25 February 2013

“လူကုန်ကူးခံခဲ့ရသည့် ၁၈နှစ်အောက် ကလေးများ ကယ်ထုတ်ခဲ့ပြီး ၉လကျော်မှ ပြန်ရောက်”

 ၂၀၁၃ ခု ဖေဖေါ်ဝါရီ ၂၅ ရက်    မြတ်ညို ( အလွတ်သတင်းထောက်)

ဘန်ကောက်မြို့အနီး မဟာချိုင် နေ၀စ် အရပ် စွယ်မမ တွင်ရှိသော ဆန်းဒစ် ပုဇွန် အအေး ခန်းအလုပ်ရုံမှ ၂၀၁၂ နှစ် မေလ၁၅ ရက်နေ့က  တစ်နေ့လျှင် ၁၆နာရီ ထက် မနည်း အလုပ်လုပ်နေ ရပြီး တစ်ပတ် လုပ် အားခ ဘတ်ငွေ ၅၀ သာရရှိ သည့် အလုပ်သမား ၁၄၆ ဦးအား ကယ်ထုတ်စဉ် ပါဝင်ခဲ့သည့် အသက် ၁၈နှစ် အောက် အရွယ် အမျိုး သမီးငယ် ၄ဦးတို့ ယနေ့တွင်မိဘများထံ သို့ပြန် လည်ရောက် ရှိသွား ပြီဖြစ်ကြောင်း သိရှိ ရသည်။


          
             အသက်  ၁၄ နှစ်အရွယ် သီတာ၊ မြ၀တီ။ အသက် ၁၅နှစ်အရွယ် ခိုင်စုဝေ၊ မြ၀တီ။ ၁၅နှစ် အရွယ် သူဇာ၊ မော်လမြိုင်။ နှင့် အသက် ၁၆နှစ် အရွယ် အိသဇင်၊ သထုံ။ တို့မှာ ထိုင်းနှင့်မြန်မာ အစိုးရတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ယနေ့ တွင်မိဘများထံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
 




           ၎င်းတို့နှင့်အတူဘားအံမြို့မှ အသက် ၁၈ နှစ်အရွယ် မစိုးသူဇာမြင့် လည်း ပြန် လည်ပို့ဆောင် သည့် အထဲတွင်ပါဝင်ခဲ့သည်။   မခိုင်စုဝေ က“ သမီးတို့ ဇာထိုးပန်း ထိုးတွေ တတ်လာတယ်။ ခြင်းတွေဘာတွေလုပ်တတ်လာတယ်။ ထိုင်းအစားအစာ
တွေ ကို ပဲစားနေရတော့ သမီးတို့ ဘယ်လိုမှ အာဟာရမဖြစ်ဘူး။ အထူးသဖြင့် မိဘ
တွေ ကို ဖုန်းဆက်ခွင့်မရပဲ ရေလယ်ကျွန်းမှာနေရတော့ အားငယ်မိတယ်။ 
ဘဘဦးကျော်သောင်းတို့လည်း သမီးတို့ကို ကယ်ထုတ်ပြီးကတည်းက တစ်ခါ မှတောင် ပေါ်မလာတော့ဘူး။လာလည်းမတွေ့ဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ထိုင်းအစိုးရ လူကုန်ကူးခံရသည့် အလုပ် သမား ၃၂ နှစ်ဦးအားဘုရားသုံးဆူလမ်းမှ ပြန်လည်ပို့ဆောင်ပေးခဲ့စဉ် မခိုင်စုဝေ တို့  ပါလာခဲ့ခြင်းဖြစ်သည်။

            ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ဒီကလေးမတွေဟာ ၉လနဲ့ ၁၀ ရက်ကြာမှ မိဘတွေထံကို ပြန်ရောက်တယ်။ ဒီကြား ထဲမှာ ဒီကလေးတွေ ဆီကို ကျနော်တို့ သွားရောက်ခွင့်ရဖို့အတွက် UNIAP နဲ့ ထိုင်း အစိုးရ ကိုခွင့်တောင်းခဲ့ပေမယ့်မရဘူး။ ဒီဖြစ်စဉ်မှာ အလုပ်သမားတွေ တစ်ပြား တစ်ချပ်မှ မရပဲ ဒီလောက်ကြသွားပြီးမှ ပြန်သွားရတယ်။    လူကုန်ကူးမှုကို ကျူးလွန် တဲ့ကျော်စိုး ဆိုတဲ့ ပွဲစားကို သူ့အခန်းထဲမှာ ခြောက်လုံးပြူးတစ်လက်နဲ့ အတူ စိတ်ကြွဆေးပြားပါ လက်ပူး လက်ကျပ်ဖမ်းမိတယ်၊ ဒါပေမယ့် သူရော သူ့လုပ်ငန်းရှင် ပါ။ အာမခံနဲ့ ပြန်လွတ် သွားတယ်။ တစ်မိနစ်တောင်အချုပ်ခန်းထဲမှာမနေခဲ့ရဘူး။ လူကုန်ကူးတဲ့သူနဲ့ အလုပ်ရုံပိုင်ရှင်ကို ဥပဒေကြောင်းအရ ထိုင်းအစိုးရက အရေး ယူသလား မယူဘူးလားဆိုတာကို မြန်မာအစိုးရနဲ့ UNIAP တို့ မေးမြန်းသင့်ပါတယ်” ဟုပြောသည်။

        အလုပ်သမား ၁၄၆ ဦးကို အခန်းပိတ်လှောင်ခိုင်းစေထားခဲ့သည့် ဆန်းဒစ် ပုဇွန် အအေးခန်းစက်ရုံ၏ ဆိုးဝါးသည့် အခြေအနေများကို ထိုင်းအာဏာပိုင်များ ကိုယ် တိုင် စီနင်းဝင်ရောက်စဉ် အလုံးစုံသိရှိပြီးဖြစ် သည်။ အလုပ်မဆင်းနိုင်သည့် အလုပ်သမား များ ဒဏ်ခတ်ချုပ်နှောင်သည့် မြေအောက်အမှောင်ခန်း များ ပွဲစားများကိုင်ဆောင် သည့် ခြောက်လုံးပြူးများ ကျည်ဆန်းများ ကိုတွေ့ ရှိခဲ့သည်။ အလုပ်ပင်ပန်းလွန်းပြီး အာဟာရ ချို့တဲ့ခြင်းများကြောင့် ခန္ဓာကိုယ်အောက်ပိုင်း ဖေါ့ရောင်နေသူများပါ ရှိနေခဲ့သည်။

ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့သည် ဆက်သွယ်လာသည့် တယ်လီဖုန်း များ မည်သည့်နေ ရာတွင်ရှိသည်ကို သိရှိနိုင်သည့်ကွန်ပျူတာ ကိရိယာ များရှိသဖြင့် လူကုန်ကူးခံရသည့် နေရာများကို စုံစမ်းရန်လွယ်ကူသည်။ လမ်းညွှန်ကွန်ပျူတာများ၊ အမြန်ယာဉ်များ၊ကျည်ကာအဂျီများ စသည်ဖြင့်  ပြည့်စုံသည့် နိုင်ငံတော် တပ်ဖွဲ့ဖြစ်သည်။

          သို့ရာတွင် လူကုန်ကူးမှုလုပ်ငန်းစဉ်တွင် ထိုင်းအာဏာပိုင်းများနှင့် လုပ်ငန်း ရှင်များနှင့် တိုက် ရိုက်ပတ်နေသည်ကတစ်ကြောင်း၊ လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေ ခံနေ ရသူတို့က မြန်မာလူမျိုးများ ဖြစ်နေသည်ကတစ်ကြောင်း မြန်မာအစိုးရနှင့် UNIAP တို့မှာထိထိရောက်ရောက်လုပ်ကိုင်နိုင်သည့်အခွင့်အလမ်းအထူးနည်းပါးမှုတို့ကြောင့် လည်းကောင်း  ထိုင်းနိုင်ငံ တွင်နာရီမလပ် လူကုန်ကူးမှုဖြစ်ပေါ်လျှက်ရှိကြောင်း MAT အ ဖွဲ့ကပြောသည်။


       ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် သာမန်အလုပ် သမားအဖွဲ့ အစည်းငယ်တစ်ခုသာဖြစ်သော်လည်း ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၉ မှုကို ပူးပေါင်းအဖွဲ့များဖြင့် ဖေါ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးခံရ သူပေါင်း ၂၉၂ ဦး ကို ကယ်တင်နိုင်ခဲ့ အဖွဲ့ဖြစ်သည်။