11 October 2015

လိပ်ကျွန်းလူသတ်မှု ဖြောင့်ချက်ကိစ္စ အပြန်အလှန် စစ်မေး

11.10.2015 07:16
မအေးအေးမာ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရင်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမားလူငယ်နှစ်ဦးနဲ့ အခင်းဖြစ်ပွားရာမှာ သက်သေပြထွက်ဆိုခိုင်းစဉ်။ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရင်း လူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမား လူငယ်နှစ် ဦးနဲ့ အခင်းဖြစ်ပွားရာမှာ သက်သေပြထွက်ဆိုခိုင်းစဉ်


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ မနှစ်၊ နှစ်ကုန်ပိုင်းလောက်က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ တရားခံလို့ စွပ်စွဲခံထားရသူ မြန်မာအလုပ်သမားနှစ်ဦးကို မနေ့ အောက်တို ဘာလ ၁၀ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ရုံးတော်အတွင်း အမှုကိုစစ်မေးတဲ့ အစိုးရရှေ့နေတွေ ဘက် ကတော့ တရားခံလို့ စွပ်စွဲခံထားရသူ တွေ ဟာ ပြစ်မှုကို တကယ်ကျူးလွန်ခဲ့လို့ ဝန်ခံ ဖြောင့်ချက်ပေးခဲ့ တာဖြစ်တယ်ဆိုတဲ့ ရှုဒေါင့်ကနေ စစ်မေးခဲ့ပါတယ်။ ဒါကို တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေ ရဲ့ရှေ့နေ
တွေ က ဘယ်လို ပြန်လည်ချေပခဲ့ကြပါသလဲ၊ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာ လူငယ်နှစ်ဦးကို ကော့စမွေ တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။ 

10 October 2015

“ငါးဖမ်းလှေပေါ်တွင် ၁၅ နှစ်ကြာရောင်းစားခံခဲ့ရသူတစ်ဦးအား MAT အဖွဲ့ကယ်တင်”


၂၀၁၅ အောက်တိုဘာ ၁၀
ကိုတီး

            ထိုင်းမလေးရှားနယ်စပ် ကတန်မြို့ ငါးဖမ်းလှေဆိပ်တွင် ၁၅ နှစ်ကြာလူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမားတစ်ဦးအား ထိုင်းအစိုးရလူကုန်ကူးမှုအထူးစုံစမ်းထောက်လှမ်းရေး DSI နှင့် မြန်မာသံရုံး အလုပ်သမားကူညီ စောင့်ရှောက်ရေးကော်မတီဝင် MAT က ယနေ့ ကယ်တင်နိုင်ကြောင်းသိရှိရသည်။

           လွတ်မြောက်လာသူမှာ ပဲခူးတိုင်း သက္ကလပ်မြို့နယ်၊ …………မှ ဦးမြတ်လွင်+ဒေါ်စမ်းမြင့် တို့၏ သား ဖြစ်ပါသည်။ သူက “ကျနော့်ကို ပွဲစား …… က ဓါးနဲ့ ရှစ်ပေါက်ထိုးတာ၊ သေပြီဆိုပြီးထားခဲ့တာ။  ကျနော်ကို ကော့သောင်း ကပွဲစားမ တစ်ယောက ကတန်က ထိုင်းပွဲစားမကြီး တစ်ယောက်ကိုရောင်းစားခဲ့တယ်။ ကျနော် တို့ ၆လ တစ်နှစ် ပင်လယ်ထဲမှာ ငါးဖမ်းနေရာက ကမ်းကိုကပ်ရင် ပြည့်တန်ဆာရုံတွေမှာ ပျော်ပါးခွင့်ပြုတယ်။ အရက်နဲ့ဘီယာသောက်ခွင့်ပြုတယ်။ ကုန်ကျတာကို သူတို့ရှင်းပေးတယ်။ အခြားအသုံးပြုဖို့အတွက်တော့ တစ်နေ့ကို ဘတ်ငွေ ၂၀၀ မျိုး ၃၀၀ ပဲပေးတယ်။ ခုMAT အဖွဲ့ နဲ့ အဆက်သွယ်ရလို့ လွတ်မြောက်လာခဲ့ပါပြီ” ဟုပြောသည်။

