01 July 2012

“ငါးဖမ်းလှေ ဂက်စ်အိုပေါက်ကွဲသဖြင့်မြန်မာအလုပ်သမားများပြင်ထန်စွာဒဏ်ရာရ”


ဇူလိုင် ၁ ကိုတီး (ထိုင်းဘာသာပြန်သတင်းထောက်)
ယမန်နေ့ နံနက် ၇း၄၅ မိနစ် တွင် ဖူကတ်မြို့လတ်ဒါကျေးရွာရှိ လှေဆိပ် စဖန်းပါတွင် ဆိုက်ကပ်ထားသော စထာဖေါလှေ နံပါတ်(၇)တွင် ရိက္ခာများသိုလှောင်အပြီး ငါးဖမ်းထွက်ရန်အတွက် ထမင်းပာင်းချက်ပြုတ်နေစဉ် ဂက်(စ်)အိုးပေါက်ကွဲသဖြင့် ငါးဖမ်းအလုပ်သမား (၇)ဦးဒဏ်ရာပြင်းထန်စွာရရှိ
သွားခဲ့ကြောင်းထိုင်းရတ် သတင်းစာတွင် ဖေါ်ပြထားသည်။
ပေါက်ကွဲမှု ကြောင့်  ငါးဖမ်းအလုပ်သမား (၇)ဦး ဒဏ်ရာရရှိသူများထဲတွင် မြန်မာ ၅ ယောက်ပါဝင်သည်။ လူနာများအား ဖူကတ်မြို့ဝက်ရှိလ ဆေးရုံတွင် ဆေးဝါးကုသခံယူနေရဆဲဖြစ်သည်။
မီးလောင်မှုကြောင့် သေဆုံးသူမရှိသော်လည်း  အသက် ၂၈ နှစ်အရွယ် မြန်မာအလုပ်သမား မောင်အောင် ဆိုသူမှာ  ခန္ဓာကိုယ်အား မီးလောင်၍ ရေထဲသို့ခုန်ချရာ ဘယ်ခြေတစ်ဘက် ကျိုးသွားခဲ့သည်။

 ငါးဖမ်းလှေမောင်းသူမှာဒဏ်ရာရရှိ၍ ကောင်းမွန်စွာ မဖြေနိုင်သဖြင့် ဆေးကုသပြီးမှသာ ပြန်လည်
စစ်ဆေးသွားမည်ပာု ထိုင်လတ် သတင်းစာတွင်ဖေါ်ပြထားသည်။