02 April 2015

တရားမဝင်မြန်မာလုပ်သားများ၏ ပန်းရောင်ကတ်များ သက်တမ်းတိုးရန် စင်တာဖွင့်လှစ်


Byငြိမ်းချမ်း On  Thu, 2015-04-02 06:30


ထိုင်းအစိုးရမှထုတ်ပေးသည့် ပန်းရောင်ကတ်ရရှိသော မြန်မာအလုပ်သမတစ်ဦး ကတ်ကိုပြသနေစဉ် (ဓာတ်ပုံ−အီးပီအေ)
 
ယာယီနေထိုင်ခွင့်သက် တမ်းကုန်ဆုံးသွားသည့် တရား မဝင်မြန်မာလုပ်သားခြောက်သိန်း ကျော်ကိုင်
ဆောင်ထားသော ပန်း ရောင်ကတ်များထပ်မံသက်တမ်း တိုးရန် ထိုင်းအစိုးရက ဧပြီ ၁ ရက် တွင် One Stop Service စင်တာ များ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရောက် တရားမဝင် မြန်မာလုပ်သားများ ယာယီနေ ထိုင်ခွင့်ရရှိရန် ၂၀၁၄ ဇွန်လ ၃၀ ရက်က စတင်ပြု လုပ်ခဲ့သော ခြောက်လသက်တမ်းရှိ ပန်းရောင် ကတ်များသည် ၂၀၁၅ မတ်လ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံး ခဲ့သည်။


ခြောက်လကြာ သက်တမ်း အတွင်း ပန်းရောင်ကတ်ကိုင် ဆောင်သူများအား မြန်မာအစိုးရကယာယီနိုင်ငံကူး လက်မှတ်ပြု လုပ်ပေးရန် ပြောဆိုထားသော် လည်း အဆင်သင့်မဖြစ်သေး သောကြောင့် ထိုင်းအစိုးရက ပန်း ရောင်ကတ် ထပ်မံ၍ သက်တမ်း တိုးပေးရခြင်းဖြစ်သည်။

သက်တမ်းတိုးသော ပန်း ရောင်ကတ်သည် ၂၀၁၅ ဧပြီ ၁ ရက်မှ ၂၀၁၆ မတ်လ ၃၁ ရက်အထိ  တစ်နှစ် တိတိ အကျုံးဝင်မည်ဖြစ်သည်။

သက်တမ်းတိုးပေးမည့် ကာလကို ဧပြီ ၁ ရက်မှ ဇွန်လ ၂၉ ရက်အထိ သတ်မှတ်ထားပြီး ထိုရက်အတွင်း သက်တမ်းမတိုးပါက ဖမ်းဆီးခံရမည်ဟု ထိုင်းအစိုးရက ပြောထားသည်။
 မှတ်ပုံတင်ကြေး၊ ဆေးစစ်ခ၊ ကျန်းမာရေးစောင့်ရှောက်ခများ အပါအဝင် တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၃,၁၆၀ ကုန်ကျမည်ဖြစ် ပြီး (၁၅)နှစ်အောက် ကလေးငယ် တစ်ဦးလျှင် ၁,၁၂၀ ဘတ် ကုန် ကျမည်ဖြစ်သည်။ ပန်းရောင်ကတ်များကို မြန်မာလုပ်သား ၆၄၅,၅၆၇ ဦး  ကိုင်ဆောင်ထား ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ အလုပ်သမားရေးရာ သံအရာရှိ ဦးသိန်းနိုင်က ပြော သည်။

‘‘သက်တမ်းတိုးတဲ့စင်တာ တွေ ဒီနေ့ပဲဖွင့်ပေးလိုက်ပါတယ်။ မနေ့က သက်တမ်းကုန်ဆုံးသွား တာပေါ့။ အစက ယာယီနိုင်ငံကူး လက်မှတ်လို့ခေါ်တဲ့ အစိမ်းရောင် စာအုပ်တွေလုပ်ပေးမယ်လို့ ထင် နေတာ။ မလုပ်ပေးသေးလို့ ပန်း ရောင်ကတ်တွေပဲ သက်တမ်းတိုး ပေးလိုက်တာ။ မြန်မာလုပ်သား တွေအတွက် ပိုက်ဆံပိုကုန်တာ ပေါ့’’ဟု ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (MAT)မှ ကိုစောမောင် က ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်ပြီး ပန်းရောင်ကတ်ပြုလုပ် ထားခြင်းမရှိသေးသော မြန်မာ လုပ်သားတစ် သန်းကျော်ရှိ ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာ လုပ်သားများအား ကူညီစောင့် ရှောက်ပေးနေသည့် အလုပ် သမားအဖွဲ့အစည်းများက ခန့် မှန်းသည်။