          လူကုန်ကူးဂိုဏ်းသားများ၏  မြန်မာအလုပ်သမားများအား ပင်လယ်ထဲတွင်သတ်ဖြတ်ခြင်း၊ ထွက်ပြေး သူများအား သတ်ဖြတ်ခြင်းနှင့်နှိပ်စက်ခြင်းအမျိုးမျိုးတို့ကို ကိုယ်တိုင်လည်းကြုံခဲ့ရသလို အမြောက်အမြားမြင် တွေ့ခဲ့ရကြောင်း ကိုကျော်သူ ကပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်း ငါးဖမ်းလှေတိုင်းမှာ မြန်မာအလုပ်သမားတွေ လူကုန်ကူးခံနေရတာပါ။ ထိုင်းသတင်းတွေမှာ လှေလုပ်သားတွေ ကို ပန်းရောင်ဘတ်ကဒ် လုပ်ပေးတယ်လို့ ထုတ်လွှင့်ပြသနေပေမယ့် လူကုန်ကူးမှုလျှော့မသွားပါဘူး။ အဲဒါ အမေရိကန်နဲ့ အီးယူတို့က ထိုင်းနိုင်ငံထုတ် ပင်လယ်အစားအစာတွေကို ပိတ်ပင်တာတွေရှိနေလို လူကုန်ကူးမှု အဆိုးဆုံးအဆင့်က ပယ်ဖျက်ခံရအောင် လုပ်ပြနေတာပဲဖြစ်တယ်။ လူကုန်ကူးမှုပပျောက်အောင် တကယ်လုပ် မယ်ဆိုရင် နောက်ထပ်နည်းလမ်းရှိပါတယ်” ဟု ပြောသည်။

            ယနေ့ကယ်ထုတ်မှုအတွက် ကားခကုန်ကျငွေအား မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးစိုးဝင်း(စိုးဝင်းကုမ္ပဏီ)က ကူညီပေးခဲ့သည့်အပြင် ၎င်း၏ကိုယ်ပိုင်ကားကိုလည်း အသုံးပြုပေးခဲ့ပါသည်။ MAT အဖွဲ့သည် ထိုင်းနိုင်ငံအနှံ့ အလုပ်သမားအရေးကိစ္စနှုင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ၀န်ထမ်းလစာ တစ်စုံတစ်ရာမရှိပဲ မိမိတို့ လုပ်အား ခငွေများကို အသုံးပြု၍ ကူညီသူများသာဖြစ်ကြပါသည်။ တစ်ခါတစ်ရံ  အနှောင်အဖွဲ့ကင်းလွတ်သည့် အကူညီပေးကြသူများ၏ အကူညီများဖြင့်လည်း ဆောင်ရွက်ရကြောင်းသိရှိရပါသည်။


“လူကုန်ကူးသူများစွန့်ပစ်ခဲ့သည့်မိသားစု၂စုအားပူးပေါင်းကူညီ”


၂၀၁၅ အောက်တိုဘာ ၁၀
မြတ်ညို (အလွတ်သတင်းထောက်)

           လူကုန်ကူးသူများက မိသားစု၂စုအား မဟာချိုင်လမ်းဘေးတွင် စွန့်ပစ်ထားခဲ့သဖြင့်ထိုင်း အာဏာပိုင် များနှင့် ပူးပေါင်း၍ MAT အဖွဲ့က မြန်မာနယ် စပ်သို့ပြန်လည်ပို့ဆောင်ပေးလိုက်သည်။

 စွန့်ပစ်ခံခဲ့ရသူများမှာ မွန်ပြည်နယ် သိမ်ဇရပ်မြို့နေ..အမောင် (အသက်၃၀နှစ်)+မ၀ါဝါခိုင်(အသက်၃၀နှစ် ) နှင့် သား မောင်လပြည့်စိုး(အသက်၃လ)  နှင့် တရပ်ကွက်တည်း နေ ဦးမျိုးမင်းခိုင်(အသက်၂၀နှစ်)+ဒေါ်စိုးစိုး (အသက်၂၀နှစ်)နှင့် သားမောင်မောင်ညီ (အသက်၎လ) တို့ဖြစ်ကြပါသည်။

             မွန်မိသားစု ၂ခုတို့သည် မူလက မြ၀တီတွင်လုပ်ကိုင်စားသောက်နေထိုင်ကြသူများဖြစ်ကြပါသည်။ မဲဆောက်သို့သွားရောက်၍ အလုပ်လုပ်ကိုင်နေကြသည်မှာ ၆ ရက်သာရှိသေးသည်။ ပွဲစားတစ်ဦးက ဘန်ကောက်သို့သွားရောက် အလုပ်လုပ်ကိုင်လိုပါက တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ စီပေးရမည်ဖြစ်သည်။ စရံ အဖြစ်  ဘတ်ငွေ ၁၆,၀၀၀ ပေးချေပြီးဖြစ်သည်။  

