05 April 2015

အင်ဒိုနီးရှားထောင်ထဲက မြန်မာ ၂၂ ဦး အကူအညီ ကင်းမဲ့နေဆဲ


2015-04-04--RFA

အင်ဒိုနီးရှားနိုင်ငံ အမ်ဘိုမြို့ လပ်ပတ်စ် (Lapass) အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား ရေလုပ် သား ၂၂ ဦး ဟာ အတူအဖမ်းခံရတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ လွတ်မြောက်သွား ပြီး ဖြစ်ပေမယ့် မြန်မာတွေပဲ အကူအညီကင်းမဲ့စွာ ကျန်ရှိနေတာကြောင့် အာဏာ ပိုင်တွေလွှတ်ပေးမယ့် အချိန်ကို စောင့်မျှော်နေကြောင်း RFA က စုံစမ်းသိရပါတယ်။

အဖမ်းခံရသူ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသား ၁၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံ သား ၁၉ ဦးတို့နဲ့အတူ ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းသင်္ဘော နှစ်စီးမှာ အတူတာဝန် ထမ်းဆောင် ခဲ့ကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က အင်ဒိုနီးရှားရေပြင် မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။


04 April 2015

ကျွန်ပြုခံ အင်ဒိုကျွန်းပေါ်က မြန်မာနှင့်ကမ္ဘောဒီးယား အလုပ်သမားများကို ကယ်ထုတ်



By ဒီဗွီဘီ|4 April 2015
.
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းပေါ်မှာ နေထိုင်ပြီး အတင်းအဓမ္မ ကျွန်ပြုခိုင်းစေခံရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံသား ၃၀၀ ကျော်ကို ဧပြီ ၃ ရက်က ကယ်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။

လာရောက်ကယ်ဆယ်တဲ့သတင်းကို ကြားတာနဲ့ တပြိုင်နက် အလုပ်သမားတွေက တောတွေ တောင်တွေ ထဲကနေ ထွက်လာခဲ့တယ်လို့ အေပီသတင်းက ရေးပါတယ်။

ကယ်ဆယ်လာတဲ့သူတွေအများစုက မြန်မာတွေဖြစ်ပြီး တချို့က လုပ်ခလစာ မရလို့ သွားရောက်ဖို့ ငြင်းဆန် ခဲ့တယ်လို့ ဆိုပါတယ်။ကယ်ထုတ်လာတဲ့ အထဲမှာ လာအိုနဲ့ ကမ္ဘောဒီးယား အများစု ဖြစ်တယ်လို့လည်း သတင်းမှာ ရေးပါတယ်။


“တစ်ရက်ကြာ အခန်းပိတ်လှောင်ညဉ်းပန်းခံနေရသူ ကရင်အလုပ်သမားတစ်ဦးအား MAT ကယ်ထုတ်”



               
၂၀၁၅ ခု ဧပြီလ ၄ ရက်
        ကိုတီး

         အစာရေစာမကျွေးပဲ တစ်ရက်ခန့် အခန်းပိတ်လှောင် ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရသည့် မြန်မာအလုပ်သမား တစ်ဦးအား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ယမန်နေ့ညဥ့်က ကယ်တင်လိုက် ကြောင်းသိရသည်။
         ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖက်ခနုန် အော့နွတ် ၄၉ လမ်းတွင် ရှိသော ကင်ဆမ်အိုင် ရေခဲ အလုပ်ရုံမှ မန်နေဂျာ က ကရင်ပြည်နယ်၊   ကော့ကရိတ်မြို့မှ ကရင်အလုပ်သမား အသက်၃၅ နှစ်အရွယ် ကိုကျော်ဟိန်း ဆိုသူအား ရေခဲခိုးသည်ဟုစွတ်စွဲ၍ ဖမ်းဆီးချုပ်နှောင်ခဲ့   ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ မခင်သန်းရီက ပြောသည်။

