03 March 2014

“နေရပ်ပြန်အလုပ်သမားများအားထိုင်းပုလိပ်များငွေကောက်ခံ”



မောင်ပေါ်ထွန်း
 ၂၀၁၄ မတ်လ  ၃ ရက်
ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေကြရာမှ ခေတ္တနေရပ်ပြန်သွားကြသည့် မြန်မာအလုပ် သမားများအား ဘုရားသုံးဆူနှင့်မဲဆောက် လမ်းဂိတ်များ တွင်ငွေကြေးပေး နေရကြောင်း အလုပ်သမားများ ကပြောသည်။

      ကန်ချဘူရီ ဘုရားသုံးဆူ ဘက် လမ်းတွင် ၈ ဂိတ်နှင့် ဘန်ကောက် မဲဆောက်လမ်းဂိတ်၆ဂိတ် တို့တွင် တစ်ဂိတ်လျှင် အလုပ် သမားတစ်ဦး ထံမှ ဘတ်ငွေ၁၀၀စီ အသွားရော အပြန်ပါ ပေးဆောင်
နေကြရကြောင်း အလုပ်သမားများက ပြောသည်။
ဘန်ကောက်မြို့ဆူကူဗစ်လမ်း၂၀ တွင်  အိမ်ဖေါ်အ လုပ်လုပ်နေသည့် မအဲဖေါ့ သည် မဲဆောက်လမ်းမှ ကရင်ပြည်နယ် ဘားအံမြို့သို့ ခေတ္တပြန်သွားခဲ့စဉ် သူကြုံတွေ့ခဲ့ရပုံကိုပြော ပြရာတွင် “သမီးတို့မှာသွေးစစ်လက်မှတ်၊ ပတ်စပို့၊  ၀တ်ပါမစ် ပါ အစုံပါပါတယ်။ ဒါပေမယ့်မရဘူး  တစ်ဂိတ်ကို ဘတ်၁၀၀ စီပေးရတယ်။ သမီးလည်း မခံချင် လို့ သူဌေး ကို ပြန်ပြီး ဖုန်း ဆက်တယ်။ ပုလိပ်က ဘာပြောလဲဆိုတော့ အလှူ တဲ့။ ကားပေါ်ပါသမျှ မြန်မာ အလုပ် သမားတွေအားလုံးပေးရပါတယ်။ မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စ မြန်မြန်ရပ်တန့်ဖို့ ထိုင်းအစိုးရကို အမြန် ဆုံးပြောစေချင် ပါတယ်” ဟုပြောသည်။


       ထိုင်းနိုင်ငံအနှံ့အပြားမှ ပတ်စပို့ ကိုင်ဆောင် ထားကြသည့် မြန်မာ အလုပ်သမား အမြောက် အမြားနေ ရပ် ရင်းသို့နေစဉ်သွား လာနေ ကြသည်။ ၂ထပ်လိုင်းကားများအပြင် လုတု ဟု ခေါ်သည့်   ပေါင် မုံ့ ကားများဖြင့်ပါ ခရီ သွားလာနေ ကြကြောင်း သိရသည်။   အချို့ကားများမှာ ပုလိပ် များနှင့်ညှိ ထား သည်ဟု ပင်ယူ ဆနိုင်ကြောင်း အလုပ်သမားများက ဝေဖန်ကြသည်။ 