၂.၁၀ .၂၀၁၅ နေ့က လိုင်းကားတစ်စီးဖြင့်တင်ပို့လိုက်ရာ မဟာချိုင်တစ်နေရာသို့ရောက်ရှိသွားခဲ့သည်။ ထိုင်းနိုင်ငံသားတစ်ဦးမှ မသင်္ကာဖွယ်ရာတွေ့ရှိရသဖြင့် လူမှုကယ် ဆယ်ရေးအဖွဲ့မှ  ထိုင်းလူဝင်မှုကြီးကြပ်ရေး သို့ပို့ဆောင်သဖြင့် ၈.၁၀ ၂၀၁၅ နေ့တွင် မဲဆောက်သို့ ပြန်လည်ပို့ ဆောင်လိုက်သည်။ မဲဆောက်လူဝင် မှုကြီးကြပ်ရေးမှ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့MAT သို့ ဆက်သွယ်အ ကူ ညီတောင်း ခံလာခဲ့သည်။

          MAT ရုံးတာဝန်ခံနှင့် နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ကိုစိုင်းအေး က“ ကျနော်ကို မဲဆောက် လ၀က ကဖုန်းဆက်လာတယ်။ ကျနော်လည်း ချက်ခြင်းလိုက်သွားခဲ့တယ်။ မြ၀တီက မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ကို သတင်းပို့ပြီး လူကုန်ကူးခံရတဲ့မိသားစုတွေကို လွှဲပြောင်းပေးနိုင်အောင် စီစဉ် ကူညီပေးခဲ့တယ်။

          မြန်မာနိုင်ငံတွင် ရပ်တည်နေထိုင်ရေး စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများမဖန် တီနိုင်သေးမီကာလအတွင်း  ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်လိုကြသူများ လွယ်ကူသက်သာသည့် အဖိုးအခများဖြင့် လုံခြုံစိတ်ချရသည့်အစီအမံများအား မြန်မာအစိုးရ ပြင်ဆင်ထားသင့်သည်။ MOU ဖြင့် အလုပ် သမားတင်ပို့ခြင်းမှာ လူကုန်မှုလျှော့နည်းပပျောက်ရေးအတွက်ဟု အစိုးရက ဆိုထားသော်လည်း လက်တွေ့တွင် အကုန်အကျ အလိမ်အညာများပြီး အလုပ်သမားများအား  ငွေဝယ်ကျွန်စနစ်သဖွယ် သာဖြစ်
 ကြောင်း MAT အဖွဲ့က ထောက်ပြထားသည်။

09 October 2015

“တာဝန်မယူတဲ့အေဂျင်စီ၂ခုကိစ္စ MAT က အလုပ်သမားသံအရာရှိထံသို့ပို့ဆောင်ဖြေရှင်း”

                              
      ၂၀၁၅ အောက်တိုဘာ ၉

စောမောင်

              လုပ်အားခလစာမရသည့်အေဂျင်စီတစ်ခုနှင့် ၂လတိုင်တိုင် အလုပ်မလုပ်ရသေးပဲဖြစ်နေကြသည့် အမျိုးသမီး၈ဦးနှင့် လုပ်အားခထုတ်မပေးသဖြင့် စားစရာမရှိဖြစ်နေသည့် အလုပ်သမား ၁၆ဦးတို့၏  ပြဿနာ အား MAT က အလုပ်သမားသံအရာရှိရုံးတွင် ယနေ့သွားရောက်ကူညီဖြေရှင်းပေးခဲ့သည်။

         Rakhita Employment gency ဖြင့်လာခဲ့သည့် အမျိုးသမီး ၈ဦးတို့သည် ဘန်ကောက်မြို့မြောက်ဘက် ချာချင်ဆောင်အရပ်တွင်ရှိသော CDပြားအလုပ်ရုံတစ်ခုသို့  အမျိုးသမီး ၂၀ ဦးရောက်ရှိလာခဲ့သည်။ မိန်းကလေး ၈ယောက်  ၂လရှိပြီဟုဆိုပါသည်။ အလုပ်သမားများသည် ၆သိန်းခွဲ ပေးခဲ့ရသည်။ စုစုပေါင်း ၈သိန်းခန့်ကုန်ကျ ခဲ့သည်။

 ရန်ကုန်မြို့တွင် အီလက်ထရွန်နစ်နဲ့ စာချုပ်ချုပ်လာခဲ့ကြသည်။ စာချုပ်ချုပ်စဉ် မိန်းကလေး သီးသန့် ၉၄ ဦးဖြစ်ပါသည်။ ၎င်းတို့မည်သည့်နေရာသို့ရောက်ရှိသွားသည် ကိုမသိရှိတော့ကြောင်း အလုပ်သမားများကပြော ပါသည်။

