31 December 2013

"MAT အဖွဲ့၏ ၂၀၁၃ ခုနှစ် လူကုန်ကူးမှုမှတ်တမ်း"(မြန်မာဘာသာ)


 

-                                                                                                        
                                                                                                                PO.BOX ( 21)
                                                           
                                  


    BANG BON OFFICE
                                                                                                                BKK 10151                                                                                                                                                                                                                      
THAILAND  E-Mail   mat992012@gmail.com
                         ရက်စွဲ။     ။ ၂၀၁၃   ဒီဇင်ဘာ ၃၁ ရက်

                     “၂၀၁၃ ခုနှစ် MAT အဖွဲ့ လုပ်ဆောင်ခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးစါရင်း”

စဉ်
နေ့ရက်
  လူကုန်ကူးမှုဖြစ်ပွားသည့်နေရာ
  ဆောင်ရွက်ကြသည့်အဖွဲ့များ
လွတ်မြောက်ဦးရေ
ပွဲစား
၁
၁-၁-၂၀၁၃
မဟာချိုင်ဝတ်ကျက်အင်ဒိုလှေဆိပ်
DSI,FED,MBC,MAT
မ ၁ ဦး ကျား ၆ ဦး
၂ ဦး
၂
၁၈-၁-၂၀၁၃
ခြုံဘူရီ ချောင်းစမေစံလှေဆိပ်
MAT,MBC,FED နှင့် ရွာသူကြီး
မိန်းမလျှာ ၁ ဦး

၃
၂၈-၂-၂၀၁၃
ချအမ် ပင်လယ်အပန်းဖြေ မြို့
DSI,UNIAP,MBC,FED,MAT
ကျား ၁၄ ဦး
၂ ဦး
၎
၁၀-၃-၂၀၁၃
တရံမြို့၊ ဖယ်ကိုကာလှေဆိပ်
DSI,UNIAP,MBC,FED,MAT
ကျား ၁၅ ဦး
၁ ဦး
၅
၂၀-၃-၂၀၁၃
ခြုံဘူရီ ချောင်းစမေးစံ
MAT,MBC,FED နှင့် ရွာသူကြီး
ကျား ၁ ဦး

၆
၂၂-၃-၂၀၁၃
တရံမြို့၊ ၀ှဲမင်းလှေဆိပ် (ဖယ်အုန်း)
DSI,UNIAP,MBC,FED,MAT
ကျား ၁၁ ဦး

၇
၂၃-၃-၂၀၁၃
တရံမြို့၊ ၀ှဲမင်းလှေဆိပ်
DSI,UNIAP,MBC,FED,MAT
ကျား  ၃ ဦး

၈
၂၅-၃-၂၀၁၃
တရံမြို့၊ ၀ှဲမင်းလှေဆိပ်
DSI,UNIAP,MBC,FED,MAT
ကျား  ၅ ဦး

၉
၂၆-၃-၂၀၁၃
ခြုံဘူရီ၊ ချောင်းစမေးစံလှေဆိပ်
MAT,MBC,FED ရွာသူကြီး
ကျား ၃ ဦး

၁၀
၂၈-၃-၂၀၁၃
ခြုံဘူရီ၊ ချောင်းစမေးစံလှေဆိပ်
MAT,MBC,FED ရွာသူကြီး
ကျား ၁ ဦး

၁၁
  ၆-၄-၂၀၁၃
ခြုံဘူရီ၊ ချောင်းစမေးစံ ၂ခွတံတား
MBC,FED,DSI နှင့် ရွာသူကြီး
ကျား ၁ ဦး

၁၂
  ၇-၄-၂၀၁၃
ခြုံဘူရီ၊ ချောင်းစမေးစံ ချီဝစ်တံတား
MBC,FED,AHTD,MAT+ရွာသူကြီး
ကျား ၃ ဦး (၆၆)

၁၃
  ၇-၄-၂၀၁၃
စမူပါကန်၊ခေါင်ဒဲန်ထိုင်လုံမစ်ဆိပ်
MBC,FED,AHTD,MAT
ကျား ၃ ဦး
၁ ဦး
၁၄
၁၄-၄-၂၀၁၃
တရံမြို့၊ ဖယ်ကိုကာလှေဆိပ်
MBC,FED,UNIAP,MAT နှင့်ရဲစခန်း
ကျား ၂ ဦး

