17 January 2018

မြောက်ဦးအကြမ်းဖက်မှုဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်

U.S. Embassy Rangoon
၁၇.၁.၂၀၁၈
ယမန်နေ့ညက မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းအပါအဝင် ထိုအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်အတွက် များစွာစိုးရိမ်မိကြောင်းကိုလည်း ပြောကြားလိုပါသည်။ တရားဥပဒေစိုးမိုးမှုကိုလေးစားသည်နှင့်အညီ ပြည်သူများငြိမ်းချမ်းစွာစုဝေးခွင့်သည် မည်သည့်ဒီမိုကရေစီစနစ်၌မဆို အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ ဤကြေကွဲဖွယ်ရာဖြစ်ရပ်များအကြောင်းနှင့် ယင်းတို့မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ပိုမိုကောင်းမွန်စွာနားလည်ပြီး နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ်အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည်။
The U.S. Embassy wishes to express its distress at reports of violence last night in Mrauk-U and its deep concern for all innocent people affected by the violence, including condolences to the families of those killed. The right of a people to peacefully assemble is a cornerstone of any democracy, as is respect for the rule of law. We hope that reason and restraint will prevail and that, with a better understanding of these tragic events and how they unfolded, future incidents of violence can be prevented.
-------------------------------------------------------------------------------------------------------------------------------------------------------------
မြောက်ဦးအကြမ်းဖက်မှု အမေရိကန်နှင့် ကုလသမဂ္ဂ ဝမ်းနည်းဟု ကြေညာ
ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် ဒေသခံများနှင့်လုံခြုံရေးအဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား၍ ပြည်သူများအသက်ဆုံးရှုံးခဲ့ရမှုများအပေါ် အမေရိကန်သံရုံးက ဝမ်းနည်းကြောင်း ဇန်နဝါရီလ ၁၇ ရက်တွင် ကြေညာသည်။
အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုနှင့်အတူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်ခံစားရမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း အဆိုပါကြေညာချက်တွင်ပါရှိသည်။
ယခုဖြစ်ရပ်ကို ပိုမိုကောင်းမွန်စွာနားလည်၍ နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်၍ အကြမ်းဖက်မှုဖြစ်စဉ်များကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သံရုံးက ကြေညာသည်။
အမေရိကန်နည်းတူပင် ကုလသမဂ္ဂကလည်း မြောက်ဦးရုန်းရင်းဆန်ခတ်မှုတွင် ဆုံးပါးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ကြေညာသည်။
ထို့ပြင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အလေးထားရန်၊ ယခုကိစ္စတွင်အင်အားအလွန်အကျွံအသုံးပြုမှု သို့မဟုတ် အခြားဥပဒေနှင့် မလျော်ညီသော လုပ်ဆောင်ချက်များရှိပါက စုံစမ်းဖော်ထုတ်အရေးယူရန် ကုလသမဂ္ဂက မြန်မာအာဏာပိုင်များကို တိုက်တွန်းလိုက်သည်။
ဇန်နဝါရီလ ၁၆ ရက် ညပိုင်းကဖြစ်ပွားခဲ့သည့် မြောက်ဦး ရုန်းရင်းဆန်ခတ်မှုကြောင့် အရပ်သား ခုနှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။