03 February 2013

“MOU အလုပ်သမ ၂ဦးအား ကျပ်ငွေ ၂သိန်း ကုမ္ပဏီက ပြန်ပေး”


၂၀၁၃- ဖေဖေါ်ဝါရီလ ၃ မင်းဘခက်
                နယ်စပ်သို့ပြန်လည်ပို့ဆောင်ခံခဲ့ရသည့် MOU အလုပ်သမား၂ဦး အား   မြ၀တီ ကျောက်လုံးကြီးစခန်းရှိရဲဝံ့နဂါး ကုမ္ပဏီက ကျပ်ငွေနှစ်သိန်း ထုတ်ပေးခြင်းမှာ MOU လုပ်ငန်းစဉ်အတွင်း ပထမဦးဆုံးဖြစ်ရပ်ဖြစ်သည်။

         နှစ်နိုင်ငံအစိုးရ သဘောတူညီမှု  နားလည်မှုစာချွန်လွှာ  MOU  ဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်လာခဲ့သည့်အလုပ်သမားအချို့တစ်လကျော် ကြာသည့် တိုင်အောင် ကုမ္ပဏီက အလုပ်မပေးနိုင်သဖြင့် အလုပ်သမား၆ဦး အား ယမန်နေ့  ကနယ်စပ်သို့ပြန်ပို့ရာ အလုပ်သမား ၂ဦးအား မြ၀တီ MOU ပတ်စပို့ ကုမ္ပဏီက ကျပ်ငွေ နှစ်သိန်း ပြန်လည်ပေးအပ်လိုက်ကြောင်း အလုပ်သမညီမနှစ်ဦးကပြောသည်။


ပြန်ပို့ခံရသူများမှာ
(၁) မဲမဦး၊ အသက်။     ။ ၃၁ နှစ်   ။ မင်းပြားမြို့နယ်၊ ငဇင်ရိုင်းချောင်းရွာ   (၁၀၀၀၀၀ ကျပ်ပြန်ရ)
(၂) တင်တင်ဝင်း   အသက်၂၄ နှစ်။မင်းပြားမြို့နယ်၊ငဇင်ရိုင်းချောင်းရွာ    (၁၀၀၀၀၀ကျပ်ပြန်ရ)
(၃) ခင်စောမေ   အသက်။    ။ ၃၀ နှစ်။ မြောက်ဦးမြို့နယ်၊အကြီးဒေါ်မရွာ
(၄) ခိုင်မြသန်း    အသက်။     ။ ၂၇ နှစ်။ မြောက်ဦးမြို့နယ်၊အကြီးဒေါ်မရွာ
(၅) မစိုးစိုးထိုက် ။     ။ ဧရာဝတီတိုင်း
(၆) နော်လီဇာ  အသက် ၃၁ နှစ် တပ်ကုန်း   တို့ ဖြစ်ကြသည်။

 ငွေပြန်လည်ရရှိသည့် မမဲမဦးက “ မြ၀တီဘက်က ပွဲစားတွေနဲ့ ကုမ္ပဏီတွေ က  ထိုင်း ဘက်မှာ အလုပ်အကိုင်တိတိကျကျရှိတာ မရှိတာ စဉ်းစားတာမဟုတ်ဘူး။ ထိုင်းလုပ် ငန်းရှင်တွေကလည်း၂နှစ် ၀ယ်ထားတဲ့ကျွန်လို ပြောင်းချင်ရာပြောင်းမယ်၊ ထပ်ဆင့်
ရောင်းတယ်။အဲဒီလိုဖြစ်နေတာ။ ကျမတို့ကို ကူညီပေးခဲ့ကြတဲ့ မြန်မာသံရုံး  မြန်မာ အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင်  နဲ့ MAT အဖွဲ့က ဦးကျော်သောင်းတို့ ကို အလွန်ကျေးဇူးတင်ပါတယ်”ဟုပြောသည်။

           မြ၀တီကျောက်လုံကြီးစခန်းတွင် မြန်မာအလုပ်သမားဝန်ကြီးဌာန  ရှေ့တွင် ရဲဝံ့နဂါး ကုမ္ပဏီ မှဦးမြင့်နိုင်က ပိုက်ဆံပေးစဉ် အခြားမည်သူကိုမှ အသိမပေးရန် တားမြစ်လိုက်ကြောင်း အလုပ်သမ ၂ဦးကပြောသည်။    

     အခြား အလုပ်သမား ၄ဦးမှာ မဲဆောက်မြို့  ကိုစိုင်း တို့ထံတွင်ရှိနေဆဲဖြစ်သည်။ မခိုင်မြသန်း က MOU စာအုပ်တစ်အုပ်အား ဘတ်ငွေ ၁၃၀၀၀ ဖြင့်ရွေးမှ ပြန်လွှတ်ပေး မည်ဖြစ်ကြောင်း၊ လုပ်ချင်သလိုလုပ်ပစ်လို့ ရကြောင်း ခြိမ်းခြောက်ထားသဖြင့် မိသား စုနှင့် ဆက်သွယ် စကားပြောနေကြောင်း ဆိုသည်။

         ယခု ပြန်ပို့ခံရသည့်အလုပ်သမားများသည် မြန်မာနိုင်ငံ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဘုန်းတော်ကြီးကျောင်းအလွန်တွင်ဖွင့်လှစ်ထားသော စိုင်းခမ်း ဆိုင်(ခ)ကိုစိုင်း Mission  Myanmar Service  Co,ltd  က  အလုပ်သမာများ အား တစ်ဦးစီ ဘတ်ငွေ၃၀၀၀  စီ ယူထားလိုက်သည်။ MOU ပတ်စ ပို့ အတွက် ဘတ်ငွေ ၁၀၀၀၀ ပေးဆပ်ရဦးမည် ဖြစ်သည်။
         ဒီဇင်ဘာလ၁၉ရက်နေ့တွင်မဲဆောက်မှလဘူရီမြို့၊၉ရပ်ကွက်၊ဘန်ထောတွင်ရှိသော
 ခေါ်နာခေါ်အထည် ချုပ်စက်ရုံသို့အလုပ်သမား၁၅ဦး ပို့ပါသည်။ ၂၁ ရက်နေ့ အလုပ် စတင်လုပ်ရသည်။  စာချုပ်တွင် တစ်နေ့ လျှင်၂၅၁ဘတ် နုန်းပေးမည်ဆို ကာ စာချုပ် ချုပ်ဆိုလာခဲ့ကြသော်လည်း လက်တွေ့ တွင် တစ်နေ့ကို ဘတ်ငွေ တစ်ရာသာပေးမည် ဟု ပြောခဲ့ပါသည်။ သို့ရာတွင် အလုပ်သမားများ ချုပ်ကြပါသည်။

    နောက်ပိုင်းတွင် ရက်ကျ မပေးနိုင်တော့ပဲ ပုတ်ပြတ်သာပေးမည်ဟုပြောဆိုလာ ခဲ့ပါသည်။ ထို့ကြောင့်အလုပ်သမား ၈ဦးတို့ အား ရဲဝံ့နဂါးဂုမ္ပဏီမှ လာရောက်ခေါ်သွား ခဲ့သည်။ ကျန် ၇ဦးအနက် အသက် ၂၀ ကျော်အရွယ် ကရင်လူငယ် ကိုမျိုးဇင် မှာ ထွက်ပြေးသွားခဲ့ပါသည်။