08 September 2014

ခါးပိုက်နှိုက်သော ကမ်ပူးချားကို MAT နှင့် ဘန်ခွန်ထယန်း ရဲ မှဖမ်းဆီး

                                                           

၇။၀၉။၂၀၁၄ နေ့လည် ၃း၀၀ နာရီ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြိ့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံး နေထိုင်နေသည့် တလတ် ဘန်းဘော ဈေး ရှိ ရဲဂိတ်အနီးတွင် ခါးပိုက်နှိုက်သော ကမ်ပူးချား (ကမ္ဗောဒီယာ)နိုင်ငံသားတစ်ယောက်ကို MAT မှ ဖမ်း၍ မီးပွိုင့်ရှိ ရဲဂိတ်ကို ပို့ဆောင်ပေးလိုက်ပြီး ဘန်ခွန်းထရမ်းနယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်သွားကာ ခါးပိုက်အနှိုက်ခံရသော မြန်မာရွှေ့ပြောင်း အလုပ်သမား ကာယကံရှင်နှင့် MAT အဖွဲ့ ဝိုင်းဝန်း၍ အမှု့ဖွင့်ခဲ့သည်ပာုသိရသည်။

အခင်းဖြစ်စဉ် ကိုဝင်းထွေးနှင့် မနန္ဒာ ဇနီးဖြစ်သူမှာ ဈေးသွားဝယ်ပြီးနောက် ဆံပင်ညှပ် ဆိုင်သို့ရောက် ချိန်ဖုန်းကို စမ်းကြည့်ရာ ဖုန်းမရှိတော့ကြောင်း သိရသည် ထို့နောက် အလုပ်သမားရေးကို ဆောင်ရွက်နေ သူတစ်ဦးမှ MAT သို့ဖုန်းဆက်အကူညီတောင်းလာကာ ရရှိထားသော အချက်လက်များကို စုစည်းကာ ဓါတ်ပုံထဲတွင်ရရှိထားသော သူကို လိုက်ရှာပြီး နောက်မှခြေရာခံ လိုက်သွားရာ ချဉ်ပေါင်ရွက်ဝယ်နေသော မြန်မာ ဇနီးမောင်နှံ ၂ ယောက်ကို နိုက်နေသည်ကို တွေ့ရပြန်သည်



ခါးပိုက်နိုက်သော သူသည် မနီလာထွေး၏ အိတ်ကို ဇစ်ဖွင့်ပြီးနိုက်ကာအသာလေးထွက်လာစဉ် MAT အဖွဲ့ မှ ဂုတ်ကိုဆွဲကာ နိုက်လာသော ပိုက်ဆံအိတ်ကို ကာယကံရှင် မနီလာထွေးကိုခေါ်ပေးပြီးနောက် ရဲလက်ထဲ အပ်ကာ ဆက်လက်အမှု့မှန်ကို ဖေါ်ထုတ်နိုင်ရန် အတွက် ရဲစခန်းသို့ လိုက်သွားပြီးအမှု့ဖွင့်သည် ပာုသိရ သည်။


အလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦးပြောပြချက်အရ ထိုခါးပိုက်နိုက်သည် အမြဲတမ်းလိုဈေးတွင်တွေ့ရသည် သူကိုတိုင်လဲတွေ့သည်မှာ ကြာခဲ့ပြီဖြစ်သည် ဤဈေးတွင် မြန်မာပြည်သားခါးပိုက်နှိုက် ခံရသည်မှာ ခဏခဏဖြစ်သည်ပာု ပြောပြချက်အရသိရသည်။