22 January 2018

မြောက်ဦး အဓိကရုဏ်းကိုင်တွယ်ပုံနှင့် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်တို့ကို ဖမ်းဆီးခြင်းအပေါ် မာန်အောင်တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မည်




January 22, 2018 ဆဲဗင်းဒေး

မြောက်ဦးအဓိက ရုဏ်းဖြစ်စဉ် ကိုယ်တွယ်ပုံအပါ အ၀င် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်ကို ဖမ်းဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ ကို ရခိုင်ပြည်နယ် မာန်အောင် မြို့၌ ယနေ့ဇန်န၀ါရီ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။


‘‘ဆန္ဒထုတ်ဖော်ဖို့အတွက် ခွင့်ပြုချက်ကို ဇန်န၀ါရီ ၁၉ ရက် က တင်ပါတယ်။ အခုခွင့်ပြုချက် လည်း ရရှိထားပြီဖြစ်ပါတယ်။ လူ အင်အားကတော့ တစ်ထောင့်ငါး ရာကျော် တင်ထားပါတယ်။ အခု မြောက်ဦးဖြစ်ရပ်နဲ့ စာရေးဆရာ ဝေဟင်အောင်၊ ဒေါက်တာအေး မောင်တို့ကို ဖမ်းဆီးတာနဲ့ပတ် သက်ပြီး ကန့်ကွက်ကြောင်း ပြသ မှာ ဖြစ်ပါတယ်’’ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့်သူတစ်ဦးက ပြော ကြားသည်။


မြောက်ဦးအဓိကရုဏ်းတွင် ထိခိုက်သေဆုံးသူများအ တွက် အစိုးရအနေဖြင့် တာဝန်ယူပေး ရန် ရခိုင်လူငယ်ငါးဦးက ဇန်န၀ါရီ ၁၇ ရက်တွင် ရခိုင်ပြည်နယ်အစိုး ရအဖွဲ့ရုံးအရှေ့၌ ဆန္ဒပြခဲ့သည်။

သို့သော် ယင်းဆန္ဒပြမှုသည် မြောက်ဦးဖြစ်စဉ်တစ်ခုတည်းအ တွက် ပြုလုပ်ခြင်းဖြစ်ပြီး ဒေါက်တာအေးမောင်နှင့် စာရေး ဆရာ ဝေဟင်အောင်ကို ဖမ်းဆီးထား ခြင်းနှင့် သက်ဆိုင်မှု မရှိပေ။

မြောက်ဦးဖြစ်စဉ်၊ ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်တို့ ဖမ်းဆီးခံရပြီး နောက် စစ်တွေမြို့တွင် ဆန္ဒပြပွဲ ပြုလုပ်ရန် ဒေသခံအချို့ စုဝေးခဲ့ သော်လည်း ဆန္ဒပြပွဲဖြစ်မလာသေးဘဲ ယခုရက်ပိုင်း၌ စစ်တွေမြို့ လုံခြုံရေးကို အထူးတင်းကျပ် ထားသည်။

ဒေါက်တာအေးမောင်ဖမ်း ဆီးခံရသည့် ဇန်န၀ါရီ ၁၈ ရက်က စတင်ကာ ဆန္ဒပြပွဲများပြုလုပ်ရန် အမည်အစစ်အမှန်ဖော်ပြခြင်း မရှိသော ဖေ့စ်ဘွတ်ခ်ပိုင်ရှင်များ က လှုံ့ဆော်ခဲ့သည်။

သို့သော် မာန်အောင်မြို့တွင် ပြုလုပ်မည့် ကန့်ကွက်ဆန္ဒထုတ် ဖော်ပွဲသည် အဆိုပါ လှုံ့ဆော်မှု နှင့် သက်ဆိုင်မှုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ပွဲကို ဦးဆောင်မည့်သူ များက ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ဟောပြောချက်များနှင့် ပတ်သက် ၍ ဇန်န၀ါရီ ၁၆ ရက်တွင် ကျင်းပ သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးက ၎င်းတို့နှစ်ဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁(ခ)(ဂ)၊ နိုင်ငံတော်အကြည် ညို ပျက်စေမှုရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ)၊ မတရားအသင်း အက်ဥပဒေပုဒ်မ(၁၇)(၁)(၂)တို့ ဖြင့် အမှုဖွင့်တရားစွဲဆိုရန် ဆုံး ဖြတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို ရသေ့တောင်ရဲစခန်းက ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်။