15 September 2014

MOU အလုပ်သမားတစ်ရာကျော် နယ်စပ်သို့ပြန်ပို့ပြီ”


၂၀၁၄ ခု စက်တင်ဘာလ ၁၅
ခရမ်းသားလေး
       ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာတွင် ရှိသော မူစယ် အန်ဖေခေါင်ရွဲ၊ တန်ဘွန်စလဖန်၊ ဖစ်ဘူရီမြို့နယ် တွင်ရှိသော အလုပ်သမားတင်သွင်း သည့် မြန်မာအမျိုးသမီးတစ်ဦး ပိုင်SARISA INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီ တွင် အချိန်အတန်ကြာ အလုပ်အကိုင်မရပဲ အခက်ကြုံ နေရသည့်   မြန်မာအလုပ်သမားတစ်ရာကျော်တို့အား ယနေ့ တွင်နေရပ်သို့   ပြန်ပို့လိုက်ပြီးဖြစ် သည်။
 မြန်မာနိုင်ငံမှ စွမ်းတော်ဝင် ကုမ္ပဏီမှတင်သွင်းထားသည့် အလုပ် သမား၂၀၀ ဦးနှင့် နှင်းပန်းဝါ ကုမ္ပဏီမှ အလုပ်သမား ၂၄ဦးတို့ တစ်လနီးပါးကြာ အလုပ် မလုပ်ကြသေးပဲ အခက်အခဲဖြစ်နေခဲ့ရာ မှပြဿ နာတက်လာရခြင်းဖြစ်ပါသည်။
    အလုပ်သမားများ အလုပ်ရရှိရန်မသေချာသည့်အပြင် အခန်း ကျဉ်းတွင် ပြွတ်သိပ် အိပ်ရသည့် ဒုက္ခ၊ သောက်ရေချိုးရေ မသန့်ရှင်း သည့်ကိစ္စနှင့်အစားအစာမလုံလောက်ခြင်း အပြင် မဇာ၏ မြန်မာ ၀န်ထမ်း တစ်ဦးက အလုပ်သမားတစ်ယောက်အား ရိုက်နှက် ခဲ့ကြောင်းဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့သို့ ဆက်သွယ် သတင်းပေးပို့ အကူညီတောင်းခံခဲ့ သည်။


စက်တင်ဘာ ၁၃ ရက်နေ့က မြန်မာနိုင်ငံမှ ရောက်ရှိနေသော အေဂျင်စီများအဖွဲ့ချုပ်မှ တာဝန်ရှိသူ၂ ဦးနှင့် ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် တို့သည် အထက်ဖေါ်ပြပါ အေဂျင်စီ နေအိမ်သို့ လာရောက်ခဲ့သည်။ အလုပ်သမားများ၏တင်ပြချက်အား အထက်ဖေါ်ပြပါ ပုဂ္ဂိုလ်များက တင်ပြခွင့် မပြုခြင်း ဖိအားများပေးခြင်းတို့အပြင် SARISA ကုမ္ပဏီပိုင်ရှင် ဖြစ်သူမဇာ၏ ခြိမ်းခြောက်မှုများ ကိုပါ ခံနေရ ကြောင်း MAT အဖွဲ့သို့ သတင်းပို့ခဲ့သည်။

  MAT အဖွဲ့ သည် မြန်မာအမျိုးသမီး မဇာ ပိုင်ဆိုင်သည့် SARISA ကုမ္ပဏီ နေအိမ်သို့ လိုက်ပါသွားသည့် အခါ အလုပ်သမားများ ရုပ်ရုပ်သဲသဲ ဖြစ်နေပြီးဖြစ်သည်။ ခြံအပြင်သစ်ပင်အနားတွင် စုဝေးနေကြသည့် အလုပ်သမားများက “မျိုးမချစ်တဲ့ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်.. အလိုမရှိ..အလိုမရှိ” ဟူ၍ လည်းကောင်း “အေဂျင်စီများအဖွဲ့ချုပ် ဦးကျော်ထင်ကျော် အလိုမရှိ…အလိုမရှိ” ဟူ၍ လည်းကောင်း ကြွေးကြော် ဆန္ဒပြကြ သည်။

