04 July 2012
“ကလေးအလုပ်သမားများအစုလိုက်အပုံလိုက် ခြုံဖေါ်ပါနန်းတွင် ဖမ်းဆီး”
ဇူလိုင် ၎
မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖေါ် ပါနန်းငယ် အရပ်တွင်ရှိသော pj ငါးမဲလုံး အပြာရောင် စက်ရုံတွင် ယမန်နေ့ ညနေပိုင်းက ထိုင်းပုလိပ် များ ၀င်ရောက်ဖမ်းဆီး စဉ် နေထိုင်အလုပ်လုပ်ကိုင်ခွင့် မရှိသည့် မြန် မာအလုပ်သမား ၁ကျော်အနက်အသက် ၁၈ နှစ်အောက် ကလေး အလုပ်သမား ၅၀ ခန့် ပါဝင်ကြောင်း သိရှိရသည်။
အသက် ၁၆နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် သားတစ်ဦး တို့ ဖမ်းဆီးခံရသည့် ကိုကျော်ဦးက“ ဒီကလေးတွေမှာ ဘတ်မရှိ ဘူး။ ကျောင်း လည်း မတက်ရတော့ အလုပ်ဝင်လုပ်ကြတယ်။ ခြုံဖေါ်မှာ အခြားအလုပ်ရုံတွေ မှာ ကလေး အလုပ်သမားေ တွကို လက်မခံဘူး။ ဒီအလုပ်ရုံတစ်ရုံပဲလက်ခံတာ။ ခု အဖမ်းခံရတဲ့အလုပ်သမားတွေ အကုန် လုံး ပုလိပ်ကြေး တစ်လကို ဘတ်ငွေ ၃၅၀ စီ ပေးထားရပါတယ်” ဟုပြောသည်။
ယမန်နေ့ ညနေ သုံးနာရီ ကျော်အချိန်ခန့် တွင် ဖမ်းဆီး ခဲ့သည့် အဆိုပါ အလုပ်သမာများ အားလုံးတို့ ကို ခြုံ
ဖေါ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး မိဘများမှာ အထူးစိတ်ပူနေကြကြောင်း သိရှိရသည်။
သမီးငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသည့် မကေသီဝင်း က“ ကလေးတွေကို နယ်စပ်ကိုပြန်ပို့ရင် လူကုန်ကူးသူတွေ လက်ထဲကို ရောက်ကုန်မယ်။ ဘယ်ကိုရောက်လို့ ရောက်မှန်းမသိ ဖြစ်သွားမယ်။ ခုထိ ကျမတို့ ကလေးတွေ
ကို တွေ့ခွင့်မရဘူး” ဟုပြောသည်။
ကလေးအလုပ်သမား ၅၀ ၀န်းကျင် တို့အား ချုံဖေါ် အချုပ်ကြီးတွင်ချုပ်နှောင်ထားပြီး လူကြီးအလုပ်သမား တစ်ရာကျော်တို့ကိုမူ ပါနန်းအချုပ်ခန်းထဲတွင် ချုပ်နှောင်ထားကြောင်း အလုပ်သမားများကပြောသည်။
ခြုံဖေါ်နယ်မြေတွင် မြန်မာအလုပ်သမား သောင်းပေါင်းများစွာ ရှိသော်လည်း ကျမ္မာရေး အင်ဂျီအို တစ်ခုမှ လွဲ၍ အလုပ်သမားကိစ္စ လုပ်ကိုင်သည့်အဖွဲ့အစည်းဟူ၍ မရှိကြောင်း အလုပ်သမားများကပြောသည်။
Labels:
သတင်းတို
03 July 2012
“အသက်၁၇ နှစ်အရွယ် မြန်မာအလုပ်သမတစ်ဦး သတ်ဖြတ်ခံရ”
ဇူလိုင် ၂ ကိုတီး (ထိုင်းဘာသာပြန် သတင်းထောက်)
