ဘာသာပြန်-ကိုတီ
ကိုတီး
၂၀၁၄ ခု မတ်လ ၅ ရက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာ တွင်ရှိသော ဖတရာ ပင်လယ်အပန်းဖြေမြို့ ကော့လန်းကျွန်းတွင် ထိုင်းလ၀က(တောမော) အယောင်ဆောင်၍ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီ၍ ငွေညှစ်နေသည့် ထိုင်းတစ်ဦးအား ယမန်နေ့ ညနေက ဖမ်းဆီးလိုက်ကြောင်း ထိုင်ရတ်သတင်းတွင်ဖေါ်ပြထားသည်။
မြန်မာအလုပ်သမားများအား မကြာခဏ ဖမ်းဆီ၍ငွေကြေးတောင်းခံနေသည့် ထိုင်းအား တာဝန်ရှိသူ ဟုတ်မဟုတ် စစ်ဆေးပေးပါရန် ထိုင်းလူမျိုးများ တိုင်ကြားမှုကြောင့် တောမော နယ်မြေ အမှတ်(၃)က စစ်ဆေးဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးချကိအရ အသက်၃၀ အရွယ် နိုင်ဖဒွန်း ဆိုသူအား သေနတ်၂လက်၊ လက်ထိပ်နှင့်အတူ စကားပြောစက်တို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းတွင် ဖေါ်ပြထားသည်။