     ခဏအကြာတွင် မဟာချိုင်မှပွဲစားမကြီးဒေါ်မာလီ ထွက်လာ၍   ဖြေရှင်းရန် ပြင်ဆင်သည်ကိုMATအဖွဲ့တာဝန်ခံများကMOEAF
 နှင့် အလုပ်သမားသံအရာရှိတို့ ထွက်လာ၍ ရှင်းပေးရန် အကြံပြုေ တာင်းဆိုခဲ့ကြ သည်။ ခဏအကြာတွင် SARISA ကုမ္ပဏီမှ ထိုင်းရဲ အရာရှိဟောင်း က MAT အဖွဲ့အား အတွင်းသို့ ၀င်ရောက် စကား   ပြောကြဖိတ်ခေါ်သဖြင့် MAT အဖွဲ့က ခြံအတွင်း သို့ ခြေ၃လှမ်းမျှ ၀င်ရောက်သွားသည့်အခါ၊ မဇာကတရားမ၀င် အဖျက်သမားများအား ရိုက်နှက်၊ဖမ်းဆီးကြရန် အော်ဟစ်လိုက်ရာ ရဲအရာရှိဟောင်း အပါအ၀င် SARISA ၀န်ထမ်းများကMAT အဖွဲ့ကို ဖမ်းချုပ်ရန်ကြိုး စားခဲ့သည်။
အတင်းရုန်း ကန်နိုင်ခဲ့ကြသဖြင့် MAT အဖွဲ့ ခြံအပြင် ကိုရောက်ရှိ ခဲ့သည်။ MATရုံးတာဝန်ခံ ဦးစိုင်းအေး အား ကုမ္ပဏီမှ ထိုင်းမိန်းမ လျှာ တစ်ဦးက အကြိတ် အနယ် ဖမ်းချုပ်ခဲ့သလို ရဲအရာရှိဟောင်း က MAT အဖွဲ့၏ အမှုလိုက် အရာရှိ ဦးဘခက်၏ လည်ပင်းမှ ကင်မရာကို အတင်းလုယူရန် အကြိမ်ကြိမ်ကြိုး စားခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုအနေအထားတို့အား ထိုင်းရဲ တပ်ဖွဲ့ဝင် များ စောင့်ကြည့်မှုအောက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ များမကြာမီ ထိုင်းရဲတပ်ဖွဲ့မြို့နယ်မှု၂ဦးနှင့် နယ်မြေခံ စစ်တပ်မှ   ရောက်ရှိလာခဲ့ပြီး အခြေအနေကို ထိန်းသိမ်းခဲ့သည်။
     အလုပ်သမားသံအရာရှိဦးသိန်းနိုင်သည် လမ်းပေါ်တွင်ရောက် ရှိနေသည့်ရာချီရှိသည့် အလုပ်သမားများအား ဥပက္ခာပြု၍ထွက် သွား ရန် ပြင်ဆင်သည်ကို MATအဖွဲ့ခေါင်းဆောင်တို့က ဖြေရှင်း   ပေးပြီးမှ ပြန်ရန် ခပ် ပြင်းပြင်း တောင်းဆိုခဲ့သဖြင့် ကားပေါ်မှ ဆင်းကာ MOEAF မှ တာဝန်ရှိသူ ၂ဦးတို့အား လွှဲအပ်ခဲ့သည်။ ထို့နောက် အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်အား MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က လက်ချင်း ယှက် ၍ သွေးဆူနေေ သာအလုပ်သမားအုပ်၏ အပြင်သို့ ရောက်ရှိအောင် ပို့ပေးခဲ့ ပါသည်။