ထိုင်းနိုင်ငံ မြောက်ပိုင်းအစွန်ဆုံးတွင်ရှိ ဘန်ကောက်နှင့် ကီလိုမီတာ ၇၈၅ ကွာဝေးသော ချိုင်းလိုင်းခရိုင် မဲ့ကျဲမ်မြို့  ကောင်း ခဲ ကျေးရွာ နယ်မြေအမှတ် ၂၄ တွင် ရှိသော ကြက်သွန်စိုက်ခင်း တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအလုပ်သ ငယ်တစ်ဦး ကျည် ဒဏ်ရာ ကိုးချက်ဖြင့် သေဆုံးနေကြောင်း ယနေ့ထုတ် ထိုင်းဘာ
သာဖြင့် ထုတ်ဝေသည့် ထိုင်ရတ်သတင်းစာတွင်ဖေါ်ပြထားသည်။
ယမန်နေ့ နံနက်ပိုင်းက အသက်၁၇နှစ်အရွယ် မြန်မာအလုပ်သမ မဟန်လုံးလင့်သည် နေအိမ်မှရွာအနီးရှိကြက် သွန်ဖြူ ခင်း စောင့် ရန်သွားခဲ့သည်။ နေ့လည်ပိုင်းတွင် ဖခင်ဖြစ်သူမှာလည်း ကြက်သွန် ခင်းသွားကြည့်ရာ သမီးကိုမတွေ့ ၍ အနီးတဝိုက် လိုက်ရှာသော အခါ အလောင်းကိုတွေပြီး အံဩမတတ်ဖြစ်ခဲ့ရသည်။
ဖခင်ဖြစ်သူမှာ နီးစပ်ရာနယ်မြေရဲစခန်းသို့ အကြောင်းကြားပြီး ကယ်ဆယ်ရေးအဖွဲ့ က အလောင်းကို ချင်းမိုင် မဟာရ နခေါ ဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။ အလောင်း၏ဘယ်ဖက်ခြမ်းတွင် ကျည်ကိုးချက်ဒဏ်ရာကို တွေ့ ရှိရသည်။
ဆေးရုံ၏စစ်ဆေးချက်အရနှင့်သက်ဆိုင်ရာနယ်မြေရဲစခန်းတို့ ၏ ထင်မြင်ချက်အရ သေဆုံးသူ မိန်းခလေးမှာ တစ်ယောက်တည်း ကြက်သွန်စိုက်ခင်း စောင့်နေစဉ် အမျိုးသားတစ်ဦးလာ၍ မဖွယ်မရာအတင်းအဓမ္မပြုကျင့်ရာ လက်မခံ၍ အခြေအတင်အချင်းများကြရာမှ သူ့ တွင်ပါလာသောေ သနတ်ဖြင့် ပစ်သတ်သွားတာဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူနှင့် ဆွေမျိုးများကို ပြောကြားခဲ့သည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။
Labels:
သတင်းတို
02 July 2012
"လည်ပင်းကို လှီးသတ်ဖြတ်သည့်မြန်မာတစ်ဦးအား၂လအကြာတွင်ဖမ်းမိ"
ဇူလိုင် ၂ ကိုတီး(ထိုင်းဘာသာပြန်သတင်းထောက်)
ထိုင်းနိုင်ငံ အနောက်ပိုင်း ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၁၀၀ ကွာဝေးရှိ လရှ်ဘူလီမြို့နယ် ခုပိုးဝါးရွာ နယ်မြေ အမှတ် ၁ ဘန့်စွယ် လွမ့်ကျိုင် လမ်းစွယ် တွင် လူသတ်မှုကျူးလွန်ခဲ့သူဟု ယူဆရသူ
အသက်၂၃ နှစ်အရွယ် ကိုစောထွန်း အား ယမန်နေ့ က ဖမ်းဆီးရမိေ ကြာင်း ထိုင်းဘာသာဖြင့်ထုတ်ဝေ သည့် ခေါင်စွတ်သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။
