01 December 2013

“ထိုင်းတောင်ပိုင်း တရံမြို့တွင် မြန်မာအလုပ်မား၅၅ဦးအားဖမ်းဆီး”




ဒီဇင်ဘာ ၁ ရက်  (ကိုတီး)

     ဘန်ကောက်မြို့အရှေ့  ဘက်ကီလိုမီတာ ၃၁၅ အကွာတွင်ရှိသော တရာရ်မြို့တွင် မြို့ခံများ၏ တိုင်ကြားမှုကြောင့် နယ်မြေရဲ ၂၀ ဦးတို့ ၀ိုင်းဝန်း ဖမ်းဆီးသဖြင့် မြန်မာအမျိုးသား ၄၄ဦးနှင့်အမျိုးသမီး ၁၁ ဦးတို့အားဖမ်းဆီးလိုက်ကြောင်း ထိုင်းရတ် သတင်းစာတွင်ဖေါ်ပြထားသည်။
                  နိုင်ငံခြားခရီးသွားများအရောက်အပေါက်များသည့်မြို့ဖြစ်သဖြင့် ဧည်သည်များ ၀င်ရောက်
မှုစနစ်တကျဖြစ်စေရန်ဟု တာဝန်ရှိ ရဲအရာရှိကပြောသည်။ ပန်ရံအလုပ်များနှင့် စားသောက်ဆိုင်များတွင်
အလုပ်လုပ်နေကြသည့် မြန်မာများအား ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအား တရားမ၀င် ၀င်ရောက်လာမှုဖြင့် ထောင်ချပြီး နယ်စပ်ကို ပြန်ပို့မည်ဟု သတင်းစာတွင် ရေးသားထားသည်။