21 November 2012

"ဆရာတော် ဦးဇောတိက ကထိန်ဝတ္ထုငွေအားလုံးကိုလှူ"


နိုဝင်ဘာလ ၂၂  ရက်နေ့
မြတ်ညို(အလွတ်သတင်းထောက်)-

         ယနေ့ညနေတွင် ဘန်ကောက်မြို့အနီး စမွတ်စာခွန်ခရိုင် မဟာချိုင်နယ်မြေ၊ နိုင်လုံမစ် (၁)လမ်းတွင် နေထိုင်ကြသည့် မြန်မာ အလုပ်သမား များ ပထမဦးဆုံးအကြိမ် စုပေါင်း ကျင်းပကြသည့်  ကထိန်တရားပွဲ ၀တ္ထုငွေ ဘတ်ရှစ်သောင်းကျော်အား ဘန်ကောက်မြို့ ၀ပ်တလုံးကျောင်း အောင်သပြေေ ကျာင်း ဆရာတော် အသျှင်ဦးဇောတိက, က  မြန်မာနိုင် ငံ မြေငလျှင်ဘေးဒုက္ခသည်များ အားကျပ်ငွေ ၁၀သိန်း ပေးပို့လှူးဒါန်းသည်။

           ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဘတ်ငွေ ၁၀၀၀၀ လှူဒါန်းပြီး ကျန်ငွေများကို
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများအခက်အခဲတို့အား ကူညီနိုင်ရန် ရံပုံငွေအဖြစ် တပည့် တကာများ၏ လက်ထဲတွင် သိမ်းဆည်းထားမည်ဖြစ်ကြောင်း ဦးဇောတိက  ကမိန့်တော်မူသည်။



"ထိုင်းမှာ အလုပ်သမားကိစ္စရပ်တွေကို အတတ်နိုင်ဆုံး ဘုန်းဘုန်းတို့ ကူညီပေးတယ်။ MOUနဲ့ လာတဲ့ အလုပ်သမားတွေကို ကူညီပေးရတာ အတော်ခက်ခဲပါတယ်။ သက်ဆိုင်သူအားလုံးကို အကြံပြုချင်တာက နယ်စပ်မှာချုပ်ဆိုတဲ့စာချုပ်ပါစည်းကမ်းနဲ့ ပြောင်းပြန်ဖြစ်နေတာကြောင့်အလုပ်သမားတွေဒုက္ခရောက်
ကြရတယ်။ ၂နိုင်ငံအစိုးရတွေ စစ်ဆေးကြစေချင်ပါတယ်၊အခြေအနေဆိုးပါတယ်။" ဟု မိန့်တော်မူသည်။
အသျှင် ဦးဇောတိက သည် ဘန်ကောက်မြို့မြန်မာ သံရုံးတွင် ဖွဲ့စည်းထားသည့် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း နှင့်ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MATတို့၏နာယကဆရာတော်တစ်ပါးဖြစ် ပါသည်။

          ဆရာတော်သည်ထိုင်းနိုင်ငံရောက်မန်မာနိုင်ငံ သားများအဖွဲ့ MAT ၏ Learning Center တွင်ထိုင်းစာနှင့် ထိုင်းစကားတို့ကို မေတ္တာဖြင့် တနင်္ဂနွေ နေ့တိုင်း အလုပ်သမားများကိုသင်ကြားပို့ချပေးနေ သည့်ပုဂ္ဂို လည်းဖြစ် သည်။ထို့အပြင် မြန်မာသံရုံးအလုပ်သမားအရာ ရှိနှင့် MAT အဖွဲ့တို့သို့ အကူညီတောင်းခံလာ သည့် မြန်မာအလုပ်သမားများကို မိမိစရိတ်ငွေကြေးများဖြင့် အကုန်အကျခံ ကူညီပေးနေသည့်  မြန်မာ ရဟန်းတော် တစ်ပါးဖြစ်ပါသည်။