ပြီးခဲ့သည့် ၂လခန့်က ဆိုင်ကယ်တက္ကဆီ ပြေးဆွဲနေသော ထိုင်းလူမျိုး နိုင် ဝိစစ် စုဖုန်း အသက် ၃၉ နှစ် အား အလည်ရန် ငှားရမ်းပြီး လူပြတ်သည့် နေရာအရောက်တွင် အပေါ့သွားရန် ဆိုင်ကယ် ပေါ် မှ ဆင်း၍ ယူဆောင်လာသော ဓါးနှင့် ဝမ်းဗိုက်ကို ထိုးခဲ့ ကြောင်း ကိုစောထွန်း ကထွက်ဆိုကြောင်း သတင်းတွင်း ရေးသားထားသည်။
ဆိုင်ကယ်မောင်းသူမှာ ဓါးဒဏ်ရာဖြင့် ထွက်ပြေးခဲ့သော်လည်း မလွတ်ဘဲ ဓါးဖြင့် လည်ပင်းကို လှီးပြီး ဓါးကို နီးစပ်ရာတွင် လွှင့်ပစ် ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူတွင် ပါလာသော ဘတ်ငွေ ၃၆၂၀ ယူ၍ လရှ်ဘူလီမြို့နယ်ရှိ ဖိုးထလန်း ရွာတွင်တိမ်းရှောင်ခဲ့စဉ် ယ္ခု ကဲ့သို့ အဖမ်း ခံခဲ့ရသည်။
Labels:
သတင်းတို
“တာ့ခ်ရခိုင်မဲဆောက် မှ ပတ်စပို့ကိုင်ဆောင်သည့် မြန်မာအလုပ်သမားများ ခရီသွားလာခွင့်ပိတ်ပင်ခံရ”
ဇူလိုင် ၂
မြတ်ညို (အလွတ်သတင်းထောက်)
တာ့ခ်ခရိုင် မဲဆောက်အပါ အပါအ၀င် ၉မြို့ နယ်အတွင်း နေထိုင်ခွင့် စာရွက်စာတမ်းများဖြင့် ယာယီပတ်စပို့လုပ်ကိုင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ဘန်ကောက်နှင့် အခြားမြို့များသို့ ခရီး သွားလာခွင့်ပိတ်ပင်ခံရကြောင်း အလုပ်သမား
များပြောပြချက်အရသိရသည်။
မိသားစုနှင့် တွေ့ ဆုံနိုင်ရန်ဖြစ်စေ၊ လုပ်အားခ ပိုမိုရသည့် အခြားမြို့ကြီးများသို့ သွားလိုသည့် မြန်မာအလုပ်သမားများအား မဲဆောက် အထွက် နောင်ဘွား ဂိတ် မှ ပြန်လာခဲ့ကြရကြောင်း ပြန်လာခဲ့ရသည့် အလုပ်သမားများကပြောသည်။
ပြီးခဲ့သည့်ညဉ့်က ပြန်လာခဲ့ရသူ တစ်ဦးဖြစ်သော မခင်စန်းနွယ် က“ ကျမ အမျိုးသားက ဘန်ကောက်မှာ အလုပ်လုပ်နေတယ်။ အလုပ်အတူတူ ဘန်ကောက်မှာ လုပ်မလို့ ပတ်စပို့လုပ်တာလေ၊ ခုတော့ ပတ်စပို့
လုပ်ပြီး ပွဲစားနဲ့ တောလမ်းက တက်ရမလိုဖြစ်နေပြီ”ဟုပြောသည်။
ရခိုင်အလုပ်သမတစ်ဦးဖြစ်သူ မော်မော်ခိုင်က“မဲဆောက်က၀င်ငွေနဲ့ သမီးတို့ပတ်စပို့လုပ်နိုင်တာမဟုတ်
ဘူး။
နေရပ်ကို ပြန်မှာပြီး လုပ်ရတာပါ။ လုပ်အားခ ပိုရတဲ့ ဘန်ကောက်မှာ စက်သွားချုပ်မလို့ပါ။ ခုတော့ သမီးမျှော် လင့် သလို ဖြစ်မလာတော့ စိတ်မကောင်းဘူးပေါ့” ဟုပြောသည်။