         မခင်စန်းရီ က  “ကျမယောက်ျားကို ဖမ်းထားတယ်။ ပုလိပ် ကိုခေါ်ပြီး မြန်မာပြည်နယ်စပ်ကို ပြန်ပို့မယ်တဲ့။ ဒါမှမဟုတ်ရင် ဘတ် သုံးသောင်း ပေးမှ ပြန်လွှတ်မယ်လို့ မန်နေဂျာက ပြောတယ်။ ကျမ လည်း ကြံရာမရ ဖြစ်ပြီး မြန်မာသံရုံးကိုလာခဲ့တယ်။ မြန်မာသံရုံး က MAT အဖွဲ့ ဖုန်းနံပါတ်ကိုပေးတယ်။ သူတို့ အားချင်းဆောင်ရွက်ပေးလို့ ကျမ အမျိုးသားအမျိုးသားပြန်လွတ်လာခဲ့ပြီး  သူတို့လက် ခုတ်ထဲကရေပါ။ သူဌေးတစ်ယောက်အလုပ်ရုံမှ ဒီလိုမျိုးဖမ်းချုပ်ခံထားရတာကို လွတ်မြောက်အောင် ကူညီပေးတဲ့ MAT အဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်ရှင်” ဟုပြောသည်။

            ယမန်နေ့ မွန်လွဲ ၂နာခန့်က  ဗမာစကားကိုလည်လည်ဝယ်ဝယ် မပြောတတ်သော ကရင်အမျိုးသမီး မခင်စန်းရီ ဆိုသူက ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း ထံသို့ ဖုန်းဆက်အကူညီ တောင်းခံလာခဲ့သည်။ မခင်စန်းရီအား သည် MAT ရုံးသို့ညနေ ၆နာရီခွဲမှ ရောက်ရှိလာခဲ့ပါသည်။ သူမ ရုံးသို့ရောက်ရှိပြီးနောက် အချက်အလက်များစုဆောင်ခြင်း၊ အဖြစ် အပျက်များအား မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ညနေ၈နာရီခန့်တွင် ထိုင်းအစိုးရလူကုန် ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD သို့ ဆက်သွယ်အကူညီတောင်းခံခဲ့ပါသည်။ တပြိုင်တည်းတွင် မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီနာယက သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိထံသို့လည်း သတင်းပေးပို့ခဲ့သည်။

          MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ရေခဲအလုပ်ရုံကို ည၁၁နာရီလောက်မှာ အထူးရဲတပ်ဖွဲ့ဝင်   ပေါင်း ၃၀ လောက် ၀ိုင်းထားတယ်။ ခြံဝင်းအတွင်းထဲကို မ၀င်ကြရဘူး။ ဖမ်းဆီးချုပ်နှောင်ထားသူကို အပြင်
ကို ထွက်လာပြီးတော့ မန်နေဂျာလာပို့ပေးတယ်။ လူကုန်တားရဲတပ်ဖွဲ့အရာရှိကတော့ဘယ်အကြောင်းပြချက်
 နဲ့မှ ခုလို အလုပ်သမားတစ်ယောက်ကို မလုပ်ရဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဥပဒေကြောင်း အရ ထိထိရောက်ရောက် လုပ်ကိုင်ဖို့ဆိုတာ ကာယကံရှင်အလုပ်သမားကော ကျနော်တို့ပါ အချိန်ကော ငွေပါ အကုန်အကျခံနိုင်မှဖြစ်မယ့်ကိစ္စ၊ ကျနော်တို့တွေက အဲဒီလို အကုန်မခံနိုင်တော့ ကိုယ့်အလုပ်သမားတွေ   သေတွင်းက လွတ်ရင်ပြီးရော့ဆိုပြီး ကျေနပ်လိုက်ရတယ်။ ကျနော်သတိထားမိသလောက်ဆိုရင်   မြန်မာအစိုးရ ဘက်ကလည်း ထိုင်ရောက်အလုပ်သမားတွေဆီက ပတ်စပို့လုပ်လို့ အကျိုးအမြတ်ရမယ့် အကွက်ကိုပဲ စိတ်ဝင်စားတာ၊ မြန်မာအလုပ်သမားတွေ ဒုက္ခရောက်ရင် ငါတို့ ဘယ်လို ကူညီကြမလဲဆိုတာ ခုထိ ဘာအစီအစဉ်မရှိဘူး။ ဒါကြောင့်လည်း ထိုင်းတွေ လက်ရဲဇက်ရဲပိုလုပ်လာကြတာပေါ့” ဟုပြောသည်။ 

