22 June 2014
“ချွတ်ချော်တဲ့လွှတ်တော်နဲ့တော့ခက်ရချည်ရဲ့”
ကျနော်တို့ ဘလော့ကို အလည်လာနေကြတဲ့သူတွေ ဖတ်ရှုနိုင်ရန်အတွက်
၂၀၁၄ ခု ဇွန်လ ၁၈ ရက်နေ့ ပြည်တွင်းထုတ် “မြန်မာပို့စ်”အပတ်စဉ်ဂျာနယ် ပါ
ဆောင်းပါးကို   တင်ပြလိုက်ပါတယ်။
..............................................                               
      ဒီဆောင်းပါးကို ခေါင်းစဉ်ပေးချင် တာက “ဖါယုံ” လို့ပေးချင်းတာ။ ဒါပေ မယ့် ကြမ်းတမ်းယုတ်ညံ့တဲ့စကားနဲ့ နီးစပ်တာမို့ မပေးဖြစ်လိုက်တာပါ။   ပြောချင်တာကတော့ တစ်ပွဲပြန် တစ်နပ်စားအကြံဉာဏ်နဲ့ ဖါထေးပြီး တင်ပြနေတာကိုဝိုင်းပြီး ယုံနေကြတဲ့ခေတ် ထဲမှာပဲ ကျနော်တို့ တိုင်းပြည်ရှိနေ ဆဲဆိုတာကို ပြောချင်တာပါ။
            နိုင်ငံအရေးကိုစိတ်ဝင်စားကြတဲ့သူတွေ၊ စီးပွားရေးနိုင်ငံရေးနယ်ပယ် အထူးသဖြင့် လွှတ်တော်နယ်ပယ်က အမတ်မင်းတွေဟာ ဘာတွေကို ဘယ်ေ လာက်ဖါထေးနေရသလဲ၊ မေးလာတဲ့မေးခွန်းတွေအတွက် ပြန်ဖြေရမယ့် မဟုတ်တန်းတရားစာတမ်းတွေကို ညမအိပ်ပဲ ပြင်နေရသလဲဆိုတာ  ပိုမိုသိကြ မှာဖြစ်ပါတယ်။ နှစ်ပေါင်းငါးဆယ်ကျော် အပေါ်ယံ နှမ်းဖြူး အမှန်တရားကို ဖုံးဖိ လာ ခဲ့တဲ့  ယန္တရားက ပုံမှန်လည်ပတ်ဆဲပဲ မဟုတ်လား။    
                                  “လွဲလိုက်တာ”
ဦးသိန်းညွန့်ကို လေးစားစွာ ဦးညွတ်ပါတယ်……………….
        ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်လွှတ်တော်မှာ သင်္ကန်ကျွန်းမြို့နယ် ကိုယ်စားလှယ်ဦးသိန်းညွှန့်တင်ပြတဲ့ ပြည်ပအလုပ်သမားဥပဒေ ပြဌာန်းမလား
ဆိုတဲ့ အမေးကို လွှတ်တော်ကိုယ်စားလှယ်  ငါးဦးသာ ထောက်ခံပြီးတော့ ကျန်တဲ့ ကိုယ်စားလှယ်တွေက  ခပ်မဆိပ်နေခဲ့ကြတယ်။ ရှေ့နေကြီး ဦးသိန်းညွန့် ကတော့ ပြည်ပကိုရောက်နေတဲ့ သုံးသန်းသော အလုပ်သမားေ တွ ကို အကာအကွယ်အကူညီမပေးတဲ့ ၀န်ထမ်းတွေကို အပြစ်ပေးမယ့် ဥပဒေ မျိုးဖြစ်စေချင်တယ်လို့ဆိုပါတယ်။
 အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင် က အလုပ်သမား ဥပဒေတွေ ပြဌာန်းထားပြီးဖြစ် တာကြောင့် နောက်ထပ် ပြဌာန်းရန်မလိုေ ကြာင်း ပြောကြားလိုက်တယ်။
တွေကို တစ်နေ့ ကျပ်ငွေ ၃,၀၀၀ ပေးမယ် ဆိုကတည်းက  မကြာခင် တရားဝင်သတ် မှတ် လာမယ့် အလုပ်သမားအခြေခံ လုပ်အားခ  ဘယ်လောက်ရမလဲဆိုတာ မှန်းဆထားလို့ရပါပြီ။  
ဥရောပတိုင်းပြည်တွေ ရောက်ခဲ့စဉ်ကာလတုန်းက ဦးသိန်းစိန်ပြောခဲ့တဲ့ မြန်မာ      ပြည်သူတွေ တစ်နှစ် ဒေါ်လာ  တစ်ထောင် ၀င်ငွေရှိအောင် လုပ်ပေးရမယ် ဆိုတာကတော့ လျှာမှာ အရိုးမရှိတိုင်းပြောတဲ့စကားဖြစ်ကုန်တာပေါ့။ ပြည်ပ    မှာရောက်နေကြတဲ့ အလုပ်သမားပြဿနာတွေကို  မြန်မာအလုပ် သမားဝန်ကြီး ဌာနကသိပါတယ်။ အပေါ်စီးက ကြည့်နေတာမို့ အားလုံးသိပါတယ်လို့ ညွန်ကြားရေးမှူးချုပ်က ကျနော့်ကို  ပြောဖူးပါတယ်။ အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင် ကိုကျနော်မေးချင်တဲ့မေးခွန်းတွေကတော့.........
