02 April 2015

“လုပ်အားခဘတ်သုံးသောင်းကျော်MAT တောင်းပေးလိုက်တယ်”

                   
၂၀၁၅ ဧပြီ ၂ ရက်
မြတ်ချို

           ဘန်ကောက်မြို့ဖက်ကဆင်လမ်းမကြီး အုန်းယိုင် Bigc အနီးတွင်ရှိသော    bond.poli.chem. ကားရေဆေးရုံမှ မြန်မာအလုပ်သမား ၄ဦးတို့၏ လုပ်အားခ ဘတ်ငွေ သုံးသောင်းအားMAT အဖွဲ့က တောင်း ခံပေးလိုက်သဖြင့် ယနေ့ရရှိသွားလိုက် ပြီးဖြစ်သည်။

            အလုပ်သမား ကိုစိုင်းက “ အလုပ်ရှင်က တိုင်ချင်သည့်နေရာတိုင် မပေးဘူးတဲ့။ ကျနော်တို့ အကူ ညီရှာရင်း MAT အဖွဲ့နဲ့ အဆက် အသွယ်ရသွားတယ်။ သင်္ကြန်နီးပြီး လုပ်အားခမရတော့ မိသားစုဆီ
 ငွေမပို့နိုင် လို့ စိတ်ညစ်နေတာ ခုလို ကူညီပေးတာ ကျေးဇူးတင်တယ်ဗျာ” ဟု ၀မ်းမြောက်စကားဆိုသည်။

          ၎င်းတို့၎ဦးက  MAT မဟာချိုင်ရုံးတွင် လာရောက် ခိုလှုံနေကြသော မြန်မာအလုပ်သမား ဒုက္ခ သည်များအတွက် ဆန်တစ်အိပ်ဝယ်လှူသွားကြောင်း ရုံးတာဝန်ခံ ကိုအောင်ဆန်းဦးကပြောသည်။ 

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်း က “ လုပ်အားမပေးတာတို့ ပတ်စပို့တို့ ဘတ်တို့ကိုသိမ်းထားတာမျိုးဆိုတာတွေဟာ တာဝန်ရှိတဲ့ အရာရှိတစ်ဦး အနေနဲ့ ကြားရင် အသေးမွှားလို့ထင်ပေမယ့် အောက်ခြေအလုပ်သမားလူတန်းစားတစ်ယောက်အနေနဲ့ က တော့ ကြီးမားတဲ့ပြဿနာပဲဗျ။ ခုအလုပ်ရုံအချို့တွေမှာ ပတ်စပို့လုပ်ဖို့ဆိုပြီး မြန်မာအလုပ်သမား တစ်ယောက်ကို ဘတ်ငွေ တစ်သောင်း တစ်သောင်းကျော်အထိ ဖြတ်တောက်ထားတာရှိတယ်။ ဒီပြဿ     နာ   တွေကို ကျနော်တို့ ဖြေရှင်းနေကြရပြီ။ အစိုးရတစ်ရပ်အနေနဲ့ မူဝါဒ ကိုသေချာကိုင်လိုက်ရင်တစ်ချက်ပဲ။ ဒါပေမယ့် ကျနော်တို့ သာမန်လူတွေရှင်းရတာက အများသားဗျ” ဟုပြောသည်။


     လုပ်အားခ  ၄ဦးအတွက် MATအဖွဲ့ ကတောင်းခံပေးခဲ့ရသော်လည်း ကျန် တစ်ယောက်မှာ ပွဲစားနှင့်ရင်းနှီး သူဖြစ် သဖြင့် ပြေလည်သည်ဟုဆိုသည်။ လုပ်အားခငွေပြန်လည်ရရှိသွားကြ သူများမှာ ပဲခူးတိုင်း ကျောက်တံတားမြို့ နယ် ဖဒိုမြို့မှ ကိုစိုင်း+ မကြူ နှင့် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်း ကျေးရွာ မှ ကိုကျော်လွင်ဦးနှင့် ကိုဇော်မင်း တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် အဆိုပါ ကားဆေးရေးအလုပ်ရုံတွင် ၄လတိုင်တိုင် အလုပ်လုပ်နေကြသည့် အလုပ်သမားများဖြစ်ကြပြီး ပြီးခဲ့သည့်လက လုပ်အားခကို အပြည့်အစုံမပေးခဲ့ခြင်းဖြစ်သည်။