22 November 2012

“မဲခေါင်တံတားလှေဆိပ်အနီးတွင်လူကုန်ကူးခံခဲ့ရသူ၂ဦးယနေ့ နေရပ်သို့ပြန်ပြီ။”


                 
ကိုတီး
နိုဝင်ဘာ ၂၂
           စက်တင်ဘာလ ၈ ရက်နေ့က ထိုင်းမြန်မာ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သူ များက ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၀ခန့်  အကွာရှိ စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်  မှပွဲစားအမျိုးသမီးနှင့်အတူဖမ်းဆီးကယ်တင်နိုင်ခဲ့ သည့်  ရောင်းစားခံထားရသူ၂ဦး ယနေ့နံနက်ပိုင်း က မြ၀တီ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့ သို့ ကောင်းမွန်စွာ ရောက်ရှိသွားပြီးဖြစ်သည်။
 မြ၀တီလူကုန်တားအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ ဒီအလုပ်သမားတွေ ကိုနေရပ်သို့ ပြန်ရောက်အောင် ပို့ပေးမှာ ဖြစ်သလို သူတို့ဒေသက လူကုန်ကူးသူကိုပါ အရေးယူနိုင်အောင် ကျနော်တို့ ဆက်လက်လုပ်ဆောင်ပါမယ်” ဟုပြောသည်။


         လူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင် အမျိုးသမီးမှာ အသက် ၃၀ အရွယ် -  -  - ဖြစ်ပြီး အခန်းထဲတွင် ပိတ်ရောင်း စားခံထားရသူ ၂ဦးမှာ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှ အသက် ၃၂ နှစ်အရွယ် ဇေါ်နိုင်ဦးနှင့် ကိုဦး ဆိုသူတို့ဖြစ်ကြသည်။ ၎င်းတို့ နှစ်ဦးသည် ဘားအံမြို့မှ ပွဲစား - - - -ထံတွင် ကျပ်ငွေ ၅သိန်းစီပေးချေပြီး စက်တင်ဘာ လလယ် က ဘန်ကောက် မြို့သို့ရောက်ရှိလာခဲ့ကြသူ များဖြစ်ကြသည်။

          ကိုဇေါ်နိုင်ဦး ကMAT အဖွဲ့ က ဆရာကြီး ဦးကျော်သောင်းနဲ့ ဦးစိုင်းအေး တို့ ဓါတ်ပုံကို ပို့ ပေးပါဗျာ၊ ရွာရောက်ရင်ဘုရားစင်မှာ တင်ပြီး နေ့တိုင်း ကန်တော့ချင်လို့ ပါ” ဟု မြ၀တီလူကုန်တားရုံးအရောက်တွင် တယ်လီဖုန်းမှ ပြောဆိုသွားကြောင်း MAT အဖွဲ့ ကပြောသည်။

လက်ရပ်ဖမ်းဆီးမိခဲ့သည့် လူကုန်ကူးမှုဂိုဏ်း ခေါင်း ဆောင် မြန်မာအမျိုးသမီး ကိုမူ ရုံတင် တရားစွဲဆိုထား
ကြောင်း မဲခေါင်တံတား အနီး လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

            ယခု လူကုန်ကူးမှုကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ DSI ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အတွင်းရေးမှူး သံမှူး ဦးနိုင်ထွန်း နှင့် ထိုင်းတောင်ပိုင်း အခြေ စိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။