08 October 2015

“မြန်မာကလေးတစ်ဦး လိင်အင်္ဂါဖြတ်အသတ်ခံရ”



၂၀၁၅ အောက်တိုဘာ ၈


မင်းဘခက်

          အသက်၁၁ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး လိင်အင်္ဂါကိုအဖြတ်ခံရပြီး အသတ်ခံကြောင်းထိုင်းရပ် အွန်လိုင်းတွင် ရေးသားဖေါ်ပြထားသည်။


           ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖေါင်းခရိုင် လန်စုံမြို့နယ်၊ ဘန်နမ်းကျွတ်ရပ်ကွက်ထာင်ခိုပင်လယ်ကမ်းခြေအနီး ရေပြင်တွင် အလောင်းတစ်လောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်သည်။


         ကယ်ဆယ်ရေးအဖွဲ့များဖြင့် စုပေါင်းစစ်ဆေးတွေ့ရှိချက်အား ဒေသခံရဲအရာရှိ မစ္စတာ ၀ိထွန်ဖုန်ဝါရီ က“သေဆုံးတာ ၃ရက်လောက်ရှိပြီ၊ ဒီအခင်းဖြစ်တဲ့နေရာက ဆိုင်ကယ်တွေ ကားတွေသွားလို့မရောက်ဘူး။ ခြေကျင်မိနစ် ၂၀ လောက်လျှောက်ရတဲ့နေရာဖြစ်တယ်။ အလောင်းမှာ လိင်အင်္ဂါဖြတ်တောက်ခံရတဲ့အပြင် အခြား ဒဏ်ရာတွေအမြောက်အမြားလည်းတွေ့ရပါတယ်” ဟုပြောသည်။

       သေဆုံးသွားသူ၏မိခင်မှာ အသက်၃၆နှစ်အရွယ် ဒေါ်ကိုင်ဆိုသူဖြစ်သည်။ သူမ က ၂၀၁၅ ခု အောက်တို ဘာ ၃ ရက်နေ့က အသက် ၄၅နှစ်အရွယ်ခန့်ရှိ ထိုင်းအမျိုးသားတစ်ဦးက ရပ်ကွက်ဈေးတွင် မုန့်စားရန်ဟုဆိုကာ သေဆုံးသူအားခေါ်ဆောင်သွားကြောင်း၊ ၃ရက်ပြည့်သွားသည့်တိုင်အောင် ပြန်မရောက်လာသဖြင့် ၀ိုင်းရှာကြရာ အလောင်းကိုတွေ့ကြောင်း ငိုယိုပြောပြသည်။

  အလောင်းအား စူရတ်ဌာနီဆေးရုံတွင် မှုခင်းသိပ္ပံဌာနတွင် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။