26 February 2015

“F&F ကြက်သားစက်ရုံအလုပ်သမားများပြဿနာမြန်မာသံရုံးဖြေရှင်း”


၂၀၁၅ ဖေဖေါ်ဝါရီ ၂၆၊ သတင်းထောက်-ခရမ်းသားလေး


ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၂၀၀ ကျော်ခန့် အကွာတွင်ရှိသော စူဖန်ဘူရီ အန်ဖေ စောင်ဖီ နောင်း၊ အရပ်တွင်ရှိသော F&F ကြက်သားထုတ်လုပ်သည့် စက်ရုံမှ ထောင်ချီရှိသည့် မြန်မာအလုပ်သမား များ အလုပ်သမားများ အလုပ်မဆင်းပဲ ဆန္ဒပြနေကြသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက် ရေးကော်မတီမှ သွားရောက်ဖြေရှင်းပေးခဲ့သည်။

             ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ညနေပိုင်းက ထောင်ချီရှိသည့် အလုပ်သမားများက အလုပ်သမား အခွင့်အရေးချိုးဖေါက်ခံရမှုများကိုမကျေနပ်ကြသဖြင့် အလုပ်မဆင်းပဲ တစ်နေကုန်ဆန္ဒပြနေကြရာမှ လာ ရောက်ဖြေရှင်းပေးပါရန် အကြိမ်ကြိမ်အကူညီတောင်းခံလာခဲ့သည်။

         မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဖြစ်သော ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက သံအမတ်ကြီးဦးဝင်မောင် ၏ ခွင့်ပြုချက်ရယူပြီး ဆန္ဒပြနေရာသို့ သွားရောက်ခဲ့ကြသည်။


       MAT အဖွဲ့သည်  ညဉ့် ၇နာရီကျော်တွင် စူဖန်ဘူရီမြို့နယ်ရဲစခန်းသို့ဝင်ရောက်ကာ မိမိတို့သည် ဆန္ဒပြ နေသော အလုပ်သမားများထံသို့ လာရောက်ခြင်းဖြစ်ကြောင်း၊ အလုပ်ရှင်နှုင့်အလုပ်သမားကြား ဖြစ်ပေါ်နေ သည့် တင်းမာမှုများ ပြေလျှော့စေရန် ညှိနှိုင်းမှုပေးနိုင်ရန် ဘန်ကောက်မြို့မြန်မာသံရုံးမှ သံအမတ်ကြီး ၏ စေလွှတ်ချက်အရ ကူညီရန်ရောက်လာသူများဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ MAT အဖွဲ့သည် ရဲကား တစ်စီးနှင့်ညဘက် တာဝန်ကျ ရဲအရာရှိ၃ဦးလိုက်ပါလျှက် ဆန္ဒပြနေရာသို့ သွားရောက်ခဲ့ကြရာ အလုပ် သမားများသည် F&F စက်ရုံအ၀တွင် အော်ဟစ်ဆန္ဒပြနေကြဆဲဖြစ်သည်။

          MAT အဖွဲ့ရောက်ရှိပြီး ၁၅မိနစ်ခန့်အကွာတွင် နယ်မြေခံ စစ်တပ်မှ အရာရှိများ ကားတစ်စီဖြင့် ရောက်ရှိလာခဲ့ပါသည်။ MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီး က သောသောညံ ပွက်လောထနေသော အလုပ်သမားများကို စကားပြောမိုက်ငယ်တစ်ခုဖြင့် နာရီဝက်ခန့်အတွင်း ငြိမ်ဝပ်အောင် ထိန်းသိမ်းပြောဆို နိုင်ခဲ့သည်။ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းကလည်း အလုပ်သမားများ ကိုယ်စားပြောဆိုမည့် ကိုယ်စားလှယ် ၅ဦးကို အလုပ်သမားများအား ရွေးချယ်ခိုင်းကာ စက်ရုံထဲတွင် (ထိုင်းစစ်တပ်အရာရှိ၊ နယ်မြေခံရဲအရာရှိ၊ စက်ရုံတာဝန်ခံ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် MAT အဖွဲ့သားများ) ၂နာရီခန့်ကြာ အစည်းဝေးပြုလုပ်ခဲ့ကြသည်။

