17 September 2014

MOU အလုပ်သမား၁၀ဦးထံမှအပိုဖြတ်တောက်ထားငွေပြန်ရ”


၂၀၁၄ စက်တင်ဘာ ၁၇၊ မင်းဘခက်

ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ ထပ်ခမ်း ပန်းရံဆိုဒ်တွင်အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၁၀ဦးထံမှ အပိုဖြတ်တောက်ထားသည့်ငွေများအား MAT နှင့် ပူးပေါင်းဆောင်ရွက်သူများ ကူညီမှုဖြင့် ထိုင်းလုပ်ငန်း ရှင် က ယနေ့ညနေပိုင်းက ရှင်းပေးလိုက်ပြီဖြစ်သည်။

      SUCCESS FAMILY မြန်မာအေဂျင်စီတစ်ခုမှ တင်ပို့ထားသည့် အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ်ငွေလေးထောင်စီ အပိုဖြတ်တောက်ထားကြောင်း အလုပ်သမားများက သတင်းပို့ တင်ပြလာသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမျာအဖွဲ့MAT နှင့် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းFED တို့ညှိနှိုင်းတိုင်ပင်၍ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။



          MATအဖွဲ့က  မြန်မာအလုပ်သမားသံအရာရှိ ဦးသိန်းနိုင် အား သတင်းပေးပို့၍ အလုပ်သမား များအား ခေါ်ယူကာ ဘန်ကောက်မြန်မာသံရုံးအနီးတွင် ရုံးခန်းဖွင့်လှစ်ထားသော အေဂျင်စီများအဖွဲ့ချုပ် ရုံးခန်းသို့ ခေါ်ယူဖြေရှင်းခဲ့ခြင်းဖြစ်သည်။


MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီးက “ ဒီနေ့ MOU အလုပ်သမား ကိစ္စ ၂ခုသွားဖြေရှင်းတယ်။ ပန်းရံ အလုပ် သမား၁၀ ယောက်တော့ အပိုဖြတ်ထားတဲ့ပိုက်ဆံရသွားပြီ။  larbr life အေဂျင်စီက တင်သွင်း ထားတဲ့ အယုဒ္ဒယ နယ်ဘက်က ကျောက်ပြားစက်ရုံက အလုပ်သမား၁၂ ဦး  လုပ်အားခမရမရတာ တစ်လကျော်ခဲ့ပြီဖြစ်တဲ့ ကိစ္စကတော့ နောက် ၃ရက် ဆို ရှင်းပေးမယ်လို့ ကုမ္ပဏီဒါရိုက်တာ ဒေါ်ပပ က ကတိပေးခဲ့တယ်။ MOU ဆိုတဲ့ အစိုးရချင်းတင်သွင်းတဲ့ ခေါင်းစဉ်အောက်က အလုပ်သမားတွေကိစ္စက ကျနော်တို့ ၀င်ပြောစရာမလိုအောင် ပြေလည်နေဖို့လိုပါတယ်။ ရိုးသားမှုမရှိတဲ့ အေဂျင်စီတွေ ကို အစိုးရက လိုင်စင်ပိတ်သိမ်းသင့်ပါတယ်”    အလုပ်သမားမျာက ကုမ္ပဏီဒါရိုက်တာများသို့ ဖုန်းဆက်၍ မရကြောင်း၊ ငွေမရှိတော့၍ ကစွန်းရွက်ပြုတ်စား၊ မသန့်ရှင်းတဲ့ အစားအစာတွေရှာဖွေ စားသောက်နေ ကြရလို့ ၀မ်းတွေလျှော့ ကြရကြောင်း၊ ခေါက်ဆွဲပြုတ် စားသောက်နေကြရကြောင်း MAT အဖွဲ့သို့ တင်ပြခဲ့ကြသည်။ အလုပ်သမားများ အေဂျင်စီများအဖွဲ့ရုံးသို့ လာနိုင်ရန်အတွက် MAT အဖွဲ့က ကားခ အကုန်အကျခံခဲ့ကြရ သည်ဟု ဦးခိုင်ကြီးက ဆိုသည်။