         
                     သန်းချီရှိသည့် မြန်မာအလုပ်သမားများနေထိုင်အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံအတွင်း    နေရာအနှံ့အပြားတို့တွင် အသတ်ခံရ၊ လုယက်ခံရ၊ အဓမ္မပြုကျင့်ခံရ၊ အလုပ်ရှင်နှိပ်စက်ခံရ၊ လုပ်အား ခငွေတောင်းမရခြင်းကိစ္စ၊ ပတ်စပို့နှင့် ၀တ်ပါမစ် သိမ်းထားခြင်းကိစ္စများ နေတဓူဝ   ဖြစ်ပေါ်လျှက်ရှိကြ သည်။ ယခုနောက်ဆုံး တက်နေသည့် ပြဿ      နာမှာ အလုပ်ရုံအချို့တို့က မြန်မာ ပတ်စပို့လုပ်ပေး မည်ဟုဆို ကာ အလုပ်သမား တစ်ဦးစီထံမှ  ဘတ်ငွေ သောင်းချီပြီးဖြတ်တောက်ထားပြီး မောင်း ထုတ်နေခြင်းများ   နေရာအတော် များများတို့တွင် ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။  






03 April 2015

 By 3 April 2015
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင် ထုန့်တကိုမြို့နယ်ထဲမှာ ထိုင်းထီ ၅ သောင်းဆုပေါက်တဲ့  မြန်မာ အလုပ်သမား ၂ ဦး သေနတ်ပစ်ခံရပြီး ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်တယ်လို့ ခေါဝ်ဆွတ်သတင်းမှာ  ဖော်ပြပါတယ်။

ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က ထုန့်တကိုမြို့နယ် ဘန့်ဟွေ့ယိုင်ရွာမှာ သေနတ်ပစ်ခတ်မှုဖြစ် ပွားကြောင်း တိုင်ကြားချက်အရ  ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူသွားရောက်စစ်ဆေးရာမှာ တောင်ပေါ်လမ်း မှာ လူ ၂ ဦး သေနတ်ပစ်ခံရတာ တွေ့ရှိခဲ့တယ်လို့ ထုန့်တကိုမြို့နယ်ရဲစခန်းက ဒုရဲအုပ် နိုင်းချလစ် ဝေ့ခ်ျကို ဆစ်ထ်က သတင်းထောက်တွေကို ပြောပါတယ်။

အပစ်ခံရသူ ၂ ဦးမှာ ကိုဟန် (အသက် ၃၁) နှစ် နဲ့ ကိုပြည့် (၃၀) နှစ်ဆိုသူ မြန်မာအလုပ်သမား ၂ ဦးဖြစ်ပြီး သူတို့ဟာ ထီ ၅ သောင်း ၂ ထောင် ပေါက်တဲ့အတွက် ရွာအ၀င်လမ်းထိပ်က ဆိုင်မှာ ငွေသွားထုတ်စဉ် အပြန်လမ်းမှာ အပစ်ခံရတာလို့ ဆိုပါတယ်။

တွေ့ရှိချက်အရ ကိုဟန်မှာ သေနတ်ဒဏ်ရာ ၄ ချက် နဲ့ သေဆုံးပြီး ကိုပြည့်မှာတော့ ပေါင်မှာ ၁ ချက်နဲ့ ပြင်း ထန် စွာ ဒဏ်ရာရရှိကြောင်း၊ အဲဒီအနီးမှာ ကိုးမမကျည်ဆန်ခွံ ၄ ခုနဲ့  ကျည်ဆန် ၁တောင့်ပါ တွေ့တယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။


“သေတွင်းထဲကမကျွတ်လွတ်သေးတဲ့မြန်မာကျွန်များကိုကူညီပါ”



၂၀၁၅ ဧပြီလ ၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မှ အထူးဆောင်းပါးအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။   
                      