      အလုပ်သမားကိုယ်စားလှယ် ကိုသားသား က“အလုပ်ရုံမှာ အလုပ်သမားတွေကို ကြားခံ ကန်ထရိုက် စနစ်နဲ့ထားတယ်၊ ကန်ထရိုက်တွေက အလုပ်သမာတွေကို အမျိုးမျိုးဖြတ်တောက်တယ်။ အလုပ်သမား အဟောင်းတွေကိုထုတ် အသစ်သွင်စားတယ်။ လူသစ်တစ်ယောက်သွင်းရင်ဘတ် ငါးထောင် တစ်သောင်း အထိယူတယ်။ ပတ်စပို့စာအုပ်တွေသိမ်းထားလို့ပျောက်သွားတယ်။ ပကာစာခွန်း (အာမခံကြေးဆိုပြီး ဖြတ်တောက်ထားပေမယ့် ဆေးကုတဲ့အခါ ပိုက်ဆံပေးရတယ်။ ဖြတ်တောက်ထားတဲ့စာရွက်ဆိုတာ
လက်တစ်လုံးလောက်အရွယ်ပဲရှိတယ်။ အလုပ်သမားနှစ်ထောင်လောက်ရှိတဲ့ အလုပ်ရုံကြီးဖြစ်ပေမယ့် အိမ် သာ ၅လုံးပဲရှိတယ်။ ၂လုံးကပျက်နေတယ်။ ၃လုံးသာအသုံးပြုလို့ရတယ်။ အိမ်သာသွားလို့ ကြာတယ် ဆိုပြီး ပိုက်ဆံဖြတ်ပြန်တယ်။ အခွင့်အရေးချိုးဖေါက်မှုတွေ အလွန်များနေလို့ အလုပ်သမားတွေ ခုလိုဆန္ဒပြကြတာ ပါ” ဟုပြောသည်။

          အလုပ်ရုံမှာ မြို့ရွာများဖြင့် အလှမ်းဝေးကွာသည့် နေရာတွင် တည်ရှိပြီး ပွဲစားများ လူမိုက်ဂိုဏ်းများ ဖြင့် ခြိမ်းခြောက်အုပ်ချုပ်သည့်သဘောသဘာဝတွေ့ရကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောသည်။

“ကျနော်တို့အစည်းဝေးလုပ်နေတုန်း အလုပ်ရုံနဲ့ ပတ်သက်သူတွေက သေနတ်ပစ်ဖေါက်လို့ အလုပ်သမား တွေ ထွက်ပြေးကြတယ်။ စန်းနိုင် ဆိုတဲ့ အလုပ်သမားတစ်ယောက်ကို ထိုင်းတွေ အလုပ်ရုံနောက်မှာ ၀ိုင်း ရိုက်သတ်ကြတာ ကံကောင်းလို့ အသက်မသေတာ။ ဒီပြဿနာတွေကိုပါ ကျနော်တို့ ဖေဖေါ်ဝါရီလ၂၅ ရက်နေ့ မှာ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ တစ်နေကုန်ဖြေရှင်းခဲ့ကြရပါသေးတယ်။ ပြဿနာတွေက တစ်ခါတည်း ရှင်းလို့တော့ ကုန်မှာမဟုတ်ဘူး။ အရေးကြီးတာတွေကိုအယင်ဆုံးဖြေရှင်းနိုင်အောင်တော့ ကျနော်တို့ စီစဉ် နိုင်ခဲ့တယ်။ ဒီလိုအခွင့်အရေးချိုးဖေါက်တဲ့အလုပ်ရုံတွေကို MOU အလုပ်သမားတွေ စွတ်သွင်းနေတာတွေလည်း ပြဿနာကြီး တစ်ရပ်ပါပဲ” ဟုပြောသည်။

          အလုပ်ရုံတွင်း ၂နာရီကြာ ဆွေးနွေးမှုရလဒ်အရ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ နံနက်တွင် အလုပ် သမားများအလုပ်ပြန်လုပ်နေကြပြီဖြစ်သည်။ လာမည့် မတ်လ ၂ရက်နေ့ တနင်္လာနေ့တွင်  စူဖန်ဘူရီ၊ ကျဟာငန်း (အလုပ်သမားပြဿနာဖြေရှင်းရေးရုံး) နယ်မြေစစ်တပ်၊ နယ်မြေရဲ၊ အလုပ်သမား ကိုယ်စား လှယ်များနှင့် မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ) တို့က ယခုပြဿနာများအား ဖြေရှင်းကြရန် သဘောတူညီခဲ့ကြသည်။