06 December 2012

“ရောင်းစားခံထားရသည့် ငါးဖမ်းလှေ အလုပ်သမား၇ဦးအား ပူးပေါင်းအဖွဲ့များကယ်တင်”

     

ကိုတီး- မတ်လ ၆
         ထိုင်းနိုင်ငံ  ခြုံဘူရီခရိုင်ချေင်းစမေးစံလှေဆိပ် ငါးဖမ်းလှေ တွင်ရောင်းစားခံနေခဲ့ရသည့်မြန်မာ အလုပ်သမား ၇ဦးတို့အားထိုင်းအစိုးရလူ ကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့AHTD,ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသား များ အဖွဲ့ MAT နှင့် ထိုင်းတောင်ပိုင်းဖန်င အခြေစိုက် FED အဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့သည်။

                 နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၃ဦး၊ မတ်လ ၄ ရက်နေ့တွင် ၂ဦးနှင့် ယနေ့တွင် ၂ဦး စုစုပေါင်း ၇ဦး ကယ်တင်နိုင်ခဲ့သည်။ ကယ်တင် နိုင်ခဲ့သူတို့သည် အနည်းဆုံး ၄လမှ တစ်နှစ်အထိ အခကြေး ငွေ မရရှိပဲ အလုပ်လုပ်ခဲ့ကြရသူများဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများကပြောသည်။

 
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ  ဦးကျော်သောင်း က  
      “လူတွေ အစုလိုက်အပြုံလိုက် ဆိုရင်တော့ ကျနော်တို့ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ပုလိပ်တပ်ဖွဲ့ နဲ့ အတူသွားကြ တယ်။ လူနည်းနည်းပါးပါး ဆိုရင် အချောင်လှေဆိပ်က ရွာသူကြီးနဲ့ ညှိနှိုင်းပြီးတော့ ကျနော် တို့  ဆီကို ပို့ပေးဖို့ ဖုန်းဆက်ပြီး မေတ္တာရပ်ခံတယ်။ ကျနော်တို့ကြိမ်ဖန်များစွာ ဆင်းပြီးတော့ အဲဒီလှေဆိပ် ကို စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့တာကြောင့် ရွာလူကြီးက ညှိပေးမယ်လို့ ကျနော်တို့ကို ကတိပေးထား ခဲ့တယ်။

လူကုန်ကူးခံရ သူတွေက တိုက်ရိုက် ဆက်သွယ်လာတာဖြစ်ဖြစ် မိသားစုဝင် တစ်ဦးဦးက ဆက်သွယ်လာ တာဖြစ်ဖြစ် ကျနော်တို့ အချက်အလက်တွေ ဓါတ်ပုံတွေကို ရအောင် စုဆောင်း ရပါတယ်။ ငါးဖမ်းလှေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အချိန်ပေးပြီး စုဆောင်း ရပါတယ်။ လွယ်လွယ်နဲ့ ကယ်ထုတ်လို့ ရတာတော့မဟုတ်ဘူး” ဟုပြောသည်။

နိုဝင်ဘာ ၃၀ ရက်နေ့လွတ်မြောက်လာသူများ
၁။ ပိာန်းမိုးသူ        အသက်  ၂၀ နှစ်           လှေအမှတ် (၅၁)
၂။ ပိာန်းမင်းစိုး       အသက်  ၁၈နှစ်            လှေအမှတ် (၃၉)
၃။ သန်းမြင့်စိုး       အသက်  ၂၃နှစ်            လှေအမှတ် (၃၉) နှင့်
ဒီဇင်ဘာလ ၄ ရက်နေ့က လွတ်မြောက်လာသူများမှာ
၎။ ဇော်ဇော်          အသက်  ၂၀ နှစ်           လှေအမှတ် (၉) တွဲလှေ (၁၀)
၅။ ချစ်ဘို             အသက်  ၁၈ နှစ်           လှေအမှတ် (၉) တွဲလှေ (၁၀)   တို့ဖြစ်ကြပြီး ၎င်းတို့ ၅ဦးကို နယ်စပ်သို့  ပြန်လည်ပို့ဆောင်ပြီးဖြစ်သည်။

      ပဲခူးတိုင်း က၀မြို့နယ်၊၀ဲပဒန်ကျေးရွာ မှ ဦးသန်းလှိုင်+ဒေါ်ခင်နွဲ့တို့၏သားနှစ်ဦး ဖြစ်ကြသော အသက် ၂၂ နှစ်အရွယ် ကိုစနေနှင့် အသက် ၂၄ နှစ်အရွယ် ကိုဇေယျာလင်း တို့ကို လှေအမှတ် ၂၅ မှ ယနေ့တွင် ကယ်ထုတ်နိုင်ခဲ့သည်။ ဤလှေတွင် ၆လတိုင်တိုင်အလုပ်လုပ်နေပြီးဖြစ်သော  အသက်  ၃၀ အရွယ် ကိုကျော်သန်း ဆိုသူမှာ ပွဲစားရောင်းစားခဲ့သည့် အဖိုးအခကျေရန် လှေတစ်ပတ်သာ လိုက်ရတော့မည်ဖြစ် သဖြင့် လွတ်မြောက်လာခဲ့ပြီးမှ လှေသို့ ပြန်လည်ဆင်းသွားခဲ့သည်။  ကိုကျော်သန်း သည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် လမုမော်ကျေးရွာမှဖြစ်သည်။

       ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ယခု၇ဦးအပါအ၀င် ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးခံရသူပေါင်း  ၂၇၈ ဦး ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။