08 October 2015

“ပစ္စည်းဟောင်းရောင်းဝယ်သည့် လုပ်ငန်းရှင်ကလုပ်အားခရှင်းမပေး”


၂၀၁၅ အောက်တိုဘာ ၈
ကိုခွန်

            ပစ္စည်းအဟောင်း ရောင်းဝယ်သည့်ဆိုင်တွင်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမား၃ဦးတို့ ၏လုပ်အားခ တောင်းမရသဖြင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ကော်မတီက ကူညီနေကြောင်းသိရသည်။

          ထိုင်းနိုင်ငံမင်ပူရီခရိုင် နဝမင့် ၁၆၃ လမ်းခွဲ၂ တွင်ရှိသော အဟောင်းပစ္စည်းရောင်းဝယ်ရေးတွင် လုပ်ကိုင်နေကြသော တနင်္သာရီတိုင်း၊ မြိတ်မြို့ ကန်တောင်ရပ်၂ ရပ်ကွက်မှ မွတ်ဆလင်မိသားစုများဖြစ်ကြသော ဦးစိုးလွင်-အသက် ၄၄ ဒေါ်မျိုးမျိုးမြင့် အသက် ၄၆ နှင့် မရိုး အသက်  ၂၄ နှစ် တို့ ၃ဦးတို့အား လုပ်ငန်းရှင်က အမျိုးမျိုးလှည့်ပတ် ခြိမ်းခြောက်၍ လုပ်အားမပေးပဲ မောင်းထုတ်ခဲ့သည်။


ြ မန်မာသံရုံးသို့လာရောက် အကူညီတောင်းခံကြရာ မြန်မာသံရုံးအလုပ်သမားကူညီ စောင့်ရှောက်ရေး
 ကော်မတီလူကြီးမှ  MAT အဖွဲ့သို့ တာဝန်ပေးခဲ့သည်။ MAT အဖွဲ့က  ၃၀.၉.၂၀၁၅ နေ့က န၀မင်နယ်မြေ၃ (ဆ၀ါဒီကန်) ရုံးသို့ သွားရောက်၍ တိုင်ကြားအမှုဖွင့်ခဲ့ပါသည်။

            ဒေါ်မျိုးမျိုးမြင့်က “ကျမတို့ ၃ယောက် ၅လကျော် လုပ်အားခ စုစုပေါင်း ဘတ်ငွေ ၈၇,၁၆၀ ရစရာရှိပါတ ယ်။ အမျိုးမျိုးလှည့်ပတ်ပြီး ခြိမ်းခြောက်ပါတယ်။ အဲဒါကြောင့် မြန်မာသံရုံးကိုလာခဲ့ပြီး အကူညီတောင်းရတာပါ” ဟုပြောသည်။

           ယမန်နေ့ ၇၁၀၂၀၁၅ ရက်နေ့၌ ဆ၀ါဒီကန်ရုံးတွင် ရှင်းလင်းကြရာ  ပစ္စည်းအဟောင်းရောင် ၀ယ်သည့် ဆိုင် ပိုင်ရှင်က တစ်နေ့လျှင် ဘတ်ငွေ ၅၀၀နုန်းဖြင့် နေ့စဉ်ပေးဆပ်သွားမည်ဖြစ်ကြောင်း ပြောဆိုရာ အလုပ်သမား ၃ဦးနှင့်  MAT အဖွဲ့တို့ကလည်းလက်မခံခဲ့ကြပေ။ ဆ၀ါဒီကန်ရုံးအရာရှိ၏ အကြံပေးချက်အရ ရှေ့နေအဖွဲ့သို့ သွားရောက်၍
အမှုဖွင့်ခဲ့ကြရသည်။

 MAT အဖွဲ့ ၏ အမှုလိုက်အရာရှိ ကိုဘခက် က“အလုပ်သမားပြဿ     နာဖြေရှင်းရေးရုံးဖြစ်တဲ့ ဆ၀ါဒီကန်ရုံးမှာ တောင် ကလိန်ကကျစ်လုပ်တာလေ။ ကျနော်တို့လည်း ရှေ့နေဆီသွားပြီး  ဒီအမှုကို ဆက်လက်ဆောင်ရွက်ဖို့ အတွက် တင်ပြလိုက်ပါတယ်။ အမှုတော့ကြာသွားမှာပေါ့” ဟုပြောသည်။

               MAT အဖွဲ့တွင် ကိုယ်ပိုင်ရှေ့နေငှါးရမ်း၍ မရှိသော်လည်း ယခင်က လုပ်ကိုင်ခဲ့ဖူး
ကြသည့် ရှေ့နေများက အဖိုးအခဖြင့် အမှုများကို လိုက်လံဆောင်ရွက်ပေးနေသဖြင့် တန်ကာ
ကျသေးသည်ဟုဆိုနိုင်ပါသည်။