12 December 2012

“မဟာချိုင်ပုလိပ်လုပ်ရပ် အလုပ်သမားများနေ့စဉ်အခက်ကြုံ”


ဒီဇင်ဘာ ၁၂မင်းဘခက် (ရွှေလုပ်သား)

       ဘန်ကောက်မြို့  အနီး မဟာချိုင်သို့ အလည်သွားသည့် တရားဝင်နေထိုင် အလုပ်လုပ် ကိုင်ခွင့် ပတ်စပို့နှင့် စာရွက်စာတမ်းပြည်စုံသည့် အလုပ်သမားတစ်ဦးအား မဟာချိုင် ပုလိပ်များက ဖမ်းဆီးပြီး ဘတ်ငွေ ၅၀၀၀ တောင်းခံခဲ့ခြင်း ကို ပူးပေါင်းအဖွဲ့  တို့က ကူညီနိုင်ခဲ့ကြသည်။

               ယမန်နေ့က ဘန်ကောက်မြို့ သံထည် အလုပ်ရုံတစ်ခုမှ အလုပ်သမား ကိုအောင်လင်းဇေါ် ဆိုသူ သည် သူငယ်ချင်းဖြစ်သူ နေထိုင်သည့် မဟာချိုင် မဲ့နန်းကျင် အရပ်သို့ သွားရောက်ပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

10 December 2012

“ခြုံဖေါ်ထိုင်းပုလိပ်ဖမ်းလို့ မြန်မာအဆိုတော်များစတိတ်ရှိုး ပွဲပျက်”

                         
ဒီဇင်ဘာ ၁၀ ရက်
မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်းခြုံဖေါ်ပါနန်းတွင် ယမန်နေ့ ညက  မြန်မာနာမည်ကြီးအဆိုတော်များ စတိတ်ရှိုး ပွဲအား ထိုင်းပုလိပ်များဖမ်းဆီးသဖြင့်  ပွဲပျက်သွား ခဲ့ကြောင်း သိရှိရသည်။

       ထိုင်းမီဒီယာကုမ္ပဏီတစ်ခုဖြစ်သော Life media studio က မြန်မာအဆိုတော် များဖြစ်ကြသည့် R ဇာနည်၊ ဆုသင်းပါရ်၊ ၀ိုင်းစုခိုင်သိန်း၊ ချစ်သုဝေ၊ သအိုနှင့်ဂျေလတ် တို့ သီဆီဖျော်ဖြေရန်စီစဉ်ထားသည့် စတိတ်ရှိုး ဖြစ်သည်။

       WORK PERMIT မရှိပဲ စီးပွားရှာခွင့်မပြုဆိုသည့် ဥပဒေအရ ဖမ်းဆီးခဲ့ခြင်း
ဖြစ်ကြောင်း အမည် မဖေါ် လိုသည့် ဒေသခံအင်ဂျီအိုဝန်ထမ်းတစ်ဦးက ပြောသည်။

06 December 2012

“ရောင်းစားခံထားရသည့် ငါးဖမ်းလှေ အလုပ်သမား၇ဦးအား ပူးပေါင်းအဖွဲ့များကယ်တင်”

     

ကိုတီး- မတ်လ ၆
         ထိုင်းနိုင်ငံ  ခြုံဘူရီခရိုင်ချေင်းစမေးစံလှေဆိပ် ငါးဖမ်းလှေ တွင်ရောင်းစားခံနေခဲ့ရသည့်မြန်မာ အလုပ်သမား ၇ဦးတို့အားထိုင်းအစိုးရလူ ကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့AHTD,ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသား များ အဖွဲ့ MAT နှင့် ထိုင်းတောင်ပိုင်းဖန်င အခြေစိုက် FED အဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့သည်။

                 နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၃ဦး၊ မတ်လ ၄ ရက်နေ့တွင် ၂ဦးနှင့် ယနေ့တွင် ၂ဦး စုစုပေါင်း ၇ဦး ကယ်တင်နိုင်ခဲ့သည်။ ကယ်တင် နိုင်ခဲ့သူတို့သည် အနည်းဆုံး ၄လမှ တစ်နှစ်အထိ အခကြေး ငွေ မရရှိပဲ အလုပ်လုပ်ခဲ့ကြရသူများဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများကပြောသည်။

 

22 November 2012

“မဲခေါင်တံတားလှေဆိပ်အနီးတွင်လူကုန်ကူးခံခဲ့ရသူ၂ဦးယနေ့ နေရပ်သို့ပြန်ပြီ။”