အလုပ်သမတစ်ဦးက “ အလုပ်ကြပ်က သမီးတို့ကို ခိုင်းတာနားမလည် မလုပ်တတ်ရကောင်းလားဆိုပြီး လက်ကိုရိုက်တယ်။ ခေါင်းကို လက်ညှိးနဲ့တွန်း ထိုး တယ် ။ ဒီကိစ္စကိုဖြေရှင်းပေးဖို့ ပွဲးစားနဲ့ ရက္ခိတ အေဂျင်စီကို အကြောင်းကြားပေမယ့် ဘာမှ ရှင်းမပေးကြဘူး။ သမီးတို့ အလုပ်မလုပ်ရတာ ၂လရှိပြီ။ သမီးတို့ဆီက ပတစ်ပို့ဖိုး ဘတ်၎,၀၀၀ ဖြတ်ထားပြီ။ ပွဲစားအခြောက်မက၊ နင်တို့ကို ဗမာအေဂျင်စီက ငါကိုရောင်းခဲ့ပြီလို့ပြော တယ်။ပတ်စပို့ရွေးမယ်ဆိုရက် နောက်ထပ် ၁၁,၀၀၀ ပေးရမယ်လို့ပြောပါတယ်” ဟုပြောသည်။


08 October 2015

လူကုန်ကူးမှုနှိမ်နင်းခြင်း BBC အသံဖိုင်


“ပစ္စည်းဟောင်းရောင်းဝယ်သည့် လုပ်ငန်းရှင်ကလုပ်အားခရှင်းမပေး”


၂၀၁၅ အောက်တိုဘာ ၈
ကိုခွန်

            ပစ္စည်းအဟောင်း ရောင်းဝယ်သည့်ဆိုင်တွင်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမား၃ဦးတို့ ၏လုပ်အားခ တောင်းမရသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ကော်မတီက ကူညီနေကြောင်းသိရသည်။

          ထိုင်းနိုင်ငံမင်ပူရီခရိုင် နဝမင့် ၁၆၃ လမ်းခွဲ၂ တွင်ရှိသော အဟောင်းပစ္စည်းရောင်းဝယ်ရေးတွင် လုပ်ကိုင်နေကြသော တနင်္သာရီတိုင်း၊ မြိတ်မြို့ ကန်တောင်ရပ်၂ ရပ်ကွက်မှ မွတ်ဆလင်မိသားစုများဖြစ်ကြသော ဦးစိုးလွင်-အသက် ၄၄ ဒေါ်မျိုးမျိုးမြင့် အသက် ၄၆ နှင့် မရိုး အသက်  ၂၄ နှစ် တို့ ၃ဦးတို့အား လုပ်ငန်းရှင်က အမျိုးမျိုးလှည့်ပတ် ခြိမ်းခြောက်၍ လုပ်အားမပေးပဲ မောင်းထုတ်ခဲ့သည်။

“မြန်မာကလေးတစ်ဦး လိင်အင်္ဂါဖြတ်အသတ်ခံရ”



၂၀၁၅ အောက်တိုဘာ ၈


မင်းဘခက်

          အသက်၁၁ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး လိင်အင်္ဂါကိုအဖြတ်ခံရပြီး အသတ်ခံကြောင်းထိုင်းရပ် အွန်လိုင်းတွင် ရေးသားဖေါ်ပြထားသည်။


           ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖေါင်းခရိုင် လန်စုံမြို့နယ်၊ ဘန်နမ်းကျွတ်ရပ်ကွက်ထာင်ခိုပင်လယ်ကမ်းခြေအနီး ရေပြင်တွင် အလောင်းတစ်လောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်သည်။


         ကယ်ဆယ်ရေးအဖွဲ့များဖြင့် စုပေါင်းစစ်ဆေးတွေ့ရှိချက်အား ဒေသခံရဲအရာရှိ မစ္စတာ ၀ိထွန်ဖုန်ဝါရီ က“သေဆုံးတာ ၃ရက်လောက်ရှိပြီ၊ ဒီအခင်းဖြစ်တဲ့နေရာက ဆိုင်ကယ်တွေ ကားတွေသွားလို့မရောက်ဘူး။ ခြေကျင်မိနစ် ၂၀ လောက်လျှောက်ရတဲ့နေရာဖြစ်တယ်။ အလောင်းမှာ လိင်အင်္ဂါဖြတ်တောက်ခံရတဲ့အပြင် အခြား ဒဏ်ရာတွေအမြောက်အမြားလည်းတွေ့ရပါတယ်” ဟုပြောသည်။