၁၅
၂၄-၄-၂၀၁၃
ခြုံဘူရီ၊ ဘော်ထော်ရွာ
AHTD,MBC,FED,UNIAP,MAT
ကျား ၁ ဦး

၁၆
၂၆-၄-၂၀၁၃
စမူပါကန်၊ခေါင်ဒဲန်ထိုင်လုံမစ်လှေဆိပ်
AHTD,MBC,FED,MAT
ကျား ၁၀ ဦး
၁ ဦး
၁၇
၃၀-၄-၂၀၁၃
စမူပါကန်၊ခေါင်ဒဲန်ထိုင်လုံမစ်လှေဆိပ်
AHTD,MBC,FED,MAT
ကျား   ၃ ဦး

၁၈
၁၅-၅-၂၀၁၃
ခြုံဘူရီ၊ ချောင်းစမေးစံလှေဆိပ်
DSI,MAT,MBC,FED နှင့် ရွာသူကြီး
ကျား   ၄ ဦး

၁၉
၁၇-၅-၂၀၁၃
နကဆ၀န် ထိုင်းသူဌေးတစ်ဦးအိမ်
AHTD,MAT,MBC,FED
ကလေးမ ၁ ဦး

၂၀
၁၇-၅-၂၀၁၃
ကန်ချနဘူရီ YTA
DSI,LPN,MBC,MAT,FED
ကျား      ၇ ဦး

၂၁
၂၅-၅-၂၀၁၃
မဟာချိုင် မှ ကိုးရီးယားသို့ ပို့ရန်
ဒေသခံ ပုလိပ်,MBC,FED,MAT
မ ၁ ဦး ကျား ၅ ဦး
၁ ဦး
၂၂
၃၀-၅-၂၀၁၃
ကန်ချနဘူရီ YTA
DSI,MBC,MAT
ကျား ၉ဦး 
၂ ဦး
၂၃
၂၂-၆-၂၀၁၃
ကတန်မြို့ ဖက်ကျော်စင် လှေဆိပ်
DSI,MBC,FED,MAT
ကျား၁၀ ဦး(၁၂၂)
(၁၀)
၂၄
၂၅-၆-၂၀၁၃
ကန်ဘူရီမြို့ ပွဲစားအိမ်ခန်း
DSI,MBC,FED,MATနှင့် ဒေသခံရဲ
ကျား   ၅ ဦး
၁ ဦး
၂၅
၂၆-၆-၂၀၁၃
ကတန်မြို့ ဖက်ကျော်စင် လှေဆိပ်
DSI, FED,MAT နှင့် ဒေသခံရဲ
ကျား  ၂ ဦး

၂၆
၃-၇-၂၀၁၃
ချောင်းစမေးစံ၊ မဲခေါင်တံတား
AHTD,FED,MBC,MAT
ကျား ၁၁ ဦး
၁ ဦး
၂၇
 ၄-၇-၂၀၁၃
ဘန်ကောက် ပါနန်း၊အင်ဒိုလှေဆိပ်
AHTD,FED, MAT  
ဟိန္ဒူ ကျား ၃ ဦး

၂၈
၁၀-၇-၂၀၁၃
ခူရပ်ဘူရီ၊ နံယောင်လှေဆိပ်
DSI,MBC,FED,MAT
ပြည့်တန်ဆာ၁၀ဦး

၂၉
၁၄-၇-၂၀၁၃
ချောင်းစမေးစံ လှေဆိပ်
AHTD,FED, MAT, MBC
ကျား ၇
၁ ဦး
၃၀
၂၀-၇-၂၀၁၃
တောင်တရုတ်ပင်လယ်၊ ကော့ပငမ်း
DSI, FED, MBC, MAT
ကျား ၁၆ ဦး

၃၁
၃၀-၇-၂၀၁၃
ချောင်း စမေးစံ  ခြုံဘူရီ
AHTD,FED, MAT, MBC
ကျား  ၂ ဦး

၃၂
၁-၈-၂၀၁၃
ကတန်မြို့၊ဖက်ကျော်စင်လှေဆိပ်
DSI,AHTD,MBC,FED,MAT,ATTFF
ကိုမျိုးဂိုဏ်း
၆ ဦး
၃၃
၅- ၈- ၂၀၁၃
ပန်ဘူရီ  ငါးဖမ်းလှေဆိပ်
DSI, FED, MBC, MAT
ကျား ၃ ဦး