တာ့ခရိုင် မဲဆောက်မြို့နယ်အပါအ၀င် ၉မြို့နယ် အတွင်း ထိုင်းအစိုးရက ၂၀၁၂ ခုနှစ် ဧပြီလကတည်းက တစ်နေ့ လုပ်အားခ ၂၂၆ ဘတ် သတ်ထားသော်လည်း လက်တွေ့ တွင် တစ်နေ့ ကို ဘတ်ငွေ ၇၀နှင့် ၈၀ သာရရှိကြောင်း အလုပ်သမားများကပြောသည်။
မဲဆောက် အခြေစိုက် ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထက်ခေါင်က “မဲဆောက်မှာ အစိုးရ
သတ်မှတ်ဈေးမရလို့ မြို့ကြီးတွေကို သွားချင်နေကြတာပါ။ ရရင် သွားပါဆိုလို့ တောင်သွားကြမှာမဟုတ်ဘူး။
တရားဝင်သွားလာခွင့်မရရင် လူကုန်ကူးမှုကို အားပေးရာရောက်မှာပေါ့။ ထိုင်းနဲ့ မြန်မာတာဝန်ရှိသူတွေက
စားပွဲပေါ်မှာ ပေါ်လစီ သာလုပ်နေကြတာမျိုးမဟုတ်ပဲ၊အောက်ခြေက အခြေအနေကို သိအောင် လေ့လာပြီး တော့ ဆောင်ရွက်စေချင်ပါတယ်” ဟုပြောသည်။
အလုပ်သမားအရေးကျွမ်းကျင်သည့် ထိုင်းရှေ့နေ နာဆာ က - -ပတ်စပို့ လုပ်ပြီး မြန်မာအလုပ်သမားတွေ
ဘန်ကောက်ကို တက်လာကြလို့ မဲဆောက်မှာ အလုပ်သမားအခက်အခဲကြုံနေတယ်လို့ ထိုင်းလုပ်ငန်းရှင်
တွေက ပြည်နယ်အဆင့်အရာရှိတွေကို တိုင်ကြားတယ်လို့သိရတယ်။ အလုပ်သမားတွေ တရားဝင်ပြောင်း
ရွှေ့ခွင့်ရဖို့ သူဌေးသစ်က တရားဝင်ခေါ်စာ၊ အလုပ်သမား ၀န်ကြီးဌာနက တရားဝင် ပြောင်းရွှေ့လုပ်ကိုင်
ခွင့် တွေ အများကြီးလုပ်ရပါအုံးမယ်” ဟုပြောသည်။
ယာယီပတ်စပို့ လုပ်ရန် အလုပ်သမားများအား တိုက်တွန်းစဉ်ကာလတုန်းက ထိုင်းနှင့် မြန်မာအစိုးရတို့ က
မြန်မာအလုပ်သမားများအား ပတ်စပို့ လုပ်ကိုင်ပါက ထိုင်းအလုပ်သမားများနည်းတူ အလုပ်သမားအခွင့်
အရေးရရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ကတိပေးခဲ့သော်လည်း
လက်ရှိတွင် ခရီးသွားလာခွင့်မရပေ။
သို့ဖြစ်၍ ယခင်ကလတုန်းက တစ်နှစ်လျှင် ဘတ်ငွေ ၃၈၀၀ သာကုန်ကျသည့် အလုပ်လုပ်ကိုင်နေထိုင်ခွင့်
(ဘတ်)ကပင်လျှင် မိမိတို့အတွက် သင့်တော်ကြောင်း အလုပ်သမားများက ပြောဆိုနေကြသည်။
Labels:
သတင်း
01 July 2012
“ငါးဖမ်းလှေ ဂက်စ်အိုပေါက်ကွဲသဖြင့်မြန်မာအလုပ်သမားများပြင်ထန်စွာဒဏ်ရာရ”
ဇူလိုင် ၁ ကိုတီး (ထိုင်းဘာသာပြန်သတင်းထောက်)
