12 December 2012

“မဟာချိုင်ပုလိပ်လုပ်ရပ် အလုပ်သမားများနေ့စဉ်အခက်ကြုံ”


ဒီဇင်ဘာ ၁၂မင်းဘခက် (ရွှေလုပ်သား)

       ဘန်ကောက်မြို့  အနီး မဟာချိုင်သို့ အလည်သွားသည့် တရားဝင်နေထိုင် အလုပ်လုပ် ကိုင်ခွင့် ပတ်စပို့နှင့် စာရွက်စာတမ်းပြည်စုံသည့် အလုပ်သမားတစ်ဦးအား မဟာချိုင် ပုလိပ်များက ဖမ်းဆီးပြီး ဘတ်ငွေ ၅၀၀၀ တောင်းခံခဲ့ခြင်း ကို ပူးပေါင်းအဖွဲ့  တို့က ကူညီနိုင်ခဲ့ကြသည်။

               ယမန်နေ့က ဘန်ကောက်မြို့ သံထည် အလုပ်ရုံတစ်ခုမှ အလုပ်သမား ကိုအောင်လင်းဇေါ် ဆိုသူ သည် သူငယ်ချင်းဖြစ်သူ နေထိုင်သည့် မဟာချိုင် မဲ့နန်းကျင် အရပ်သို့ သွားရောက်ပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။


        ကိုအောင်လင်းဇေါ်က “ကျနော့်မှာ ဘတ်ငွေ ၅၀၀ ပါတယ်။ ပုလိပ်ယူသွား တယ်။ ရဲစခန်းရောက်ေ တာ့ လက်ဗွေနှိပ်တယ်။ ဘတ်၅၀၀၀ ပေးရမယ်၊မပေးနိုင်ရင် နယ်စပ်ကို ပြန်ပို့ မယ်လို့ ပြောတယ်။ ကျနော် လည်းစုံစမ်းရင်း စုံစမ်းရင်း ထိုင်းနိုင်ငံေ ရာက် မြန်မာနိုင်ငံသာများအဖွဲ့ MAT နဲ့ အဆက်သွယ်ရတယ်။ မြန်မာသံရုံးက အလုပ် သမား အရာရှိ ဦးကျော်ကျော်လွင် ကိုအကြောင်းကြားတယ်။ မဟာချိုင်  ပုလိပ်ရော၊ မွန်အမျိုးသား စကားပြန်ပါ ဦးကျော်ကျော်လွင် ဖုန်းကို စကား မပြောဘူး။ နောက် ဆုံးတော့ MAT အဖွဲ့က အနီးကပ်လာေ ရာက် ဖြေ ရှင်းပေးသွားလို့ လွတ်မြောက် လာခဲ့ပါတယ်” ဟုပြောသည်။
                    အသက် ၂၃ နှစ်အရွယ် ကိုအောင်ကျော်လင်းမှာ ရခိုင်ပြည်နယ် ပေါတောမြို့မှဖြစ်ပါသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ မဟာချိုင်နယ်မြေက ပုလိပ်တွေ အတော်စိတ်ပျက်ဖို့ ကောင်း
ပါတယ်။ ကျနော်တို့ သိလို့ရှင်းနိုင်တာက တစ်ရာမှာ တစ်ယောက်ပဲရှိပါလိမ့်မယ်။ မဟာချိုင်မှာ တရားဝင်
မြန်မာအလုပ်သမားတွေကို လုံးဝမဖမ်းအောင် မြန်မာအစိုးရက ဖိဖိစီးစီး ဆောင်ရွက်သင့်သလို ထိုင်းအစိုးရ
အနေနဲ့ လည်း နိုင်ငံသိက္ခာကျလောက်အောင် အကျင့်ပျက်နေတဲ့ မဟာချိုင်က ပုလိပ်တွေကို တရားဝင်မြန် မာအလုပ်သမားတွေကို မဖမ်းဆီး မနှောက်ယှက်နိုင်အောင် တင်းတင်းကြပ်ကြပ်   ပြောဆိုထားဖို့လိုပါမယ်။ ဒါမှ မဟာချိုင်မှာ ဒီလိုကိစ္စမျိုးတွေ ကွယ်ပျောက်မှာ ဖြစ်ပါတယ်” ဟုပြောသည်။
မဟာချိုင်နယ်မြေ ပုလိပ်တို့တွင် တရားမ၀င် မြန်မာအလုပ်သမားများအား တွေ့ရှိပါက သတင်းပို့ရန် လိုတီ
ရောင်းသည့် မြန်မာမွတ်ဆလင်များ၊ ထိုင်းလေလွင့်လူငယ်များ နှင့် မွန်အမျိုးသား ပွဲစားအမြောက်အမြား
လက်သပ်မွေး ထားကြောင်း မဟာချိုင်ဒေသခံ အလုပ်သမားများကပြောသည်။
         နေ့စဉ် တွေ့သမျှ မြန်မာများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခေါ်ဆောင်လာပြီး မဟာချိုင် ၄ထပ်
ပုလိပ်ရုံး မြေညီထပ်တွင် တရားမ၀င် အချုပ်ခန်း တစ်ခု ဖန်တီးထားပြီး မွန်အမျိုးသား ပွဲစားများက ဖမ်းဆီး
လာသည့် ဆွေမျိုးများကို ဆက်သွယ် ငွေတောင်းလေ့ရှိသည်။ ငွေမပေးနိုင်သည့် အလုပ်သမားများအား
ငါးဖမ်းလှေများသို့ရောင်းချခြင်းနှင့် နယ်စပ်များသို့ပြန်လည်ပို့ဆောင်ပေးလေ့ရှိကြောင်း အလုပ်သမား များပြောပြ ချက်အရသိရှိရသည်။