04 March 2014

“ငါးဖမ်းလှေတွင်ရောင်းစားခံနေရသည့်ရခိုင်အလုပ်သမား၆ ဦးလွတ်ပြီ”



    ကိုတီး
၂၀၁၄ ခု မတ်လ ၄ ရက်

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၈၆၄အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ဝှေ့မင်းလှေဆိပ်လှေအမှတ်(၁)KTHAVEESIMပေါ်တွင်ရောင်းစားခံနေရသည့် ရခိုင်အလုပ်သမား ၇ဦးအား ပူးပေါင်းဆောင်ရွက်သူများက ယမန်နေ့ညဥ့်နက်ပိုင်းတွင် ထိုင်းရေတပ် သင်္ဘောဖြင့်   သွားရောက် ကယ်ထုတ် နိုင်ခဲ့သည်။
 
           ရခိုင်ပြည်နယ်......မြို့နှင့်…… မြို့တို့မှ ရခိုင်လူငယ်အမြောက်အမြားတို့အား ပွဲစားအမျိုးသမီးတစ်ဦးက၄လ  လုပ်ဆပ် ရမည်ဖြစ်ပြီး၊ တစ်လလျှင်ကျပ်ငွေလေးသိန်း ခန့်ရမည်ဟုပြောဆို စည်းရုံးသဖြင့် ထိုင်းနိုင်ငံအတွင်းသို့လာခဲ့ကြောင်း ရောင်းစားခံရသည့်အလုပ်သမားများကပြောသည်။
 ပြီးခဲ့သည့်အပတ်က ဖုန်းဆက်မှုရရှိသည့် ပင်လယ်ထဲမှ  ရောင်းစားခံနေရသူ  တစ်ဦးက ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့MATအဖွဲ့သို့ အချက်အလက်များပေး ပို့နေခဲ့ပါသည်။

MAT အဖွဲ့ကနောက်ဆုံးရရှိသည့်သတင်းအချက်အလက်များအား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့AHTDနှင့် ထိုင်းအစိုးရလူကုန်ကူးမှု အထူးထောက်လှမ်းရေးတပ်ဖွဲ့ DSIတို့သို့ အကြောင်းကြား ခဲ့သည်။ ထို့နောက် ထိုင်းတောင်ပိုင်းအခြေစိုက်  ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FEDနှင့် ညှိနှိုင်း ကာ မတ်လ၂ရက်နေ့ညကတည်းက ကတန်လှေဆိပ်သို့MATအဖွဲ့ကခရီး ထွက် ခဲ့သည်။ 
 
     MATရုံးအဖွဲ့က ပြည်ထောင်စုမြန်မာနိုင်ငံတော် လူကုန်ကူးမှုတားဆီးနှိမ် နင်းရေး တပ်ဖွဲ့မှူးနှင့် 
 ကော့သောင်းတပ်ဖွဲ့စုမှူးတို့ထံသို့ အဆိုပါ လူကုန်ကူးမှုဂိုဏ်းအားနှိမ်နင်းနိုင်ရန် ဆက်လက် အကူညီ
  တောင်း ခံထားခဲ့သည်။
  ယခုလူကုန်ကူးမှုကို စီစဉ်နေသည့် လူကုန်ကူးဂိုဏ်းမှ ရခိုင်အလုပ်သမားပေါင်းနှစ်ရာကျော်ခန့်က တန်လှေဆိပ်သို့ တင်ပို့ပြီဖြစ်ေ ကြာင်း ပြန်လည်လွတ်မြောက်လာသည့် အလုပ်သမားကပြောသည်။
“ကျနော်တို့ကိုပွဲစားပြောတာကတမျိုး၊ ကျနော်တို့အင်ဒိုလှေလည်းလိုက်ပြီးပြီး ၇လကြာလုပ်ခဲ့ပြီး လုပ်အားခ မရတော့မှရောင်းစားခံပြီဆိုတာသိရတယ်။ အိမ်ပြန်တော့မယ်ဆိုလည်းပြန်လို့မရဘူး။ ဒီဂိုဏ်းကပဲ မကြာမီကဒီလှေဆိပ် ကို လူငါးဆယ်နီးပါး အဲဒီပွဲစားကပို့လိုက်တယ်။ 

တချို့လွတ်လမ်း မမြင်တော့ လို့ မိမိကိုယ်ကိုယ်ကြိုးဆွဲချသေသူ၊ ပင်လယ်ထဲခုန်ချပြီးအဆုံးစီရင်သွားကြ သူတွေရှိပါတယ်။ကျနော်တို့လွတ် မြောက်လာသလို အခြားလူတွေကိုလည်း လွတ်မြောက်အောင် ကူညီကြ ပါ။ အလားတူ ဒီလူကုန်ကူးဂိုဏ်းကိုလည်း အရေး ယူပေးကြပါ၊ မဟုတ်ရင်တော့ ရခိုင်လူငယ်တွေ အားလုံးပင်လယ်ထဲကို ရောက် ကုန်ပါမယ်” ဟု ပြောပြသည်။
  MAT အဖွဲ့ဒါရိုက်တာဦးကျော်သောင်း က“ကတန်မှာ ကယ်ထုတ်ရတာ အချိန်နဲ့စရိတ် စကတွေ တ်ာတော် ကုန်ကျပါတယ်။ ငါးဖမ်းလှေမှာတွေ့ တဲ့ အခြားရောင်းစားခံထားရသူတွေကို ကျနော်တို့ခေါ်လာခွင့်မပြုဘူး။ သူတို့ ငါးဖမ်းလှေရပ်ထားရမှာကိုထိုင်းအာဏာပိုင်တွေမလိုလားကြဘူး။ 

 လှေဆိပ်မှာရှိတဲ့ မြန်မာပွဲစားတွေကို မဖမ်းတဲ့အတွက် ငါးဖမ်းလှေတွေပေါ်မှာ လိုအပ်သမျှ အလုပ်သမား
တွေကိုမြန်မာ ပွဲစားတွေက ရှာပေးနေတာပေါ့၊ ရောင်းစားခံနေရသူတွေ ကျနော်တို့ကိုဖုန်းဆက်လို့ ရမယ့် အခွင့်အရေးဆိုတာတော်ရုံနဲ့မရဘူး။ 

ထိုင်းပဲ့နင်းတွေမြင်ရင် အသတ်ခံရနိုင်တယ်။ဒါ့အပြင်သူတို့လှေမ၀င်ခင်အနီးစပ် ဆုံးအတိကျဆုံး အဆက် အသွယ်ရဖို့ဆိုတာပိုတောင်ခက်ပါသေးတယ်။ ကျနော်တို့ကလည်း ထိုင်းအာဏာပိုင်တွေအရာကြီးတွေ နဲ့လုပ်ရတာ သတင်း အချက်အလက်မလွဲအောင် အထူးသတိထားရပါတယ်” ဟုပြောသည်။
       ၂၀၁၃ခုနှစ်က MATအဖွဲ့သည် ကတန်ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံနေရသည့် မြန်မာအလုပ် သမားများအား ၁၁ကြိမ်တိုင်တိုင်ကယ်ထုတ်ခဲ့သည်။ ထိုကယ် ဆယ်မှုများအတွင်း လူကုန်ကူးခံနေရ သူပေါင်း၈၂ဦးနှင့်လူသတ်အဓမ္မပြုကျင့်သည့် မြန်မာဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် ဂိုဏ်းသား၅ဦး တို့အား ဖမ်းဆီးနိုင်ခဲ့ သည်။