28 June 2012

“ပတ်စပို့အသိမ်းခံရသည့် အလုပ်သမား၂ ဦးအား ပူးပေါင်းကူညီ’’

                         
ဇွန် ၂၈  ကိုတီး 
         ယာယီပတ်စပို့အား လုပ်ငန်းရှင်က သိမ်းဆည်း ထားလိုက်သဖြင့် အခက်ကြုံနေရသည့် မြန်မာ အလုပ်၂ဦးအားမြန်မာ သံရုံးနှင့်ပူးပေါင်းအဖွဲ့ များ  တောင်းခံပေးနိုင်ခဲ့သည်။
         မြ၀တီမြို့မှ ကိုချစ်ဦးနှင့် ပဲခူးတိုင်းမဲရင်းကျေး 
ရွာမှ ကိုထူးအောင် တို့၏ ပတ်စပို့အား ဘန်ကောက် မြို့ အယ်ကချိုင်  ၇၂ လမ်းမှ သိုးမွေးအလုပ် ရုံမှ လုပ်ငန်းရှင်က သိမ်းဆည်းထားသဖြင့် ယမန်နေ့ က  BAT အဖွဲ့သို့ လာ ရောက် အကူညီတောင်းခံခဲ့သည်။
အလုပ်သမား တစ်ဦးစီး လုပ်အားခ ဘတ်ငွေ ၃၀၀၀ စီရရန် ကျန်နေပြီး ပတ်စပို့ အတွက် လုပ်ငန်းရှင်အား
ဘတ်ငွေ ၁၀၀၀ ပေးချေရဦးမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT က  ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေရှင်း FED မှရှေ့နေဖြင့် တိုင်ပင်ကာ တောင်းခံခဲ့သော်လည်း မရရှိခဲ့ပေ။
             လုပ်ငန်းရှင်က ထိုင်းရဲ တစ်ဦးအား အလုပ်သမားများ ပတ်စပို့ စာအုပ်၂အုပ်အတွက်  ဘတ်ငွေ ၇၀၀၀ ပေးချေရဦးမည်ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။
အဆိုပါ ကိစ္စရပ်အား မြန်မာသံမှူးက ကြားဝင်ဖြေရှင်းပေးသဖြင့်  ပတ်စပို့စာအုပ် ကို အလုပ်သမားများပြန် လည် ရရှိသွားခဲ့သည်။
လုပ်ငန်းရှင်ထံတွင် ရရန်ကျန်ရှိသော လုပ်အားခများအား  FED မှ ရှေ့နေက ဥပဒေကြောင်းအရ ရရှိအောင်
ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။