုံ မှ အလုပ်သမ မအိသန္တာက MAT အဖွဲ့သို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့သည်။    
  
MAT အဖွဲ့က မြန်မာသံအမတ်ကြီးအားသတင်းပေးပို့ခြင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုး
ရေးဖေါင်ဒေးရှင်းနှင့်ညှိနှိုင်းခြင်းများပြုလုပ်ပြီး အလုပ်ရုံသို့ သွားရောက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။
 နောက်တစ်ရက်တွင်အလုပ်သမားအယောက်ပေါင်း(၈၀)ကျော်လုပ်အားခပေါင်းဘတ်(၅)သိန်းနီးပါးအလုပ်သမားများလက်ထဲသို့ထုတ်ပေးပြီးသွားပြီဖြစ်ကြောင်း။နောက်ကျန်သောတစ်ဝစ်စာနှင့်ဖြတ်တောက်ထားသောပတ်စပို့စ်ဖိုးဝပ်ပါမစ်ဖိုးကို၅ရက်နေ့တွင်ဆက်လက်ထုတ်ပေးသွားမည်ပာုပြောကြားသွားသည်ထိုစက်ရုံထဲတွင် မြန်မာအလုပ်သမားများ ကမ်ပူးချားဘတ်များရိုက်ကာ အလုပ်သွင်းပေးထားကြောင်း သိရှိရသည်။
 လက်ရှိ ကမ်ပူးချား နိုင်ငံသားအဖြစ် ဝပ်ပါမစ်လုပ်ပြီးအလုပ်ဝင်ထားသော အလုပ်သမားများသည်  ၁။မောင်ကျော်မင်းဦး     ဦးလှပေါ် မရန်းကုန်း သထုံမြို့၂။မောင်နေဝင်းအောင်  ဦးကျော်မြင့် မိုးနတ်  ဝေါမြို့၃။မောင်ဝင်းစိုး  ဦးဝင်းအောင်  မိုးနတ်  ဝေါမြို့၎။မောင်သူရလင်း  ဦမောင်တင်    မိုးနတ်   ဝေါမြို့၅။မောင်ရဲလင်းနိုင်   ဦးမြင့်  သာယာကုန်း လှည်းကူးမြို့
၆။မောင်ထွန်းထွန်းဝင်း     ဦးမြင့်အောင် အလှကျေးရွာ အပေါင်မြို့၇။မောင်နေလင်းအောင်     ဦးမြင့်အောင်   အလှကျေးရွာ အပေါင်မြို့နယ်တွင်နေထိုင်သူများဖြစ်ကြကြောင်းသိရှိရသည်။

25 August 2014

“အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ်အလုပ်သမငယ်တစ်ဦးအားကယ်ထုတ်”




၂၀၁၄ ခု သြဂုတ်လ ၂၅
ကိုတီး  
        
    ဘန်ကောက်မြို့အနီး နကပ ထုန်အရပ်တွင် ရှိသော မွေးမြူ
ရေးလုပ်ငန်းရှင် အိမ်တွင် အိမ်ဖေါ် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီးအား အဓမ္မပြုကျင့်ပြီး၊ အခန်းတွင်ပိတ်၍ ရိုက်နှက်ခံနေရသဖြင့် ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့သည်။