                        ပတ်စပို့လုပ်ငန်းကိစ္စများ
(၁) ထိုင်းမှာအလုပ်လုပ်လို့ရရုံ၊ အလုပ်သမားများအကုန်အကျသက်သာတဲ့ ယခင် (ပန်းရောင်ဘတ်) လုပ် ပေးခြင်းဟာ အလုပ်သမားတွေ တိုင်းပြည် ကို ပြန်ပို့ငွေ များစေတာကြောင့် ပြန်စဉ်းစားမိရဲ့လား။
(၂) သက်တမ်းကုန်နေတဲ့ ပတ်စပို့တွေကို  အသစ်ပြန်လဲမယ့် အစီအစဉ်မှာ အယင် အလုပ်သမားကိုင်တဲ့ ပတ်စပို့ထက် အခက်အခဲဖြစ်စေမယ့် လုပ်ငန်းစဉ်   တွေ ထည့်သွင်းထားခြင်းကို ပြန်ဆန်းစစ်ပြီလား။ တရားမ၀င်လာရောက်နေ ကြတဲ့ အလုပ်သမားတွေမှာ မိသားစုအိမ်ထောင်စုစါရင်းနဲ့ အမျိုးသားမှတ်ပုံတင် ပါဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ စဉ်စားမိရဲ့လား။ 
(၃) လွယ်ကူချောမွေ့နိုင်မယ့် နည်းလမ်းတွေကို မိမိတို့မစဉ်းစားနိုင်လျှင် အခြား အကြံပေးနိုင်သူများကပေးတာကို စဉ်းစားလက်ခံမယ်ဆိုတဲ့ အယူအဆမျိုးရှိနေ ပြီလား။
(၄) ပတ်စပို့နဲ့ခရီးသွားလို့မရ၊၀တ်ပါမစ်ပါတောင်းတယ်။ နေရပ်ပြန်နေကြတဲ့
 မြန်မာအလုပ်သမားတွေဆီ ကနေ ပိုက်ဆံကောက်စားနေတဲ့ ဘန်ကောက် မဲဆောက် မြ၀တီလမ်းတလျှောက်က ထိုင်းပုလိပ်တွေကိုဘယ်လိုရှင်းပေးမလဲ။
 (၅)အခြားနိုင်ငံသားတွေပတ်စပို့နဲ့ခရီးသွားလာခွင့်ရလျှက်နဲ့ မြန်မာအလုပ်
သမားတွေ ဘာကြောင့် လွတ်လပ်စွာ ခရီးသွားလာခွင့်မရရှိတာလဲ။ ဘာကြောင့်လဲ။ ထိုင်းအစိုးရကို မေးကြည့်ဖို့စဉ်းစားမိပါသလား။
(၆) အလည်ဗီဇာနဲ့ ပတ်စပို့လုပ်ပြီး ပို့နေကြတာကို ဘယ်လိုအရေးယူမလဲ။
(၇) ဘတ်ငွေ တစ်သောင်းကျော်အကုန်အကျခံလုပ်ထားတဲ့ ပတ်စပို့သက်တမ်း တိုးဖိုး သူဌေးပြောင်းဖို့ ငွေပေးရ ။လုပ်အားခ ၀င်ငွေရဲ့ငါးရာခိုင်နုန်းကို အလိုလို   နေရင်းအဖြတ်ခံနေရ။အကျိုးခံစားခွင့်လည်းမရှိ၊နေရပ်ပြန်ရင်လည်း ပြန်တောင်း
မရ။ လူလယ်ကျထားတဲ့ ထိုင်းအလုပ်သမားဥပဒေကို  ဘယ်သူရှင်းမလဲ။
                           MOU ပြဿ    နာများ
(၁) MOU နဲ့ လာတဲ့အလုပ်သမားတွေ  စာချုပ်ပါစည်းကမ်းပြောင်းပြန်ဖြစ်ပြီး တရားဝင်လူကုန်ကူးခံနေကြရတယ်။ ဖိနှိပ်ခံနေကြရတယ်။ ဘယ်လိုရှင်းပေးေ နပါသလဲ။
(၂) MOU နဲ့လာတဲ့အလုပ်သမားတွေ  ၀တ်ပါမစ် မရှိလို့ဆိုပြီးနယ်မြေခံ ရဲတွေ ဖမ်းဆီးထောင်ချထားတာရှိတယ်။ ဘယ်သူရှင်းပေးမလဲ။
(၃) MOU နဲ့  အစိုးရအချင်းချင်း ပို့တယ်ဆိုပြီး ဘာကြောင့် ထိုင်းပုလိပ်တွေ ဖမ်းစားနေတာလဲ။ ဘာတွေလွဲနေလို့လည်း စီစစ်ကြည့်ဖြစ်ပါသလား။