        အလုပ်သမားများသည် အလုပ်မလုပ် လိုကြတော့သည့် အပြင် မဇာ၏ SARISA ကုမ္ပဏီ ခြံဝင်းထဲသို့ မ၀င်ရောက်လိုတော့ ပဲ အပြင်တွင် နေရန်ဆုံးဖြတ်ထားကြသည်။ MOEAF ၏ တာဝန် ယူဖြေ ရှင်းပေးမည်ဆိုသည်ကို လက်ခံ၍ ခြံထဲသို့ပြန်ဝင်ကြရန် MAT အဖွဲ့က ဖျောင်းဖြပြောဆိုနိုင်ခဲ့သည်။
   စွမ်းတော်ဝင်မှ တင်သွင်းထားသည့် အလုပ်သမားများအား SARISA ကုမ္ပဏီ ခြံဝင်းထဲသို့ ပြန်ဝင်ရန် လက်ခံခဲ့သော်လည်း   နှင်းပန်းဝါ ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမား ၂၂ ဦးအား   ပြန်ဝင်ရန် ခွင့်မပြုသဖြင့် MAT အဖွဲ့က စောင့်နေခဲ့ကြရသည်။
       ထို့စဉ် MAT တစ်ဖွဲ့လုံးအား မဇာ၏ SARISA ကုမ္ပဏီ အိမ် အတွင်း သို့ စစ်တပ်မှ ခေါ်သဖြင့် သွားရောက် ခဲ့ကြသည်။ MAT အဖွဲ့၏ အခြေအနေများ အား မြန်မာသံရုံး၊ ထိုင်းအစိုးရ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးအထူးရဲတပ်ဖွဲ့တို့ထံသို့ ဆက်သွယ်မေး   မြန်ခဲ့သည်။ အမျိုးမျိုးသော အပြစ်များကို ရှာခဲ့သည်။
     MATအဖွဲ့သားများ၏ပတ်စပို့များနှင့်ချိပ်ကဒ်တို့အားမိတ္တူများ ကူးယူခဲ့သည်။ ထို့အပြင် MAT အဖွဲ့မှ ဗွီဒီယိုကယ်မရာ ၂လုံးနှင့် ဓါတ်ပုံကယ်တရာ၃လုံးတို့မှ အချက် အလက်များကို ဒေသခံ ထိုင်း ရဲတပ်ဖွဲ့ က ဖျက်ဆီး ပစ်ခဲ့သည်။စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်တွင် မဇာ ၏ SARISA ကုမ္ပဏီသို့ အဖွဲ့   ပေါင်းစုံ လာ ရောက်ကြ ရန် သဘောတူညီပြီး လမ်းခွဲခဲ့ကြသည်။

      စက်တင်ဘာလ ၁၄ ရက်နေ့တွင် MAT အဖွဲ့သည် အနိုင်ကျင့် ခံရသည်ဟု ယူဆခြင်း၊ လုံခြုံမှုမရှိ သလိုဖြစ်ခြင်း တို့ကြောင့် အဆို ပါ စည်းဝေးသို့ မတက်ရောက်လိုတော့ကြောင်း စစ်အရာရှိထံသို့ သတင်းပေး ပို့ခဲ့ကြသည်။ သို့ရာတွင် နယ်မြေခံ စစ်တပ်အရာရှိ၏ ချိန်းဆိုချက်အရ ယာယီစစ်စခန်းချထားရာ ဘုန်းတော်ကြီး ကျောင်း အ၀တွင် စောင့်နေခဲ့ကြသည်။