၃၄
၂၁-၈-၂၀၁၃
ကတန်မြို့ဖက်ကျော်စင်၊ဖယ်ကိုကာ
AHTD,FED, MAT, MBC
ကျား  ၁၃ ဦး

၃၅
၂၇-၈-၂၀၁၃
ကတန်မြို့၊ ဖက်ကျော်စင် လှေဆိပ်
DSI,FED, MBC,MAT
ကျား    ၅ ဦး

၃၆
၃၁-၈-၂၀၁၃
ချောင်းစမေးစံ
MAT,MBC,FED  နှင့် ရွာသူကြီး
ကျား   ၄ ဦး

၃၇
၉-၉-၂၀၁၃
ဘန်ကောက်မြို့ စမူပါကန်
AHTD,FED,MAT
မ        ၁ ဦး

၃၈
၁၇-၉-၂၀၁၃
ဘန်ကောက်မြို့ ဘန်ဘော်
AHTD,FED,MAT
မ        ၂ ဦး

၃၉
၂၁-၉-၂၀၁၃
ဝင်းဝယ်၊ စင်ထလေ ၂၆လမ်း
AHTD,MBC,FED,MAT
မ        ၄ ဦး
၁ဦး
၄၀
၈-၁၁-၂၀၁၃
ပထုံဌာနီ၊လက်လွန်ကယောက်
AHTD,MBC,FED,,MAT
မြန်မာ.မ ၁၆ ဦး



ပလပ်စတစ်သန့်စင်ရုံ

မြန်မာ.ကျား ၁၀ဦး





လာအို.မ၂၀ ဦး





လာအို.ကျား၎ဦး





ပွဲစား
၃ဦး




သူဌေးလင်မယား
၂ဦး
၄၁
၁၁-၁၁-၁၃
ပထုံဌာနီ၊လက်လွန်ကယောက်
ပလပ်စတစ်ရုံတွင် ကျန်နေခဲ့သူ ၂ဦး
AHTD,MBC,FED,,MAT
မြန်မာ ကျား ၂ဦး

၄၂
၂၃-၁၂-၁၃
ချောင်းစမေးစံ လှေဆိပ်
AHTD, FED, MAT
မြန်မာ ကျား၂ဦး

၃၆
ဆဆဆဆ၀-၈ိ-၂၀၁၃
(စုစုပေါင်း ကယ်ထုတ်သူ၂၆၄ ဦး အနက် မိန်းကလေး= ၅၆ ဦး
         ၁၂ လ အတွင်း
ပွဲစားပေါင်း= ၂၃ ဦး
 စုစုပေါင်း၂၆၄
ပွဲစား
၂၃ ဦး
သူဌေး၂
              