အလုပ်သမားများမှာ မိမိ၏ ပတ်စပို့နှင့် စာရွက် စာတမ်းများကို ကိုင်ဆောင်၍ မှောင်ရိပ်ထဲ တွင် တန်း စီရကြောင်း အခြားနိုင်ငံခြားသားများမှာ ကားပေါ်မှဆင်းရန်မလိုကြောင်း၊ မြန်မာအလုပ်
သမားများ ကပြောကြသည်။
             မဲဆောက်မြို့ပြင်တွင်ရှိသော အဝေးပြေးကားဂိတ်မှတစ်ဆင့် ထိုင်းမြန်မာချစ်ကြည်ရေးတံတားသို့ လိုင်းကားများဖြင့် အလုပ်သမားများ ထပ်မံသွားရာတွင်လည်း ကြောပိုးအိပ်နှင့်လက်ဆွဲအိပ်များပါသည့်  မြန်မာ အလုပ်သမားများ တစ်ဦးလျှင် ဘတ် ၁၀၀ စီထပ်မံပေးကြရပြန်သည်။ ယခုအချက်အလက်အား VDO လျှို့ရိုက်ကူး၍ ဘန်ကောက်အလုပ်သမား ကွန်ယက် MMNB သို့MATအဖွဲ့ကပေးပို့ခဲ့သဖြင့် ၂၀၁၃   နှစ် ကုန်ပိုင်းက  တာ့ခ် ခရိုင်ရဲချုပ်ထံသို့ တင်ပြခဲ့သည်ဟု အဆိုပါအဖွဲ့ကဆိုသည်။
         ဘန်ကောက်မြို့တွင် ပတ်စပို့ကုမ္ပဏီတည်ထောင်ထားသည့်မြန်မာ   အမျိုးသားတစ်ဦးက“ကျနော်   အလုပ်ကိစ္စနဲ့ မနေ့က ဘုရားသုံးဆူဘက်ကပြန် လာတယ်။ ပတ်စပို့စာအုပ်ကို ကြည့်တောင်မကြည့်ဘူး၊ ခုံပေါ်တင်ထားတယ်။   ငွေတစ်ရာပေးမှ စာအုပ်ကိုပြန်ယူရတယ်။ သံရုံးကိုဖုန်းဆက်တော့လည်း သူတို့ဘာ မှ မတတ်နိုင်ဘူးလို့ပြောတယ်။ မြန်မာပတ်စပို့ကိုင်ပြီး ပုလိပ်တွေ မတရားဖမ်းစားတာကိုခံနေရ တာကို   မြန်မာ သံရုံးနဲ့မဆိုင်ဘူးတဲ့။ သမ္မတ ဦးသိန်းစိန်း ကအလုပ်သမားတွေကိုကာကွယ်စောင့်ရှောက် ဖို့   နိုင်ငံခြားသံရုံး အားလုံးကိုပြောထားတယ်ဆို။ အလုပ်သမားဝန်ကြီးကလည်း  အလုပ်သမားတွေကိုကူညီဖို့ အလုပ်သမား သံအရာရှိတွေခန့်ထားတယ်ဆို။ အလုပ်သမားငွေတွေအလကားကုန်နေတယ်” ဟုပြော သည်။
            ထိုင်းနိုင်ငံအတွင်း သန်းချီသည့်အလုပ်သမားများတွင် ပတ်စပို့လုပ်ကိုင်ထားကြပြီဖြစ်သဖြင့်   မြန်မာပြည်သို့ နေ့တိုင်းပြန်နေခဲ့ကြသည်မှာ ပြီးခဲ့သည့် ၄နှစ်ကတည်းကဖြစ်သည်။ ၂၀၁၂  ကာလအထိ ကရင်ပြည်နယ်၊ ဂျိုင်းတံတား၊ ဇာသပြင်တံတား တို့တွင် မြ၀တီဘက်သို့လာသူတို့အား ထိုင်းကိုသွား သည်ကိုသိကြောင်း၊ ချောချောမွေ့မွေ့သွားခွင့်ရရန်အတွက်ဟု စပယ်ယာများကခရီးသွား တစ်ယောက်လျှင် ကျပ်ငွေ ၁၀၀၀ စီကောက်၍ စစ်တပ်ဂိတ်များကိုပေးခဲ့ကြရသည်။ ထို့အပြင် ကော့ကရိတ်မြို့အလွန်တွင် ကရင်ငြိမ်းချမ်းရေးတပ်အတွက်ဟုဆိုကာ ကောက်ခံခဲ့သေးသည်။ သို့ရာတွင် မီဒီယာများဖေါ်ပြချက်များ   ကြောင့်ယခုအခါ မြန်မာဘက်အခြမ်းတွင်  ကောက်ခံခြင်းမရှိတော့ကြောင်းသိရှိရသည်။ 
