03 February 2013

“အလုပ်ဖြစ်နိုင်တဲ့နည်းလမ်း”

                                               “အလုပ်သမားတွေရဲ့ဆန္ဒ”

         အလုပ်သမားတိုင်း ထိုင်းနိုင်ငံအတွင်းမှာ  တရားဝင်အလုပ်လုပ်ချင်ကြပါတယ်။  ဒါပေမယ့် ယခုလုပ် လာမယ့်ပတ်စပို့လုပ်ငန်းစဉ်က အကုန် အကျ အလွန်များလွန်းနေ တာကြောင့် မလုပ်နိုင်တဲ့ အလုပ်သမား တွေ အများကြီးဖြစ်မယ်ထင်ပါတယ်။ ဘယ်ပွဲစားကုမ္ပဏီအတွက်မှမပါသေးပဲ၊ ၀န်ထမ်း   တွေ အတွက် အဖိုးအခ လုံးဝမပါပဲ။
  ကျမ္မာရေးစောင့်ရှောက်ခ+သွေးစစ်ခ= ၁၉၀၀ ဘတ်
                       Work permit၂နှစ်စာ= ၃၈၀၀ ဘတ်
ထိုင်းအလုပ်သမား ၀န်ကြီးဌာန  ရံပုံငွေ=  ၆၀၀ ဘတ်
                              မြန်မာပတ်စပို့ခ=   ၅၅၀ ဘတ်
                     ထိုင်းပြည်ဝင်ခွင့် ဗီဇာခ=  ၅၀၀ ဘတ်
                                                   . . . . . . .
  ပွဲစားခ+ကုမ္ပဏီဈေး  မပါသေးပဲ      = ၇၃၅၀ ဘတ် ကုန်ကျနေပြီးဖြစ်ပါတယ်။

အနည်းဆုံးဘတ်ငွေ၁၀၀၀၀မကုန်ပဲ မြန်မာအလုပ်သမားတစ်ယောက်ပတ်စပို့လုပ်လို့ မရနိုင်ပါ။ နေအိမ်တိုင်း အလုပ်ရုံတိုင်းမှာ ပွဲစားတွေကြီးစိုးနေတဲ့ မြန်မာအလုပ်သမား အ၀ိုင်းအ၀န်းကြားမှာ အဆင့်ဆင့်အမြတ်ယူ လိုက်ကြရင် ဘယ်လောက် အထိ   ဈေးနုန်းဖြစ် သွားနိုင်တယ်ဆိုတာ ခန့်မှန်း၍သာကြည့်ကြပါကုန်။

                 ထိုင်းနဲ့မြန်မာအစိုးရတို့ ပြောနေကြတဲ့“ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်အလုပ် သမားတွေဖြစ်ကြ စေချင်တယ်” ဆိုတဲ့စကားက...  နို့၊ ထောပတ်၊ သကြား ၊ကြက်ဥတွေ  ရောသမမွှေပြီး  ပြောတာ ဖြစ်တာကြောင့် နားထဲမှာ အရသာ ရှိပါတယ်။ တကယ့်လက်တွေ့မှာ ဒီလောက်များပြားတဲ့ ငွေ ပမာဏကိုမြန်မာအလုပ် သမားတွေအားလုံး တတ်နိုင်ဖို့ဆိုတာ တကယ်မဖြစ်နိုင်ပါ။

              ထိုင်းရဲအရာရှိကြီးတွေ ပိုင်ဆိုင်တဲ့အလုပ်ရုံတွေနဲ့ မဟာချိုင်က PP group က သွင်းထားတဲ့ အလုပ်ရုံကြီးတွေမှာဆိုရင် ပတ်စပို့လုပ်ခ ဘတ်ငွေ ၂၀၃၀၀ ပေးရ မယ် ဆိုပြီး ငွေဖြတ်နေပြီလို့သိရပါတယ်။ ဒီအလုပ်သမားတွေမှာ ပြေးစရာ မြေမရှိပါ။ လည်ပင်းကိုညှစ်ရုံမက နင်းသတ်လည်းခံရုံပဲ။

                                               “အလုပ်ဖြစ်နိုင်တဲ့နည်းလမ်း”
အလုပ်လုပ်ကိုင်ခွင့် work permit ကိုနောက်မှလုပ်ပါ။ လောလောဆယ် ပတ်စပို့ နဲ့ သွေးစစ်ထားရင် မြန်မာအလုပ်သမားတွေက အလုပ်လုပ်လာကြမှာပဲလေ။ဘတ်ငွေ ငါးထောင်အောက်မှာ ကုန်ကျမှာ မို့ မြန်မာ အလုပ်သမားတိုင်းလုပ် လာမှာသေချာ ပါတယ်။ ခုဖြစ်နေတာက သူဌေးရှိမှ ပတ်စပို့လုပ်ရမယ်ဆိုတော့ အဲဒီအမည်ခံသူဌေး (အလုပ်ခေါ်စာ/ကိုတာ) ကို ကုမ္ပဏီတွေက ၀ယ်ပြီးမှ လုပ်ကြရတော့မယ်။ အဲဒီမှာ အလုပ်သမားတွေ သေဆေးနဲ့ တွေ့ တော့တာပဲ။

လက်ရှိလုပ်နေတဲ့လုပ်ငန်းရှင်က အစကနေမလုပ်ပေးချင်ကြဘူး။ပတ်စပို့ ကိုအပြင် က လုပ်လာခဲ့ လက်ခံပေးမယ်။ ဒီသဘော။ ဆိုတော့ သူတို့လုပ်နေတဲ့သူဌေးက အလုပ် သမား ရုံးမှာသွား လက်ခံလိုက်တာ နဲ့ ကိစ္စကပြတ်ပြီးလေ။ နောက်မှWork permit လုပ်ပေါ့။ ဖြစ်သင့်တာက ဒီအတိုင်းလေ။ လုပ်အားခနည်းနည်းနဲ့ အလုပ်ကြမ်းလာ လုပ်ကြရတဲ့ မြန်မာအလုပ်သမားတွေကို တရားဝင်နေထိုင်ခွင့်  နဲ့ ဆေးဝါးကုသ
ခွင့်တွေ လုပ်ထားတာလောက်ဆိုရင် လုံလောက်ပါပြီ။ တစ်နေ့ ကို ၁၀ ဒေါ်လာ(ဘတ် ၃၀၀) သာရရှိတဲ့ မြန်မာအလုပ်သမားတွေဆကို work permit လုပ်ခိုင်းဖို့ မသင့်
တော် ပါဘူး။  ဘယ်လောက်ဖြတ်ဖြတ်ဘယ်လောက်ဖိဖိ ဘယ်လောက်အနိုင် ကျင့် ကျင့် မြန်မာတွေ အလုပ်လုပ်နေကြဦးမယ့် အနေအထားကို သိနေတဲ့ထိုင်းတွေ က ဖြတ် လို့ ရသမျှ ဖြတ်နေတာကို မြန်မာအစိုးရ သိသင့်ကြောင်း။