 ၂၀၁၃ ခု ဒီဇင်ဘာလကုန်အထိ လူကုန်ကူးမှုနှိမ်နင်းခြင်း ၄၂ကြိမ်အတွင်း စုစုပေါင်း ၂၆၄ ဦးကို ကယ်ထုတ်နိုင် ခဲ့ပြီးဖြစ် ပါသည်။ ၂၆၄ ဦးထဲတွင်အမျိုးသမီး ၅၆ ဦးပါဝင်ပါသည်။ လူကုန်ကူးသူပေါင်း ၂၃ ဦး နှင့် လုပ်ငန်းရှင်၂ကို ဖမ်းဆီးနိုင်ခဲ့ပါသည်။ ကတန်မြို့မှ လူသတ်၊မုဒိမ်းပြုကျင့်သည့် မြန်မာလူကုန်ကူး ဂိုဏ်းကြီးတစ်ခုကိုထူးခြားစွာ ဖြိုးခွင်းနိုင်ခဲ့ပါသည်။
                                                     “အမှန်တရားကို မြတ်နိုးယုံကြည်လျှက်”
                                                          အားလုံးကို ကျေးဇူးတင်ပါသည်
                                                                    ကျော်သောင်း
                                                               အမှုဆောင် ဒါရိုက်တာ                                                                                                                
                                              ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT 
                                                                   ဘန်ကောက်
             ၂၀၁၃ ခုနှစ်တွင် MAT အဖွဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အဓိက ကူညီပေးခဲ့ကြသည့် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေရှင်း FED,ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးတပ်ဖွဲ့ DSI,ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD,မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် ဘန်ကောက် အခြေစိုက် မြန်မာသံရုံးအပြင် MAT အဖွဲ့ကို အလေးထား ကူညီပေးခဲ့သည့် သံမှူးဟောင်း (ဦးနိုင်ထွန်း) တို့အား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
                                                         “MAT အဖွဲ့၏ ဆုတောင်း”
           ၂၀၁၄ ခုနှစ်တွင် မြန်မာအလုပ်သမားများလူကုန်ကူးခံရခြင်းက လွတ်ကင်းနိုင်ကြပါစေ။ MATအဖွဲ့ထက် ကူညီနိုင်သူများမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ပေါ်ပေါက်လာနိုင် ပါစေ။နိုင်ငံတော် သမ္မတကြီးအနေဖြင့် နေ့စဉ် နာရီနှင့်အမျှ လူကုန်ကူးခံနေရသည့် မြန်မာနိုင်ငံသားများအား ထိရောက်စွာ ကာကွယ်တားဆီးနိုင်မည့် အစီအမံ များချမှတ်ဆောင်ရွက်နိုင်ပါစေဟု ၂၀၁၄ ခုနှစ်အား ကြိုဆိုရင်း ကျနော်တို့ MAT အဖွဲ့က ဆုတောင်းလိုက်ရပါသည်။
                                                     “အမှန်တရားကို မြတ်နိုးယုံကြည်လျှက်”
                                                 အားလုံးကို ကျေးဇူးတင်ပါသည်
                                                            ကျော်သောင်း 
                                                          အမှုဆောင်ဒါရိုက်တာ                                                                                                                 
                                              ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT                                                                                                  ဘန်ကောက်

            

26 December 2013

“စင်္ကာပူ က အစ်မ အကူညီတောင်းသည့် လူကုန်ကူးခံရသူ၂ဦးလွတ်မြောက်ပြီ”

ဒီဇင်ဘာ ၂၆
ကိုတီး
   စင်္ကာပူတွင် အလုပ်လုပ်သည့် အစ်မဖြစ်သူ က အကူညီတောင်းခံသဖြင့် ထိုင်းငါးဖမ်းစက်လှေပေါ်တွင် ၁နှစ်ကြာ ရောင်းစားခံနေရသူ ၂ဦးအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ပူးပေါင်း   ဆောင်ရွက်သူများက ကယ်တင်ခဲ့ပြီးယမန်နေ့က မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မြ၀တီ)သို့ ပို့ဆောင်ပေးလိုက်ပြီးဖြစ်ကြောင်း သိရှိရသည်။

           

16 December 2013

မသေမရှင် ရိုက်သတ်ခံထားရသည့် မြန်မာအမျိုးသမီး



PO.BOX ( 21)
BANG BON OFFICE
BKK 10151
 THAILAND



ထိုင်နိုင်ငံ ဘန်ကောက်မြို့ နှင့် ၆၅ ကီလိုကွာဝေးသော မပာာချိုင်းနှင့် ဆက်စပ်နေသော စမွတ်စုန်ခမ်းခေါ် မဲ့ကောင်းမြို့ ရှိ အဝေးပြေးကားလမ်းမပေါ်တွင် မြန်မာမိန်းခလေး တစ်ဦးအား မသေမရှင် ရိုက်သတ်ထား သည်ကို မဲ့ကောင်းမြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးမှ ရောက်လာပြီး မဲ့ကောင်းမြို့ရှိ စုန်ဓက် ဖဖွတ်လို့လား ဆေးရုံသို့ ကုသခံယူစဉ် ဆေးရုံးရှိ တာဝန်ထမ်းဆောင်နေသော ထိုင်ဘာသာပြန် ကိုစိုးဝင်းက ခုလိုပြောပြပါ တယ် “၆ ရက်နေ့ နံနက် ၉ နာရီ  မှာ ဆေးရုံရောက်လာတော့ သူက စကားပြောလို့သိပ်မရတော့ဘူး ဆရာမလေးတွေ ကတော့ ပါးစပ်ထဲက သွေးတွေ စုတ်ထုတ်ပေးနေရတယ် 


“ခြေ၂ ချောင်ပြတ်နေတဲ့ စံမောင် ကို ဘယ်လောက်အထိ ကူညီကြမလဲ”