 (၄) အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ အမည်စါရင်းမှာ မပါတဲ့ ကုမ္ပဏီ နဲ့ လူပုဂ္ဂိုလ်တွေ အလုပ်သမားတင်သွင်းနေတယ်။  ဥပမာ ( မဲဆောက်မှ အဘိုင်ကြီး….) ဒါ့အပြင် အစိုးရ သတ်မှတ်ထားတဲ့နေရာမှာမဟုတ်ပဲ ဘုန်းကြီး   ကျောင်းနဲ့ ၎င်းတို့ ကုမ္ပဏီရုံးခန်းတွေမှာ ကြိတ်ပြီးတော့ လက်မှတ်ထိုးကြ တယ်။ အဲဒါကိုဘယ်လိုရှင်းမလဲ။
 (၅) MOU နဲ့လာခဲ့ပြီး စာချုပ်ပါစည်းကမ်းအတိုင်း ကောင်းမွန်စွာ လုပ်သွားတဲ့ လုပ်သားကောင်းတွေနှစ် ပြည့်ရင်  နယ်စပ်ကိုပြန်ပို့၊ သူတို့ပြဿဿဿသ  နာ သူတို့ ကံကြမ္မာကို အသွင်းအထုတ်လုပ်တဲ့ ကုမ္ပဏီ လုပ်ချင် တာလုပ်ခွင့်ပေးထား တာ၊ တရားမျှတမှုရှိရဲ့လား။
(၆) ထိုင်းတောင်ပိုင်း မွတ်ဆလင်သောင်းကျန်းသူနယ်မြေမှာ ရှိနေတဲ့ စက်ရုံ အလုပ်ရုံတွေကို ဘာ့ကြောင့် အလုပ်သမားတင်သွင်းနေပါသလဲ။ ဘယ်သူ တာဝန်ခံပါသလဲ။
(၇) ထိုင်းလူမျိုး၊ ထိုင်းလုပ်ငန်းရှင်၊  ထိုင်းအာဏာပိုင်တွေ ထိုင်းနိုင်ငံအနှံ့အပြား မှာ နေ့တိုင်း အနိုင်ကျင့် နှိပ်စက်တာတွေခံနေရတယ်။ ပတ်စပို့တွေကို အလုပ် ရှင်တွေနဲ့ ပုလိပ်တွေသိမ်းဆည်းနေတယ်။ အဲဒါကို ဘယ်သူရှင်းပေးနေသလဲ။
   လူကုန်ကူးခံရသူများအတွက်
(၉) လူကုန်ကူးခံရတဲ့ အသက်၁၈ နှစ်အောက် မြန်မာကလေးတွေကို ထိုင်းကယ်ဆယ်ရေးစခန်းထဲမှာ ထည့်ထားပြီး နိုင်ငံတကာကို ၆လကနေ တစ်နှစ်လောက်ပြစားတယ်။  သူတို့ပြောတာကတော့ စိတ်ပိုင်း ဆိုင်ရာ ပြန်လည် မြှင့်တင်တာပါတဲ့။ အဲဒီကလေးတွေ မိဘတွေနဲ့ အတူတူနေချင်တယ်။ အမြန်တွေ့ချင် တယ်။ ဒါကို ဘယ်လိုရှင်းပေးမလဲ။
(၁၀) လူကုန်ကူးခံရသူတွေကို ထောင်ချတယ်။ ကယ်ဆယ်ရေးစခန်းထဲမှာထားတယ်။ လုပ်အားခတွေရှင်း မပေးဘူး။ လူကုန်ကူးခံခဲ့ရသူတွေကို သုံ့ပန်းလိုဆက်ဆံ တယ်။   ပြန်ပို့တဲ့အခါ နယ်စပ်ကို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေနဲ့ရောပို့လိုက်တယ်။ အဲဒီက တစ်ဆင့် ထပ်ပြီးလူကုန်ကူးခံရတယ်။  မြ၀တီရောက်ရင် ဒီကေဘီအေ ဂိတ်ဟောင်းမှာ  ဘတ်ငွေ ၂,၀၀၀ ပေးရတယ်။ ဘယ်လိုရှင်းမလဲ။
                         အထွေထွေပြဿ    နာများ
 (၁) မြန်မာအလုပ်သမားတွေ အသက်သေဆုံးမှုတွေ၊ လုပ်ငန်းခွင်ထိခိုက်မှု   ကြောင့် ၊ သေဆုံး၊ ကျိုးပဲ၊ မွေးရာပါ  ကိုယ်လက်အင်္ဂါ ပျက်စီးသွားတယ်။ဘယ်သူ ဖြေရှင်းပေး 