           သင်စားတဲ့ငါးတွေဟာကျွန်တွေဖမ်းတဲ့ငါးတွေလော….ဆိုတဲ့ခေါင်းစဉ်နဲ့အေပီသတင်းဌာနက ၂၀၁၅ ခုနှစ်မတ်လ ၁၈ ရက်နေ့မှာ သတင်းဆောင်းပါးတစ်ပုဒ်နဲ့ ဗွီဒီယိုသတင်းတစ်ပုဒ် ထုတ်လွှင့်ပြသလိုက်
လို့ တမ္ဘာလုံးအံ့သြတုန်လှုပ်သွားခဲ့တယ်။ တပြိုင်တည်းမှာပဲ လူကုန်ကူးမှုနဲ့ပင်လယ် အစားအစာထုတ်လုပ်
မှုတွေ နဲ့အဓိက၀င်ငွေရရှိပြီး ကျိကျိတက်ချမ်းသာနေတဲ့ ထိုင်းနိုင်ငံရော ထိုင်းကအစား အစာကိုတင်သွင်းနေ
တဲ့ အမေရိကန်နဲ့ အီးယူနိုင်ငံတွေကပါ ခြောက်ခြားသွားခဲ့ကြတယ်။
             စာရေးသူဟာ ထိုင်းနိုင်ငံအတွင်းမှာနေထိုင်းပြီး အလုပ်သမားအရေးကို ဆယ်စုနှစ်ကျော်ကြာ ဆောင်ရွက်နေသူဖြစ်သလို လူကုန်ကူးမှုတိုက်ဖျက်ရေးကို အဓိကလုပ်ကိုင်နေသူတစ် ဦးဖြစ်တာကြောင့် အာရှငါးဖမ်းလုပ်ငန်းခွင်ထဲမှာ အထူးသဖြင့် ထိုင်းနိုင်ငံပင်လယ်အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းမှာမြန်မာ တွေလူကုန်ကူးခံနေရတဲ့အနေအထားတွေကိုသာမန်လူတွေထက်သိရှိထားသူဖြစ်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းကို နိုင်ငံတကာအိုင်အင်ဂျီအိုတွေ၊ အင်ဂျီအိုတွေအပြင် ထိုင်းအစိုးရလူ ကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ရော မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တွေနဲ့ပါပူးပေါင်း
 ဆောင်ရွက်နေတာကြောင့် သူတို့တွေရဲ့လုပ်နည်းလုပ်ဟန်နဲ့ အားနည်းချက်အားသာချက်တွေကိုလည်း သိသင့် သလောက်သိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

02 April 2015

တရားမဝင်မြန်မာလုပ်သားများ၏ ပန်းရောင်ကတ်များ သက်တမ်းတိုးရန် စင်တာဖွင့်လှစ်


Byငြိမ်းချမ်း On  Thu, 2015-04-02 06:30


ထိုင်းအစိုးရမှထုတ်ပေးသည့် ပန်းရောင်ကတ်ရရှိသော မြန်မာအလုပ်သမတစ်ဦး ကတ်ကိုပြသနေစဉ် (ဓာတ်ပုံ−အီးပီအေ)
 
ယာယီနေထိုင်ခွင့်သက် တမ်းကုန်ဆုံးသွားသည့် တရား မဝင်မြန်မာလုပ်သားခြောက်သိန်း ကျော်ကိုင်
ဆောင်ထားသော ပန်း ရောင်ကတ်များထပ်မံသက်တမ်း တိုးရန် ထိုင်းအစိုးရက ဧပြီ ၁ ရက် တွင် One Stop Service စင်တာ များ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရောက် တရားမဝင် မြန်မာလုပ်သားများ ယာယီနေ ထိုင်ခွင့်ရရှိရန် ၂၀၁၄ ဇွန်လ ၃၀ ရက်က စတင်ပြု လုပ်ခဲ့သော ခြောက်လသက်တမ်းရှိ ပန်းရောင် ကတ်များသည် ၂၀၁၅ မတ်လ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံး ခဲ့သည်။


“လုပ်အားခဘတ်သုံးသောင်းကျော်MAT တောင်းပေးလိုက်တယ်”