   တစ်နာရီခန့်စောင့်ဆိုင်းပြီးနောက် စစ်ကား၂စီးနှင့်အတူ ရွာသူ ကြီးတစ်ဦး ယူနီဖေါင်းအပြည့်ဖြင့် ကားတစ် စီးတို့ဖြင့်ရောက်ရှိလာ ခဲ့ကြသည်။ MAT အဖွဲ့အား မဟာချိုင် ပွဲစားမကြီး ဒေါ်မာလီက တိုင်ကြားလိုက်သည့် အမှုတွဲအား ပြသ၍ စစ်ဆေးပါတော့သည်။ အဆိုပါ အမှုဖွင့်စာမှာ “ဌေးဆား ဗစ်ကုမ္ပဏီမှ ဦးဝင်းမြင့် ဆိုသူက လက်မှတ်ရေးထိုး၍ MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်း အား ဘန်ကောက်နေရပ် လိပ်စာနှင့်အတူ၊ ထိုင်း နှင့် မြန်မာအစိုးရတို့၏ MOU လုပ်ငန်းစဉ်အား ပျက်ပြားအောင် ဆောင်ရွက်နေ သူအဖြစ် (နိုင်ငံတော်ပုန်ကန်မှု)” စွပ်စွဲထားသည့်တိုင်စာဖြစ်သည်။ ထိုစာကိုမြင့်သည့်အခါ ဦးကျော်သောင်း သည် အသံထွက်အောင် ဟားတိုက် ၍ ရည်မောခဲ့ပြီးနောက် ဌေးကုမ္ပဏီ မှ မဲဆောက်မြို့ အာရှ လမ်းမကြီး 7/79 တွင်ရှိသော ပတ်စပို့လုပ်ခဲ့သည့် ကုမ္ပဏီ တစ်ခုဖြစ်သော SSG IRIPHLY CONSTRUCTION CO.LTD ဖြင့် အလုပ်သမား ၂,၀၀၀ဦး တင်သွင်းထားသည့် အလုပ်သမားခေါ် စာနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း နခိုစီဌာမရ မှ အလုပ်သမား၄၀၀   ကျော်အသုတ်၏ ပြဿဿဿ     နာများအား အချက်အလက် အထောက် အထားများဖြင့် မြန်မာသံ အမတ်ကြီး၊အလုပ်သမား ၀န်ကြီး၊   နိုင်ငံတော်သမ္မတရုံး တို့သို့ တင်ပြထားသည့် အမှုတွဲ မိတ္တူစာ ရွက်များ၊အလုပ်သမားများထံမှ ဖြတ်တောက်ထားခဲ့သည့် ငွေဖြတ် ပိုင်း မူရင်းစာရွက်များ ဓါတ်ပုံ အထောက်အ ထားများအား ပြသခဲ့ ရာ၊ ရွာသူကြီးမှာ ခေါင်းခါ၍ ကားမောင်းကာထွက်ခွာသွားခဲ့သည်။
     ထို့နောက် နယ်မြေခံ စစ်တပ်အရာရှိကြီးက၎င်း၏တပ်စခန်း ရုံးခန်းသို့ ဖိတ်ခေါ်သဖြင့် MAT အဖွဲ့၏ အခြေ အနေများကို ရင်းနှီး ပွင့်လင်းစွာ မေးမြန်းပါသည်။ ထို့ကြောင့် MAT အဖွဲ့သည် SSG မဲဆောက်လိပ်စာဖြင့် အလုပ်သမား ၂,၀၀၀ ဦးရေ တင်သွင်းထား သည့်ကိစ္စ စာရွက်စာတမ်းအထောက်အထားများ၊ သြဂုတ်လ၂၉ ရက်နေ့စွဲဖြင့် နေပြည်တော်အလုပ်သမားညွန်ကြားရေးမှူး၏ညွှန်
 ကြားချက်အရ V&K နာနတ်သီး စက်ရုံသို့ တင်ပို့ထား သည့် အလုပ်သမား ၁၉၄ ဦး အလုပ်သမားခေါ်စာတို့အား တင်ပြလိုက် ရာ အလျှင်အမြန် စီစစ်ဆောင် ရွက်မည်ဖြစ်ကြောင်း နယ်မြေစစ် အရာရှိက ကတိပေးပြောဆိုပါသည်။
