၂၀၁၄ ဇွန်လ
၁၇

ကျောင်းဆရာ ကိုစောမောင် သည် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်
ရုပ်ပုံတွင် “ထိုင်းရောက်မြန် မာအလုပ် သမားတွေကို ပစ်မထားပါနဲ့ခင်ဗျား” ဟူ သည့်စာကို
မြန်မာ အင်္ဂလိပ်၂ဘာသာ ရေးသား၍ ၎င်း နောက်ပိုစတာ တစ်ချပ် တွင် မြန်မာပတ်စပို့အောက်ခံ ပုံ၌
“ပတ်စပို့ရှိလျှက် ပုလိပ်ဖမ်းနေတာကို မြန်မာသံရုံး မသိ ချင်ယောင် မဆောင် ပါနဲ့” ဟူ၍ ပိုစတာ
နှစ်ခုကိုင်ကာ တစ်ဦးတည်း၁၀ မိနစ်ခန့် ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့သည်။
ကိုစောမောင် က“ ကျနော့်ကို သံရုံးထဲကို ခေါ်သွားပြီးတော့ သံအမတ် ကြီးနဲ့ စကားပြောကြတယ်။ ကျနော်ကလည်း အလုပ်သမားတွေ ဒုက္ခရောက် နေတာ အဖမ်းခံရတာတွေကို မြန်မာသံရုံးအနေနဲ့ မသိချင်ယောင်မဆောင်ဖို့ ကူညီသင့်တာတွေကို ကူညီဖို့ တောင်းဆိုပါတယ်။ အစိုးရတစ်ရပ်က ကျနော် တို့ကို နဲနဲမှ စောင့်ရှောက်မှုမရှိဘူးဆိုရင် ကျနော်တို့ကို ထိုင်းအာဏာပိုင်တွေ ဒီထက် ဆိုးဆိုးဝါးဝါး အနိုင်ကျင့်လာမယ်လေ။ ကျနော် မနေ့က လက်ကိုင်ပို စတာကို အွန်လိုင်း ဖေးဘွတ်မှာ တင်ပြီးမှ အလုပ်သမားသံအရာရှိက စာအ မှတ်မပါတဲ့ လက်ရေးမူနဲ့ ကြေညာချက်ထုတ်တယ်။ ပြောမှဖြစ်တော့မယ်ဆိုပြီး ကျနော်လုပ်တာ။ အလုပ်သမားအားလုံးအတွက်ပါ” ဟုပြောသည်။