                   
၂၀၁၅ ဧပြီ ၂ ရက်
မြတ်ချို

           ဘန်ကောက်မြို့ဖက်ကဆင်လမ်းမကြီး အုန်းယိုင် Bigc အနီးတွင်ရှိသော    bond.poli.chem. ကားရေဆေးရုံမှ မြန်မာအလုပ်သမား ၄ဦးတို့၏ လုပ်အားခ ဘတ်ငွေ သုံးသောင်းအားMAT အဖွဲ့က တောင်း ခံပေးလိုက်သဖြင့် ယနေ့ရရှိသွားလိုက် ပြီးဖြစ်သည်။

            အလုပ်သမား ကိုစိုင်းက “ အလုပ်ရှင်က တိုင်ချင်သည့်နေရာတိုင် မပေးဘူးတဲ့။ ကျနော်တို့ အကူ ညီရှာရင်း MAT အဖွဲ့နဲ့ အဆက် အသွယ်ရသွားတယ်။ သင်္ကြန်နီးပြီး လုပ်အားခမရတော့ မိသားစုဆီ
 ငွေမပို့နိုင် လို့ စိတ်ညစ်နေတာ ခုလို ကူညီပေးတာ ကျေးဇူးတင်တယ်ဗျာ” ဟု ၀မ်းမြောက်စကားဆိုသည်။

          ၎င်းတို့၎ဦးက  MAT မဟာချိုင်ရုံးတွင် လာရောက် ခိုလှုံနေကြသော မြန်မာအလုပ်သမား ဒုက္ခ သည်များအတွက် ဆန်တစ်အိပ်ဝယ်လှူသွားကြောင်း ရုံးတာဝန်ခံ ကိုအောင်ဆန်းဦးကပြောသည်။ 

"လောကနီတိ ပညာရှိတို့ ဆိုမိန့်စကား"



"အိုးတစ်လုံး၊ ဖျာတစ်ချပ်နဲ့ အဖေါ်ခွေးနှစ်ကောင်သာပိုင်ဆိုင်တဲ့ မြန်မာလယ်သမားဘ၀"


01 April 2015

ငါဖမ်းလှေ မှာရောင်း စားခံရသူ၆ဦးနဲ့မယ်ဆိုင်မြိုမှာရောင်းစားခံရတဲ့ မြန်မာ၃ဦး MATအဖွဲ့ကယ်တင်

 VOA သတင်း ၃၁၊၃၊၂၀၁၅

ထိုင်းနိုင်ငံဘန်ကောက်မြိုရဲ့ တောင်ဘက်ကီလီမီတာ ၁၈၀အကွာခြူံဘူရီမြိုနယ်ထဲက ငါဖမ်းလှေ မှာရောင်း စားခံရသူ၆ဦးနဲ့မယ်ဆိုင်မြိုမှာရောင်းစားခံရတဲ့ မြန်မာ၃ဦးကို  ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားအဖွဲက ထိုင်းလူကုန်ကူးမူနှိပ်နင်းတိုက်ဖျက်ရေးရဲတွေအကူညီနဲ့ မတ်လ ၃၁ရက်နေ့က ကယ်ဆယ်ခဲ့ပါတယ် မအေးမာကသတင်းပေးပို့ထားပါတယ် ။

ံနေပြည်တော်တပ်ကုန်းမြိုယ် ရှားတောကျေးရွာသား ၉ဦးဟာထိုင်းမြန်မာနယ်စပ်မြ၀တီ မဲဆောက်မြို့ ကတဆင့်  အလုပ်လုပ်ကိုင်ဖို့လာရင်း ငါးဖမ်းလှေပေါ်မှာရောင်းစားခံခဲ့ရတာပါ သူတိုဟာ ပွဲစားတွေက တဆင့်အမျိုသားအုပ်စုကို ငါးဖမ်းလှေပေါ်ရောင်းစားခဲ့သလို့ အမျိုးသမီးအုပ်စုကိုတော့ တာချိလိပ်တဖက် ကမ်းမယ်ဆိုင်ဘက်ကိုရောင်းစားခဲ့တာဖြစ်ပါတယ်။

သူတို့တွေကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲက ကူညီကယ်ဆယ်ခဲ့ပုံကိုတော့ အမူဆောင် ဒါရိုက်တာ ဦးကျော်သောင်းကအခုလိုရှင်းပြပါတယ်.....