                 
ကိုတီး
နိုဝင်ဘာ ၂၂
           စက်တင်ဘာလ ၈ ရက်နေ့က ထိုင်းမြန်မာ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သူ များက ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၀ခန့်  အကွာရှိ စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်  မှပွဲစားအမျိုးသမီးနှင့်အတူဖမ်းဆီးကယ်တင်နိုင်ခဲ့ သည့်  ရောင်းစားခံထားရသူ၂ဦး ယနေ့နံနက်ပိုင်း က မြ၀တီ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့ သို့ ကောင်းမွန်စွာ ရောက်ရှိသွားပြီးဖြစ်သည်။
 မြ၀တီလူကုန်တားအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ ဒီအလုပ်သမားတွေ ကိုနေရပ်သို့ ပြန်ရောက်အောင် ပို့ပေးမှာ ဖြစ်သလို သူတို့ဒေသက လူကုန်ကူးသူကိုပါ အရေးယူနိုင်အောင် ကျနော်တို့ ဆက်လက်လုပ်ဆောင်ပါမယ်” ဟုပြောသည်။

21 November 2012

"ဆရာတော် ဦးဇောတိက ကထိန်ဝတ္ထုငွေအားလုံးကိုလှူ"


နိုဝင်ဘာလ ၂၂  ရက်နေ့
မြတ်ညို(အလွတ်သတင်းထောက်)-

         ယနေ့ညနေတွင် ဘန်ကောက်မြို့အနီး စမွတ်စာခွန်ခရိုင် မဟာချိုင်နယ်မြေ၊ နိုင်လုံမစ် (၁)လမ်းတွင် နေထိုင်ကြသည့် မြန်မာ အလုပ်သမား များ ပထမဦးဆုံးအကြိမ် စုပေါင်း ကျင်းပကြသည့်  ကထိန်တရားပွဲ ၀တ္ထုငွေ ဘတ်ရှစ်သောင်းကျော်အား ဘန်ကောက်မြို့ ၀ပ်တလုံးကျောင်း အောင်သပြေေ ကျာင်း ဆရာတော် အသျှင်ဦးဇောတိက, က  မြန်မာနိုင် ငံ မြေငလျှင်ဘေးဒုက္ခသည်များ အားကျပ်ငွေ ၁၀သိန်း ပေးပို့လှူးဒါန်းသည်။

           ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဘတ်ငွေ ၁၀၀၀၀ လှူဒါန်းပြီး ကျန်ငွေများကို
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများအခက်အခဲတို့အား ကူညီနိုင်ရန် ရံပုံငွေအဖြစ် တပည့် တကာများ၏ လက်ထဲတွင် သိမ်းဆည်းထားမည်ဖြစ်ကြောင်း ဦးဇောတိက  ကမိန့်တော်မူသည်။

19 November 2012

“ဖမ်းစားသည့် ပုလိပ်ဂိုဏ်းထံမှ အလုပ်သမား၂ ဦးပတ်စပို့ ပြန်ရ”


                    
နိုဝင်ဘာလ ၁၉

မြတ်ညို(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့ ဖလန်စောင်လမ်းမကြီး ဘန်ကဒီ၎လမ်းတွင် ဖမ်းစားပုလိပ်ဂိုဏ်း တစ်ခုက အလုပ်သမား၂ ဦးထံမှ သိမ်းယူထားလိုက်သည့် ပတ်စပို့နှင့် ၀တ်ပါမစ် တို့အား  MAT အဖွဲ့၏ ကူညီမှုဖြင့် ပြန်လည်ရရှိ လိုက်ပြီးဖြစ်သည်။

    နိုဝင်ဘာလ ၁၆ ရက်နေ့က အ၀င်း ဟုခေါ်သည့် မွန်အမျိုးသား ပွဲစား တစ်ဦးက  အလုပ်သွင်းပေး မည်ဟုဖုန်းဖြင့် ခေါ်သဖြင့် ရခိုင်အလုပ်သမား ၄ဦး တို့လာခဲ့ကြစဉ် ထိုင်းပုလိပ် ၄ဦးတို့ရောက်ရှိ လာခဲ့ ကြပြီး ဖမ်းဆီးငွေညှစ်ခြင်းကိုခံခဲ့ကြ ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

  ကိုအောင်နိုင် က “ ပတ်စပို့မပါတဲ့ ကိုနေလင်း နဲ့ ကိုမိုးဟိန်း တို့ကို ဘတ် ၄၀၀၀ နဲ့ လာရွေး သွား ကြတယ်။ ကျနော်နဲ့ ကိုရဲဝင်း တို့ကို ပိုက်ဆံတောင်း တယ်။ ကျနော်တို့ ကပတ်စပို့ရှိတော့မပေးဘူး။ တစ်ယောက်ကို ဘတ်၅၀၀၀နဲ့ လာရွေးရမယ်ဆိုပြီး ကျနော်တို့ဝတ်ပါမစ်နဲ့ ပတ်စပို့ရောမြန်မာမှတ်ပုံတင်တွေကိုပါ သိမ်းထား