ဒီဇင်ဘာ ၁၃ မြတ်ညို (အလွတ်သတင်းထောက်)


ထိုင်းနိုင်ငံ ပုဇွန်မွေးမြူရေး ကန်တစ်ခုတွင် ခြေ၂ ချောင်းပြတ်ခဲ့ရသည့် ရခိုင်အလုပ်သမား ကိုစံမောင် ၁၁ ရက် နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကူညီသူများက ဆက်လက်ကူညီနိုင်ရန် စီစဉ် နေကြကြောင်းသိရှိရသည်။

        ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် FED အဖွဲ့မှ ရှေ့နေ တစ်ဦးနှင့်အတူ ပုဇွန်ကန်တွင် စွန့်ပစ်ခံထားရသည့် ကိုစံမောင်အား ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက် နေ့တွင် ရှာဖွေ ကယ်ထုတ်ခဲ့ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖါင်ဒေးရှင်း FED အဖွဲ့သို့ ပို့ဆောင်ပေးခဲ့ကြသည်။


01 December 2013

“ထိုင်းတောင်ပိုင်း တရံမြို့တွင် မြန်မာအလုပ်မား၅၅ဦးအားဖမ်းဆီး”




ဒီဇင်ဘာ ၁ ရက်  (ကိုတီး)

     ဘန်ကောက်မြို့အရှေ့  ဘက်ကီလိုမီတာ ၃၁၅ အကွာတွင်ရှိသော တရာရ်မြို့တွင် မြို့ခံများ၏ တိုင်ကြားမှုကြောင့် နယ်မြေရဲ ၂၀ ဦးတို့ ၀ိုင်းဝန်း ဖမ်းဆီးသဖြင့် မြန်မာအမျိုးသား ၄၄ဦးနှင့်အမျိုးသမီး ၁၁ ဦးတို့အားဖမ်းဆီးလိုက်ကြောင်း ထိုင်းရတ် သတင်းစာတွင်ဖေါ်ပြထားသည်။
                  နိုင်ငံခြားခရီးသွားများအရောက်အပေါက်များသည့်မြို့ဖြစ်သဖြင့် ဧည်သည်များ ၀င်ရောက်
မှုစနစ်တကျဖြစ်စေရန်ဟု တာဝန်ရှိ ရဲအရာရှိကပြောသည်။ ပန်ရံအလုပ်များနှင့် စားသောက်ဆိုင်များတွင်
အလုပ်လုပ်နေကြသည့် မြန်မာများအား ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအား တရားမ၀င် ၀င်ရောက်လာမှုဖြင့် ထောင်ချပြီး နယ်စပ်ကို ပြန်ပို့မည်ဟု သတင်းစာတွင် ရေးသားထားသည်။

“လှေမှောက်၍သေဆုံးခဲ့သည့်မြန်မာအလုပ်သမား၅ဦးအတွက်အမှုဖွင့်”




ဒီဇင်ဘာ ၁ ရက် မြတ်ညို(အလွတ် သတင်းထောက်)
       ဘန်ကောက်မြို့ အနောက်ဘက် ကီလို ၁၂၃ ခန့် အကွာတွင်ရှိသော ဖက်ဘူလီ နယ်မြေ ဘန်လိင်း လှေဆိပ်မှ ငါးဖမ်းရန်ထွက်သွား သည့်   လှေနစ်မြုပ် သဖြင့်သေဆုံးခဲ့သည့် မြန်မာလှေ အလုပ်သမား ၅ဦးနှင့်ထိုင်းတစ်ဦး ကိစ္စအတွက် MAT အဖွဲ့တွင် အမှုဖွင့်တိုင်ကြားကြောင်းသိရသည်။

           အောက်တိုဘာ  ၆ ရက်နေ့ နံနက်၁၁ နာရီခန့်တွင် ထိုင်းပင်လယ်ပြင်ထဲတွင် လှေနစ်မြုပ်ခဲ့ သဖြင့်  ထိုင်းလူမျိုးပဲနင်းတစ်ဦးနှင့်အတူ မြန်မာလှေ အလုပ် သမား ၅ဦးတို့ သေဆုံးခဲ့ကြသည်။ လှေက စက်တင်ဘာလ ၂၂ ရက်နေ့တွင် စတင်ထွက် ခွာခဲ့ခြင်းဖြစ်သည်။