             အသက်၁၉ နှစ်အရွယ် မနန်းစံညွန့် သည် အဆိုပါ ထိုင်းလုပ်ငန်းရှင်ထံတွင် ၃လကြာ လုပ်အားခမရပဲ အိမ်ဖေါ် အလုပ်ကိုလုပ်နေခဲ့သည်။သူမအား အိမ်ရှင်းထိုင်းအကြိမ်ကြိမ် အဓမ္မပြုကျင့်သလို အလုပ်သွင်းပေးသည့် မြန်မာပွဲစားတစ်ဦး က သူမအား ကြိမ်ဖန်များစွာ ဓါးထောက်၍ အဓမ္မပြု ကျင့်ခဲ့သည် ဟုဆိုသည်။
ပြီးခဲ့သည့် ၂ရက်က သူမအား လုပ်ငန်းရှင်ကအဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့ရာ လူမှုရေးစိတ်ဓါတ်ရှိသည့် အလုပ်သမား တစ်ဦးကဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံခဲ့သည်။
      MAT အဖွဲ့ကလည်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED နှင့်အလျှင်အမြန်ညှိနှိုင်းပြီး ဒေသခံ  ရဲကားသုံးစီးဖြင့် ချက်ခြင်း သွားရောက်ခေါ်ထုတ်နိုင်ခဲ့သည်။ MAT ရုံးတွင် ၂ရက်တိုင်တိုင် ကျွေးမွေး စောင့်ရှောက်ထားပြီး ယနေ့နံ နက်တွင် အလုပ်သမားသံအရာရှိရုံးသို့ သွားရောက်အပ်နှံခဲ့ရာ ၎င်းကလမ်း စရိတ်ထောက်ပံ့၍ မဟာချိုင်မှ လူမှုကူညီသည့် အမျိုးသမီးတစ်ဦးထံသို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသည်။
“အိမ်ဖေါ်အလုပ်လုပ်ရတဲ့ အမျိုးသမီးငယ်တစ်ဦးအတွက် ဘ၀လုံ လုံခြုံမှုမရှိဘူး။ နားရက်လည်းမရှိဘူး။  အိမ်ရှင်ခိုင်းသလောက် လုပ်ရတယ်။  အိမ်ရှင်ရိုက်ရင်လည်းခံရတယ်။ အဖေရော သားပါ အကြိမ်ကြိမ် အဓမ္မပြုကျင့်လို့ ကိုယ်ဝန်ရှိလာတော့ ရွာပြန်ပို့ပြီး ကလေးမွေးရတဲ့သူတွေလည်း ထိုင်းမှာရှိခဲဖူးတယ်။ အိမ်ရှင်ပစ် သတ်လို့သေသွားတဲ့ အိမ်ဖေါ်မလေးတွေလည်းရှိပါတယ်။ ကျနော်တို့  က သိတာလောက်ပဲ ကူညီနိုင်တာပါ”ဟု ပြောသည်။
         MAT အဖွဲ့သည် FED နှင့်အတူ ၂၀၁၄ ခုနှစ်သြဂုတ်လ အထိလူကုန်ကူးမှုပေါင်း၂၇ကြိမ်နှိမ်နင်းခဲ့ရာတွင် မြန်မာအလုပ်
သမားပေါင်း ၁၁၈  ဦးအားကယ်ထုတ်နိုင်ခဲ့သည်။ တပြိုင်တည်းတွင် လူကုန်ကူးဂိုဏ်းသားပေါင်း ၁၀ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ MAT အဖွဲ့သည် ၂၀၁၁ခုနှစ်တွင် လူကုန်ကူး ခံခဲ့ရသူပေါင်း၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင်  ၂၉၂ ဦးနှင့် ၂၀၁၃  ခုနှစ် တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပါသည်။


“ထိုင်းအခြေစိုက် အလုပ်သမားအရေးကျွမ်းကျင်သူ၂ဦး သတင်းစာရှင်းလင်းပွဲပြုလုပ်မည်”



ဟောပြောမည့်သူများ…………
ပညာရေးပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ် (လူကုန်ကူးမှုနှင့်အခြားအခြေအနေ)..............
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း (MOU ဘာလဲ?...ဘယ်လဲ?)............
အစီအစဉ်…………….
နေ့ရက်။        ၂၀၁၄ ခု စက်တင်ဘာလ ၂ရက်နေ့၊
အချိန်။      ။ မွန်းလွဲ ၂နာရီမှ ၄နာရီအထိ၊
နေရာ။         ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်အနီး စင်ထရယ်ဟိုတယ် တွင်ကျင်ပမည်ဖြစ်ပါသည်။
သတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနပေါင်းစုံနှင့် မြန်မာအလုပ် သမားဝန်ကြီးဌာန၊ မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၊ အေဂျင်စီများ အဖွဲ့ချုပ်MOEAF နှင့်အေဂျင်စီများ၊ မြန်မာအလုပ်သမားအဖွဲ့အစည်း
များ၊ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူများအပြင် ILO,IOM,World Vision တို့ကိုပါ ဖိတ်ကြားမည်ဖြစ်ပါသည်။
နောက်ရက်တွင် အသေးစိတ် ထပ်မံကြေညာပါမည်။
                                                                                               ရွှေလုပ်သားအဖွဲ့