       ၂၀၁၂ မေလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့သို့အောင် ဆန်းစုကြည် ရောက်ရှိ ခဲ့စဉ်က  “တိုင်ပြည်အပြင်ပကိုရောက်နေတဲ့ အလုပ် သမားတွေ လုံလုံခြုံခြုံနဲ့ ပြန် လာနိုင်အောင်၊ လုံ လုံခြုံခြုံဆိုတာ ဟာ ပြန်လာတဲ့အခါမှာ  အသက်
မွေးဝမ်းကြောင်းအတွက် အလုပ်ရရှိနိုင်ရမယ်လို့ ဆိုလိုတာပါ။ ကျမတို့ တိုင်းပြည် ရဲ့ဂုဏ်သိက္ခာဆိုတာကျမတို့ပြည်သြူ ပည်သားတွေ ရဲ့ဂုဏ်သိက္ခာအပေါ်မှာတည်ပါတယ်။
ကျမ တို့ နိုင်ငံသားတွေ ဟာ ကမ္ဘာဘယ်နေရာမှာပဲနေနေ သိက္ခာရှိရှိမနေနိုင်လို့ရှိရင်တော့ ကျမတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ   ပြောနိုင်မှာမဟုတ်ပါဘူး” ဟုပြောခဲ့သည်။
 ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းနိုင်ငံကို ရောက်ခဲ့တုန်းက သမ္မတ ကြီး ဦးသိန်းစိန် နဲ့ NLD ဥက္ကဌ   ဒေါ်အောင်ဆန်းစုကြည် တို့ က ထိုင်းနိုင်ငံက အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ပြောခဲ့ကြတယ်။ တခြားကိစ္စတွေကို မကာကွယ်ရင်နေပါ။ တရားဝင်စာရွက်စာတမ်းအပြည့်အစုံ နဲ့နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား
တွေ ကို ဘုရားသုံးဆူလမ်း၊ မဲဆောက်လမ်းတွေမှာ ထိုင်းပုလိပ်တွေအကြီးအကျယ် ကောက်စားနေတာကို ရပ်ပေးပါလို့ ထိုင်းအစိုးရကိုပြောပေးပါလား။ ပြောတဲ့လူကြီးတွေဟာ ကတိ တည်တဲ့ လူတွေဖြစ်သွား မှာဖြစ်သလို သန်းချီရှိတဲ့အလုပ်သမားတွေကျေးဇူး လည်းတင်ကြပါလိမ့်မယ်” ဟုပြောသည်။
          ထိုင်းနိုင်ငံသို့ သောင်းနှင့်ချီ၍   နိုင်ငံခြား သားများ ၀င်ထွက်သွားလာ နေကြသော်လည်း မည်သည့်နိုင်ငံ   ခြားသားကိုမှ ထိုင်းပုလိပ်များက   ငွေကြေးကောက်ခံခြင်းမရှိပေ။ သို့ရာတွင် မြန်မာ အလုပ်သမားများ မှာမူ ထိုင်းလူမျိုးများ အနိုင်ကျင့် ခံလူ တန်းစားတစ်ရပ်ဖြစ်နေသည်မှာ၏စိတ်မကောင်းစရာဖြစ်သည်။ထို့မျှမက   မြန်မာအဆိုတော်များလာရောက် သီဆိုမည့် စတိတ်ရှိုးပွဲအမြောက်အမြားလည်းထိုင်းပုလိပ်များကြောင့် ပျက်ပြယ်ခဲ့ရဖူးသည်။ ယခုကဲ့သို့ ဆိုးဆိုး ၀ါးဝါးအနိုင်ကျင့်ခံနေရမှုများအား မြန်မာအစိုးရအနေဖြင့် လျစ်လျူရှုမနေပဲ အမြန်ဆုံးဆောင် ရွက်သင့်ကြောင်း MAT အဖွဲ့ကပြောသည်။