       သေဆုံးသွားသူ၏မိခင်မှာ အသက်၃၆နှစ်အရွယ် ဒေါ်ကိုင်ဆိုသူဖြစ်သည်။ သူမ က ၂၀၁၅ ခု အောက်တို ဘာ ၃ ရက်နေ့က အသက် ၄၅နှစ်အရွယ်ခန့်ရှိ ထိုင်းအမျိုးသားတစ်ဦးက ရပ်ကွက်ဈေးတွင် မုန့်စားရန်ဟုဆိုကာ သေဆုံးသူအားခေါ်ဆောင်သွားကြောင်း၊ ၃ရက်ပြည့်သွားသည့်တိုင်အောင် ပြန်မရောက်လာသဖြင့် ၀ိုင်းရှာကြရာ အလောင်းကိုတွေ့ကြောင်း ငိုယိုပြောပြသည်။

  အလောင်းအား စူရတ်ဌာနီဆေးရုံတွင် မှုခင်းသိပ္ပံဌာနတွင် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။  



07 October 2015

“မြန်မာနိုင်ငံသည်ဘဘာဝဘေးအန္တရာယ်တွေအတွက်အဆင်သင့်မဖြစ်သေး”

"၂၀၁၅ ခု အောက်တိုဘာလ  ၇ ရက်နေ့ထုတ် (တို့ခေတ်) အပတ်စဉ်ဂျာနယ်တွင် ဖေါ်ပြထား သည့် ဆောင်းပါးကို အွန်လိုင်း မိတ်ဆွေများအတွက် ကူးယူဖေါ်ပြပါတယ်"

        မြန်မာနိုင်ငံအသွင်းကူးပြောင်းရေးကာလဟာ အခြေခံကျကျစနစ်တကျမဟုတ်ဘူးဆိုတာသိကြပါတယ်။ အသွင်းပြောင်းအစိုးရ ၅နှစ်သက်တမ်းကာလအတွင်းမှာတိုးတက်သွားတာဆို လို့၊ သယံဇာတတွေမျိုးတုန်းပြီး အခွင့်ထူးခံတွေပိုမိုပွားများလာကာ ပြည်သူတွေပိုမိုအကျပ်ဆိုက်လာခဲ့တာပါပဲရှိတယ်။ နိုင်ငံတကာရင်းနှီးမြုပ်
 နှံမှုတွေဝင်ရောက်ပြီး ဘယ်နေရာမှာလုပ်ကိုင်နေတာကိုနိုင်ငံသားတွေမသိရပေမယ့် ပြည်ပကမြန်မာ အ လုပ်သမားတွေ ပြန်လည်ဝင်ရောက်ကြတဲ့ အခင်းအကျင်းမပေါ်ပေါက်သေးဘူး။ ၅နှစ်တာကာလ အတွင်းမှာ အရွယ် ရောက်ပြီးတိုင်း မြန်မာနိုင်ငံသားတွေပိုမိုထွက်ခွာနေတာကိုကြည့်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့် အလမ်းတွေ မပေါ် ပေါက်သေးဘူးဆိုတာကိုသိရှိနိုင်ပါတယ်။

        မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံကြသူတွေနဲ့ အဆင့်အတန်းမီမီနေထိုင်လိုကြသူတိုင်ဟာ အရေးပေါ် ဆိုရင်
 အားလုံးသေတော့မှာပဲ။ ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးတော့မှာပဲဆိုတဲ့ စိုးရိမ်စရာအနေအထားမှာအရဲစွန့်ပြီး လုပ်ကိုင်နေကြရတာသာဖြစ်ပါတယ်။ နိုင်ငံကိုအုပ်ချုပ်မင်းလုပ်နေသူတွေဟာ ကမ္ဘာ့အချမ်းသာဆုံး စါရင်းဝင်
 နေသူတွေဖြစ်ကြတာကြောင့် သူတို့ဟာအရာရာပြည်စုံနေကြသူများပီပီ၊ တိုင်းပြည်ရဲ့ဘယ်အခန်း ကဏ္ဍ မှာမဆို အဆင်ပြေနေတယ်လို့ ထင်မှတ်ထားကြပြီးလွယ်လွယ်ပြောတတ်ကြပါတယ်။

RFA မနက်ပိုင်းအစီစဉ်



VOAညပိုင်းအစီစဉ်