ယမန်နေ့ နံနက် ၇း၄၅ မိနစ် တွင် ဖူကတ်မြို့လတ်ဒါကျေးရွာရှိ လှေဆိပ် စဖန်းပါတွင် ဆိုက်ကပ်ထားသော စထာဖေါလှေ နံပါတ်(၇)တွင် ရိက္ခာများသိုလှောင်အပြီး ငါးဖမ်းထွက်ရန်အတွက် ထမင်းပာင်းချက်ပြုတ်နေစဉ် ဂက်(စ်)အိုးပေါက်ကွဲသဖြင့် ငါးဖမ်းအလုပ်သမား (၇)ဦးဒဏ်ရာပြင်းထန်စွာရရှိ
သွားခဲ့ကြောင်းထိုင်းရတ် သတင်းစာတွင် ဖေါ်ပြထားသည်။
ပေါက်ကွဲမှု ကြောင့် ငါးဖမ်းအလုပ်သမား (၇)ဦး ဒဏ်ရာရရှိသူများထဲတွင် မြန်မာ ၅ ယောက်ပါဝင်သည်။ လူနာများအား ဖူကတ်မြို့ဝက်ရှိလ ဆေးရုံတွင် ဆေးဝါးကုသခံယူနေရဆဲဖြစ်သည်။
မီးလောင်မှုကြောင့် သေဆုံးသူမရှိသော်လည်း အသက် ၂၈ နှစ်အရွယ် မြန်မာအလုပ်သမား မောင်အောင် ဆိုသူမှာ ခန္ဓာကိုယ်အား မီးလောင်၍ ရေထဲသို့ခုန်ချရာ ဘယ်ခြေတစ်ဘက် ကျိုးသွားခဲ့သည်။

ငါးဖမ်းလှေမောင်းသူမှာဒဏ်ရာရရှိ၍ ကောင်းမွန်စွာ မဖြေနိုင်သဖြင့် ဆေးကုသပြီးမှသာ ပြန်လည်
စစ်ဆေးသွားမည်ပာု ထိုင်လတ် သတင်းစာတွင်ဖေါ်ပြထားသည်။
Labels:
သတင်း
29 June 2012
28 June 2012
“ပတ်စပို့အသိမ်းခံရသည့် အလုပ်သမား၂ ဦးအား ပူးပေါင်းကူညီ’’
ဇွန် ၂၈ ကိုတီး
ယာယီပတ်စပို့အား လုပ်ငန်းရှင်က သိမ်းဆည်း ထားလိုက်သဖြင့် အခက်ကြုံနေရသည့် မြန်မာ အလုပ်၂ဦးအားမြန်မာ သံရုံးနှင့်ပူးပေါင်းအဖွဲ့ များ တောင်းခံပေးနိုင်ခဲ့သည်။
မြ၀တီမြို့မှ ကိုချစ်ဦးနှင့် ပဲခူးတိုင်းမဲရင်းကျေး
ရွာမှ ကိုထူးအောင် တို့၏ ပတ်စပို့အား ဘန်ကောက် မြို့ အယ်ကချိုင် ၇၂ လမ်းမှ သိုးမွေးအလုပ် ရုံမှ လုပ်ငန်းရှင်က သိမ်းဆည်းထားသဖြင့် ယမန်နေ့ က BAT အဖွဲ့သို့ လာ ရောက် အကူညီတောင်းခံခဲ့သည်။
အလုပ်သမား တစ်ဦးစီး လုပ်အားခ ဘတ်ငွေ ၃၀၀၀ စီရရန် ကျန်နေပြီး ပတ်စပို့ အတွက် လုပ်ငန်းရှင်အား
ဘတ်ငွေ ၁၀၀၀ ပေးချေရဦးမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT က ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေရှင်း FED မှရှေ့နေဖြင့် တိုင်ပင်ကာ တောင်းခံခဲ့သော်လည်း မရရှိခဲ့ပေ။
လုပ်ငန်းရှင်က ထိုင်းရဲ တစ်ဦးအား အလုပ်သမားများ ပတ်စပို့ စာအုပ်၂အုပ်အတွက် ဘတ်ငွေ ၇၀၀၀ ပေးချေရဦးမည်ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။