နေပါသလဲ။
(၂) မြန်မာအလုပ်သမား မိသားစုတစ်ဦးဦးကို ပြန်ပေးဆွဲခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနဲ့ လုယက် ခြင်းတို့အတွက် ဘယ်သူဖြေရှင်းမလဲ။
(၃) လုပ်အားခတွေမရဘူး။ ထမင်းစားကျွန်ခံလိုဖြစ်နေတယ်။ ဒါကြောင့်အလုပ်   ပြောင်းချင်တယ်။ ပြောင်းလို့မရဘူး။  ဒါကို ဒုဝန်ကြီး ဘယ်လိုရှင်းပေးမလဲ။
 (၄)  မြန်မာအလုပ်သမားအချင်းချင်း လိမ်လည်ခြင်း၊  အဓမ္မပြုကျင့်ခြင်း၊ ထိမ်းမြား လက်ထပ်ခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း တို့အတွက်ကော ဘယ်သူရှင်းမလဲ။
(၆) သိန်းနဲ့သောင်းနဲ့ချီပြီး ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့သားသမီးေ တွ  အင်ကျီအိုကျောင်းတွေမှာ တက်နေကြရတယ်။ သူတို့တွေရဲ့ အနာဂတ် ပညာရေးကို ဘယ်လိုစခန်းသွားကြမလဲ။
         မြန်မာအစိုးရ တရားဝင်သတ် မှတ်ထားတဲ့ မြန်မာအလုပ်သမားနှစ် သန်းဆီက တစ်ယောက်ကို တစ်လ ကို ပျမ်းမျှ ဘတ်ငွေ  ၂,၀၀၀ ပို့ရင်   မြန်မာနိုင်ငံ ကို ဘတ်သန်းပေါင်း ၄,၀၀၀ ပို့နေကြတယ်။  ဒီငွေတွေနဲ့ သားသမီးမိသားစုတွေကို စာသင်ပေး ကြတယ်။ လယ်ယာသုံးစက်နဲ့ ကျွဲနွားတွေဝယ်ကြတယ်။ စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေ ဆောက်ကြ တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ကောက်ခံသမျှ ငွေကိုလည်း ဒီငွေတွေနဲ့ပဲ   ပေးနေကြရတာပါ။
            အထက်က ဖေါ်ပြတဲ့ အဓိကအချက်အလက်တွေကို အလုပ်သမား ၀န်ကြီး ဌာနက စေလွှတ်ထားတဲ့ အလုပ်သမားသံအရာရှိဆိုသူတွေ ရှင်းနိုင် သလား၊  ရှင်းနိုင် မလား ရှင်းတတ်သလားဆိုတာ လူအများသိအောင် ဖြေရှင်း   ပေးပါလို့ လေးစား စွာ တောင်းဆိုအပ်ပါတယ်။
           နိဂုံးချုပ်အနေနဲ့ကတော့ သန်နဲ့ချီရှိနေတဲ့အလုပ်သမားတွေကိုကူညီဖြေရှင်း
ပေးဖို့ အလုပ်သမားသံအရာရှိ တစ်ဦးတည်းလွှတ်ထားတာကို ပွဲပြီးမီးသေ မှတ်ပြီး   ပြောနေတာဟာလက်တွေ့နဲ့ကင်းကွာလွန်းပါတယ်။ ပမာဏဒီလောက် များပြားတဲ့  အလုပ်သမားတွေကို လိုအပ်သလို ကူညီစောင့်ရှောက်ဖို့အတွက်   ဖြစ်နိုင်လို့ရှိရင် အမှန်တကယ် အလုပ်သမားအရေးလုပ်ကြသူတွေနဲ့ ကျယ်ပြန့်တဲ့ လက်တွဲဆောင် ရွက်မှုမျိုးကို စနစ်တကျ လုပ်ထားမှဖြစ်မယ်ဆိုတာေ လာက်တော့ နားလည်ထား သင့်ကြောင်းပြောပါရစေ။
                                            ကျော်သောင်း ဘန်ကောက်