01 April 2015

ငါဖမ်းလှေ မှာရောင်း စားခံရသူ၆ဦးနဲ့မယ်ဆိုင်မြိုမှာရောင်းစားခံရတဲ့ မြန်မာ၃ဦး MATအဖွဲ့ကယ်တင်

 VOA သတင်း ၃၁၊၃၊၂၀၁၅

ထိုင်းနိုင်ငံဘန်ကောက်မြိုရဲ့ တောင်ဘက်ကီလီမီတာ ၁၈၀အကွာခြူံဘူရီမြိုနယ်ထဲက ငါဖမ်းလှေ မှာရောင်း စားခံရသူ၆ဦးနဲ့မယ်ဆိုင်မြိုမှာရောင်းစားခံရတဲ့ မြန်မာ၃ဦးကို  ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားအဖွဲက ထိုင်းလူကုန်ကူးမူနှိပ်နင်းတိုက်ဖျက်ရေးရဲတွေအကူညီနဲ့ မတ်လ ၃၁ရက်နေ့က ကယ်ဆယ်ခဲ့ပါတယ် မအေးမာကသတင်းပေးပို့ထားပါတယ် ။

ံနေပြည်တော်တပ်ကုန်းမြိုယ် ရှားတောကျေးရွာသား ၉ဦးဟာထိုင်းမြန်မာနယ်စပ်မြ၀တီ မဲဆောက်မြို့ ကတဆင့်  အလုပ်လုပ်ကိုင်ဖို့လာရင်း ငါးဖမ်းလှေပေါ်မှာရောင်းစားခံခဲ့ရတာပါ သူတိုဟာ ပွဲစားတွေက တဆင့်အမျိုသားအုပ်စုကို ငါးဖမ်းလှေပေါ်ရောင်းစားခဲ့သလို့ အမျိုးသမီးအုပ်စုကိုတော့ တာချိလိပ်တဖက် ကမ်းမယ်ဆိုင်ဘက်ကိုရောင်းစားခဲ့တာဖြစ်ပါတယ်။

သူတို့တွေကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲက ကူညီကယ်ဆယ်ခဲ့ပုံကိုတော့ အမူဆောင် ဒါရိုက်တာ ဦးကျော်သောင်းကအခုလိုရှင်းပြပါတယ်.....



    ဖမ်းဆီးခံရသူတွေကတော့ အသက်၂၀၀န်ကျင်းလူငယ် ၅ဦးပါဝင်ပြိး အမျိုးသမီး ၃ဦးပါဝင်ပါတယ်အသက် ၃၀အရွယ်ကိုမောင်ထွန်း အသက် ၁၈နှစ်အရွယ်ကိုဇော်ရှိန်း အသက် ၁၈နှစ်အရွယ် ကိုနိုင်ဝင်းဇော် အသက် ၂၀အရွယ်ကိုခန့်ဝင်းထွန်း အသက် ၄၀အရွယ် ကိုဇော်ဝမ်း ၂၀အရွယ်မနန်းနန်းစိုး အသက် ၂၂နှစ်အရွယ် မခင်အေးလှိုင်အသက်၄၀အရွယ်ကိုဇော်မင်းအသက် ၃၀အရွယ်မစုစုတို့ ဖြစ်ပါတယ် သူတိုတွေဟာ နေရပ် ရင်းကိုမပြန်လိုကြပဲထိုင်းနိုင်ငံမှာပဲအလုပ်ဆက်လုပ်ကိုင်ဖို့ဆုံးဖြတ်ကြတယ်လို့ဆိုပါတယ်။

 ထိုင်းနိုင်ငံရောက်မြန်မာငံသားများအဖွဲအနေနဲ့ ပြီးခဲံတဲ့နှစ်က လူကုန်ကူးခံရသူ ၁၂၀ကျော်ကို ကယ်ဆယ်နိုင် ခဲ့သလို့ ၂၀၁၅ခုနှစ်အတွင်းမှာတော့ ဒီဖြစ်ရပ်နဲ့ဆို လူ၁၉ဦးကိုကယ်တယ်နိုင်ခဲ့ တာဖြစ် ပါတယ် ။ အလုပ်အကိုင်ရှာဖွေဖို့လာကြရင်းနဲ့ သူတိုဆန္ဒမပါပဲ  ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံနေရတဲ့ ဖြစ်ရပ်တွေကမကြာခနရှိနေတာပါ ။

    ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယ အများဆုံး ပင်လယ်စာ တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ သန်းပေါင်း ၇ ထောင်ကျော်ဖိုး တင်ပို့ ရောင်းချနေပါတယ်။ ဒါပေမဲ့လည်း ငါးနဲ့ ပင်လယ်စာ လုပ်ငန်းတွေမှာ လူကုန်ကူးမှုတွေနဲ့ အလုပ်သမားတွေကို ကျေးကျွန်သဖွယ် ခိုင်းစေမှုတွေ ရှိနေတယ်ဆိုပြီး 2014 ခုနှစ်တုန်း က  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြခံခဲ့ရပါတယ်။

ဒီနောက်မှာတော့ ထိုင်းအာဏာပိုင်တွေဟာ ငါးဖမ်းလှေတွေပေါ်မှာတရားမ၀င် အလုပ်သမားတွေ ရှိမရှိ စစ်ဆေးတာတွေကို၂၀၁၅ခုနှစ်စပိုင်းကစပြီးလုပ်ခဲ့ကြပါတယ် လုပ်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ထိုင်းနိုင်ငံမှာ ရွေပြောင်းမြန်မာအလုပ်သမား သန်းနဲံချီ အလုပ်လုပ်ကိုင်နေကြပြီး တရားမ၀င်အလုပ် သမားတွေက ပို့များနေသလို့ နေစဉ် မြန်မာနိုင်ငံဘက်ကနေအလုပ်အကိုင်ရှာဖွေနေသူတွေလည်း အများအပြားရှိနေတာပါ ထိုင်းနိုင်ငံတွင်းမှာ လူကုန်ကူးမူတွေ ဖြစ်နေရတွေဟာအိမ်နီးနားချင်းနိုင်ငံတွေက အလုပ်အကိုင်ရှာဖွေလိုသူတွေကြောင့်ဖြစ်ရတယ်လို့  ထိုင်းနိုင်ငံဘက်ကတော့ပြောလေ့ရှိပါတယ်ရှင်။