အဆိုပါ ကိစ္စရပ်အား မြန်မာသံမှူးက ကြားဝင်ဖြေရှင်းပေးသဖြင့် ပတ်စပို့စာအုပ် ကို အလုပ်သမားများပြန် လည် ရရှိသွားခဲ့သည်။
လုပ်ငန်းရှင်ထံတွင် ရရန်ကျန်ရှိသော လုပ်အားခများအား FED မှ ရှေ့နေက ဥပဒေကြောင်းအရ ရရှိအောင်
ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
Labels:
သတင်း
27 June 2012
“မြန်မာအလုပ်သမားတစ်ဦးအားထိုင်းအလုပ်သမားတစ်ဦး ထိုးကြိတ်”
ဇွန် ၂၇
မြတ်ညို (အလွတ်သတင်းထောက်)ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီခရိုင် ၀တ်ပဒူမြို့နယ် ရပ်ကွက် ၂ တွင် ရှိသော ရာဘာစက်ရုံတစ်ခုတွင် ထိုင်းအလုပ်ကြပ် တစ်ဦး က မြန်မာအလုပ်သမားတစ်ဦးအား ထိုးကြိတ် သဖြင့် မျက်လုံးနှင့်မျက်နှာတွင် ဖူယောင်ဒဏ်ရာများ ရရှိသွားခဲ့သည်။
ထိုးကြိတ်ခံရသူ ကိုနိုင်လင်း က “ ကျနော် က အလုပ်လုပ်နေရင်းနဲ့ သံပုံကို ဗုံတီးသလို ခေါက်လိုက် တယ်။ ဘာရည်ရွယ်ချက်မှမရှိဘူး။ အဲဒါကို ကျနော်ကို ထိုင်း တစ်ယောက် လာပြီးထိုးတယ်။ ဘယ်သူမှ ၀င်မတားဘူး” ဟုပြောသည်။
ကိုနိုင်လင်းကိစ္စနှင့်ပါတ်သက်၍ အကူညီရှာဖွေသည့် အလုပ်သမား ကိုဇာနည်က “ မြန်မာသံရုံးက အလုပ်သမားအရာရှိကို ကျနော်ဖုန်းဆက်တယ်။ စူရတ်ဌာနီမှာရှိတဲ့ ယာယီပတ်စပို့ ထုတ်ပေးတဲ့ရုံးကို သွားပါလို့ ပြောတယ်။
ကျနော်ကဖုန်းဆက်တယ်။ သူတို့နဲ့ မဆိုင်ဘူးလို့ အဲဒီကပြန်ပြောတယ်။ မြန်မာတစ်ယောက် ဒုက္ခရောက်တာ
မြန်မာအစိုးရ ၀န်ထမ်းတွေအနေနဲ့  တတ်နိုင်သမျှ အကူညီပေးသင့်တယ်” ဟုပြောသည်။
ယနေ့ တွင် ဘာသာပြန်အဖြစ် ဆေးခန်းသို့ လိုက်လံ ပို့ဆောင် ကူညီပေးသည့် ကိုဇာနည်အား ကိုနိုင်လင်း အားရိုက်သတ်သည့် ထိုင်းက သတိထားနေရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ကိုဇာနည် ကပြော သည်။
အဆိုပါရပ်ကွက်အတွင်း ယမန်နေ့ညနေပိုင်းက မပိုက် ဆိုသည့် အမျိုးသမီးတစ်ဦးထံမှ ၁မတ်သား အလေးချိန်ရှိသည့် ရွှေကြိုးအပြင် ဟင်းသီးဟင်းရွက် များ၊ ဘတ် ငွေ ၁၀၀၀ ကျော်ခန့် တို့အား ဆယ်ကယ် စီးလမ်းသရဲ နှစ်ဦးကလုယက်ခံလိုက်ရကြောင်းလည်းသိရသည်။
Labels:
သတင်းတို
Subscribe to:
Posts (Atom)