     ထို့အခြေအနေများကို ထိုင်းရပ်သတင်း www.thairath.co.th   နှင့် အေဂျင်စီများအဖွဲ့ချုပ် အွန်လိုင်း https://www.facebook. com/moeaf.member/ posts/14993388236569 45 နှင့် အေ ဂျင် စီ တချို့နှင့်တပည့်တပန်းပွဲစားများက MAT တဖွဲ့လုံးအား ထိုင်း စစ်တပ်က ဖမ်းဆီး လိုက်ပြီးဖြစ်ကြောင်းသတင်း ဖြန့်ချိခဲ့ကြသည်။
အဆိုပါနယ်မြေရှိWAT NONGSONဘုန်းတော်ကြီး ကျောင်းအနီး
တွင်ရှိသော CAL.COMPELECTRONCS (မြန်မာအခေါ်) CD ပြား အလုပ်ရုံသို့ ထိုင်းနိုင်ငံအတွင်းသို့ ဒီမန်းအတု၊ အလုပ်မရှိပဲသွင်း လာသော ဒီမန်းများဖြင့် အလုပ်သမားများအား မြန်မာနှင့် ထိုင်းေ အ ဂျင်စီများက သွင်းပေးလေ့ရှိသဖြင့် အဆိုပါ အလုပ်ရုံအား MAT အဖွဲ့က MOU သင်္ချိုင်းဟုရန်ကုန်သတင်းစာရှင်းလင်း ပွဲတွင်အ မည်ပေးထားခဲ့သည်။ အလုပ်ရုံတွင် အလုပ်သမား ၈,၀၀၀ ခန့်သာ လိုအပ်သော်လည်း ယခု အခါ မြန်မာအလုပ် သမားပေါင်း နှစ်ေ သာင်း ထက်မနည်း ရောက်ရှိ နေကြောင်း အလုပ်သမားများ က ပြောသည်။ အလုပ်သွင်းပေးခအဖြစ် အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ၁,၅၀၀စီထိုင်းပုလိပ်နှင့်အိမ်ထောင်ပြုထားသည့် မြန်မာပွဲ
စားမကြီးအမျိုးသမီး၂ဦးက ကောက်ခံကြောင်းအေဂျင်စီ ဒါရိုက်တာ တစ်ဦးကပြောသည်။

   အိမ်ပြန်သွားသည့်အလုပ်သမားများထဲမှ ကိုသန်းလင်းမောင် က“MAT အဖွဲ့ ရောက်လာလို့ ကျနော်တို့ အိမ် ပြန်ဖို့အစီအစဉ်ဖြစ် သွားတာ။ ကျနော်တို့ အဲဒီကုမ္ပဏီထဲမှာနေခဲ့ရတာ ငရဲကျသလိုပဲ။ MAT က ကူညီဖို့လာခဲ့ တာကို SARISA ကုမ္ပဏီကရော၊ အလုပ် သမား သံအရာရှိရော၊ အေဂျင်စီများအဖွဲ့ချုပ်ကပါ ရန်သူအဖြစ် သတ် မှတ်ပြီး အကြမ်းဖက်ကြတာပါ။    ကျနော်တို့အကြမ်းဖက်မှုတစ်ခုခု မလုပ်အောင်နဲ့ ခြံထဲကို ပြန်ဝင် ကြဖို့ ဦးကျော်သောင်း ပဲ ထိန်းပေးခဲ့တာပါ။ MATအဖွဲ့မရောက် လာရင်ကျနော်တို့စကားတစ်ခွန်းတောင် ပြန်ပြောခွင့် မေးမြန်းခွင့်မရပါ။ ကျနော်တို့ မြန်မာပြည်ပြန်ရောက်တဲ့အခါလူတွေကိုအခြေအနေမှန် ကို ပြောပြပါမယ်” ဟု ပြောဆိုခဲ့သည်။
          MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းနိုင်ငံသို့ MOU နဲ့ လာတဲ့အလုပ်သမားတွေဒုက္ခရောက်ရင် ကျနော်တို့က တိုက်ရိုက်ကူညီိလို့မရဘူး။ ဒါကြောင့် သမ္မတရုံးတို့ အလုပ်သမား ၀န်ကြီးဌာနတို့ အေဂျင်စီများ အဖွဲ့ချုပ်တို့ကို ကျနော် တင်ပြပါတယ်။ ဒါပေမယ့်သူတို့ လက်မခံကြဘူး။ မဖြေရှင်းကြဘူး။ ရန်ကုန်မှာ သတင်း လိမ်ရှင်းပွဲလုပ်ကြတယ်။ အချိန်ကြာလာတော့ အလုပ် သမားသံအရာရှိ၊ အေဂျင်စီများအဖွဲ့ချုပ်၊ အေဂျင်စီတွေနဲ့ ပွဲစားတွေ က တစ်ဖက်တည်းခံပြီးတော့ ကျနော်တို့MATအဖွဲ့ကို ထောင်ကျ   အောင်အထိ ကြံစည်းလိုက်ကြပြီဖြစ်ပါတယ်။ ထိုင်းပုလိပ်တွေ နဲ့ပေါင်းပြီးတော့ ကျနော်တို့ကို ဖမ်းဆီးနိုင်အောင် ကြိုးပမ်းကြတာ ကို လည်းခံကြရပါ တယ်” ဟုပြောသည်။ ဆက်လက်၍ ……
“ကျနော်တို့MATအဖွဲ့ဟာ ငွေလည်းမရှိ၊ အာဏာလည်းမရှိတာ   ကြောင့် သူတို့ကို မပြိုင်နိုင်ပါဘူး။ ကျနော်တို့က ဘယ်သူ့ကိုမှ တိုက်ခိုက်တာမဟုတ်ဘူး။ အကျိုးစီးပွား ပျက်အောင် လုပ်တာမ ဟုတ်ဘူး။ အလုပ်သမားတွေ ဒုက္ခရောက်နေကြလို့ ကူညီခြင်း သာဖြစ်ပါတယ်။ ကျနော်တို့ကိုအလုပ်သမားအာဏာပိုင်နဲ့ ချမ်းသာ တဲ့ အေဂျင်စီတွေ၊ ပွဲစားတွေပါဝင်နေတာကြောင့် ကျနော်တို့ရဲ့ လုံခြုံရေးအခြေအနေကို သဘောပေါက် ကြမှာပါ။ ဒါပေမယ့် ဒီအမှန်တရားတွေဟာ မကြာခင်မှာ အဖြေမှန်ပေါ်လာပါလိမ့် မယ်လို့ယုံကြည်ပါတယ်။

လူကြီးလူ ကောင်းပီသမှုကိုပြသခဲ့ကြတဲ့ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် နဲ့ လုပ်ဖေါ်ကိုင်ဘက် ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD ,FED ဒါရိုက်တာဦးထူးချစ်နဲ့ အကြံပေးရှေ့နေကြီး ဦးအောင်မျိုးသန့် တို့ကို အထူးကျေးဇူးတင် ပါတယ်” ဟုပြောသည်။

MAT အဖွဲ့သားများ၏ ကယ်မရာ၅လုံးထဲမှ ဓါတ်ပုံနှင့် VDO တို့ကို ထိုင်းရဲများက ဖျက်ဆီးခဲ့ပြီးMATအဖွဲ့သားများ၏အချက်အလက်များ ကိုမူ ဓါတ်ပုံနှင့် မိတ္တူများကူယူ ခဲ့ကြပြီး အွန်လိုင်း ဖေးဘွတ် များ တွင် တင် ထားကြသည်ကို အင်တာနက်သုံးကြ သူများသိရှိကြ မည်ဖြစ်သည်။ ထိုအခြင်းအရာသည် ဒေသခံရဲနှင့် မြန်မာအေဂျင်စီပွဲစားအုပ်စုတို့၏ MAT အပေါ်တဖက်သတ် အနိုင်ကျင့်ခြင်းဖြစ်သည်။