09 October 2015

“တာဝန်မယူတဲ့အေဂျင်စီ၂ခုကိစ္စ MAT က အလုပ်သမားသံအရာရှိထံသို့ပို့ဆောင်ဖြေရှင်း”

                              
      ၂၀၁၅ အောက်တိုဘာ ၉

စောမောင်

              လုပ်အားခလစာမရသည့်အေဂျင်စီတစ်ခုနှင့် ၂လတိုင်တိုင် အလုပ်မလုပ်ရသေးပဲဖြစ်နေကြသည့် အမျိုးသမီး၈ဦးနှင့် လုပ်အားခထုတ်မပေးသဖြင့် စားစရာမရှိဖြစ်နေသည့် အလုပ်သမား ၁၆ဦးတို့၏  ပြဿနာ အား MAT က အလုပ်သမားသံအရာရှိရုံးတွင် ယနေ့သွားရောက်ကူညီဖြေရှင်းပေးခဲ့သည်။

         Rakhita Employment gency ဖြင့်လာခဲ့သည့် အမျိုးသမီး ၈ဦးတို့သည် ဘန်ကောက်မြို့မြောက်ဘက် ချာချင်ဆောင်အရပ်တွင်ရှိသော CDပြားအလုပ်ရုံတစ်ခုသို့  အမျိုးသမီး ၂၀ ဦးရောက်ရှိလာခဲ့သည်။ မိန်းကလေး ၈ယောက်  ၂လရှိပြီဟုဆိုပါသည်။ အလုပ်သမားများသည် ၆သိန်းခွဲ ပေးခဲ့ရသည်။ စုစုပေါင်း ၈သိန်းခန့်ကုန်ကျ ခဲ့သည်။

 ရန်ကုန်မြို့တွင် အီလက်ထရွန်နစ်နဲ့ စာချုပ်ချုပ်လာခဲ့ကြသည်။ စာချုပ်ချုပ်စဉ် မိန်းကလေး သီးသန့် ၉၄ ဦးဖြစ်ပါသည်။ ၎င်းတို့မည်သည့်နေရာသို့ရောက်ရှိသွားသည် ကိုမသိရှိတော့ကြောင်း အလုပ်သမားများကပြော ပါသည်။

အလုပ်သမတစ်ဦးက “ အလုပ်ကြပ်က သမီးတို့ကို ခိုင်းတာနားမလည် မလုပ်တတ်ရကောင်းလားဆိုပြီး လက်ကိုရိုက်တယ်။ ခေါင်းကို လက်ညှိးနဲ့တွန်း ထိုး တယ် ။ ဒီကိစ္စကိုဖြေရှင်းပေးဖို့ ပွဲးစားနဲ့ ရက္ခိတ အေဂျင်စီကို အကြောင်းကြားပေမယ့် ဘာမှ ရှင်းမပေးကြဘူး။ သမီးတို့ အလုပ်မလုပ်ရတာ ၂လရှိပြီ။ သမီးတို့ဆီက ပတစ်ပို့ဖိုး ဘတ်၎,၀၀၀ ဖြတ်ထားပြီ။ ပွဲစားအခြောက်မက၊ နင်တို့ကို ဗမာအေဂျင်စီက ငါကိုရောင်းခဲ့ပြီလို့ပြော တယ်။ပတ်စပို့ရွေးမယ်ဆိုရက် နောက်ထပ် ၁၁,၀၀၀ ပေးရမယ်လို့ပြောပါတယ်” ဟုပြောသည်။




၁။ ညွန့်ညွန်တင်။၃၂နှစ်၊ မကွေးတိုင်း၊အောင်လံ။ ၂။သင်းသင်းခိုင်၊၃၃နှစ်၊ မကွေးတိုင်း၊ငဖယ်၊၃။ ချိုလှိုင်သင်း၊ ၂၁နှစ် ဧရာဝတီတိုင်း ညောင်တုန်းမြို့၊၄။ ခိုင်းမာထွေး၊၂၀၊ မကွေးတိုင်း၊တလုပ်ကုန်၊၅။ နွဲ့နွဲ့ကြည်၊၂၅နှစ်၊ မကွေးတိုင်း၊သိုက်ရိုးရွာ၊ ၆၊ ချိုချိုမြင့်၊၂၈နှစ်၊မကွေးတိုင်း၊သိုက်ရိုးရွာ၊၇။ သက်သက်အေး၊၂၀နှစ်  ပဲခူးတိုင်း၊ ညောင်လေးပင်၊၈။နွယ်နွယ်၊၂၉နှစ်၊နေပြည်တော်တိုင်း  ပွန်းခြံစံပြကျေးရွာ။

           ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့မှ သွားရောက်ဖြေရှင်းပေးခဲ့သူ ကိုခွန် က“အမျိုးသမီး၈ ယောက် ကိုနောက်ထပ်အလုပ်သစ်ရှာပေးမယ်။ ပြည့်အောင်ကျော်နဲ့လာတဲ့ ပန်းရံအလုပ်သမား ၁၆ ယောက် ကိစ္စကို ရန်ကုန်က အေဂျင်စီကလာရောက်ဖြေရှင်းပေမယ်လို့၊ တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ သူတို့အတွက် လစာမရခင်  စားနေဖို့ ဘတ်ငွေ ၂,၀၀၀ ကိုMOEAF က ထုတ်ပေးတယ်။ အလုပ်၂လ နားထားရတဲ့ မိန်းကလေး၈ယောက်အတွက် စားစရိတ် ဘတ်ငွေ  ၄,၀၀၀ ကို  ရက္ခိတ ဒါရိုက်တာ ထောက်ပံ့ ပေးသွားပါတယ်” ဟုပြောသည်။

မြန်မာပြည်မှ ပွဲစားငယ်များက ၎င်းတို့ပေးပို့သည့် အလုပ်သမားများ အဆင်မပြေသည့်အခါ MAT အဖွဲ့၏ ဖုန်းနံပါတ်ကိုပေးနေကြကြောင်း MAT အဖွဲ့ကပြောသည်။

      
        MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “MOU နဲ့ ပတ်သက်လာရင် ကျနော်တို့ မစင်ပုံလိုရွံချာလာပါပြီ။ အကျင့်ပျက်ဝန်ထမ်းတွေနဲ့ လူကုန်ကူးကြတဲ့လူလိမ်တွေနဲ့ အကျိုးအမြတ်အများကြီးဖြစ်တဲ့ စီးပွားရေးလုပ်နေကြတာ။  MOU အလုပ်သမားတွေ မျက်နှာငယ်ကလေးနဲ့စားရမဲ့ သောက်ရမဲ့ အကာအကွယ်မဲ့နဲ့ ကျနော်တို့ဆီ ရောက်လာတော့လည်းမနေနိုင် အလုပ်သမားသံအရာရှိဆီပို့ရတယ်။ ကျနော်တို့လုပ်ချင်တာက ထိုင်းတွေ ဖိနှိပ်တာကိုလုပ်ချင်တာ။ ခုဟာက ဗမာအလုပ်သမားကို ဗမာအေဂျင်စီပွဲစားကလိမ်နေတော့ခက်တယ်ဗျာ။ ကျနော်တို့သွားရှင်းမပေးရင် ဒီကလေးတွေကိုဘယ်သူမှ ဂရုမစိုက်ပါဘူး” ဟုပြောသည်။

          MOU အလုပ်သမားများ ထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး အခက်အခဲကြုံနေကြရသည့်အခြေအနေများကို MAT အဖွဲ့သည် ပြည်သူလွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့ ၆လ ခြား၍ အချက်အလက်အပြည့်အစုံဖြင့် တင်ပြခဲ့သည်။

    အေဂျင်စီများ၏ အားနည်းချက်များကို မြန်မာနိုင်ငံမှသိရှိကြစေရန်အတွက် ကာယကံရှင် အလုပ်သမားများကိုခေါ်ယူ၍ များမကြာမီကလည်း ရန်ကုန်မြို့ ဂျာနယ်လစ်များကွန်ယက်ခန်းမတွင်းလည်း သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့သည်။ သို့ရာတွင် မြန်မာအလုပ်သမားဝန်ကြီးဌာနသည် MOU ပြဿနာအား အားနည်းချက်အားသာချက်များကို စဉ်းစားလုပ်ဆောင်သည့်အနေအထားမတွေ့ရသေးကြောင်းဦးကျော်သောင်း ကပြောသည်။