27 June 2012

“မြန်မာအလုပ်သမားတစ်ဦးအားထိုင်းအလုပ်သမားတစ်ဦး ထိုးကြိတ်”


ဇွန် ၂၇
မြတ်ညို (အလွတ်သတင်းထောက်)ထိုင်းနိုင်ငံ  တောင်ပိုင်း စူရတ်ဌာနီခရိုင် ၀တ်ပဒူမြို့နယ် ရပ်ကွက် ၂ တွင် ရှိသော ရာဘာစက်ရုံတစ်ခုတွင် ထိုင်းအလုပ်ကြပ် တစ်ဦး က မြန်မာအလုပ်သမားတစ်ဦးအား ထိုးကြိတ် သဖြင့် မျက်လုံးနှင့်မျက်နှာတွင် ဖူယောင်ဒဏ်ရာများ ရရှိသွားခဲ့သည်။
        ထိုးကြိတ်ခံရသူ ကိုနိုင်လင်း က “ ကျနော် က အလုပ်လုပ်နေရင်းနဲ့ သံပုံကို  ဗုံတီးသလို ခေါက်လိုက် တယ်။ ဘာရည်ရွယ်ချက်မှမရှိဘူး။ အဲဒါကို ကျနော်ကို ထိုင်း တစ်ယောက် လာပြီးထိုးတယ်။ ဘယ်သူမှ ၀င်မတားဘူး” ဟုပြောသည်။
       ကိုနိုင်လင်းကိစ္စနှင့်ပါတ်သက်၍ အကူညီရှာဖွေသည့် အလုပ်သမား ကိုဇာနည်က “ မြန်မာသံရုံးက အလုပ်သမားအရာရှိကို ကျနော်ဖုန်းဆက်တယ်။ စူရတ်ဌာနီမှာရှိတဲ့ ယာယီပတ်စပို့ ထုတ်ပေးတဲ့ရုံးကို သွားပါလို့ ပြောတယ်။
ကျနော်ကဖုန်းဆက်တယ်။ သူတို့နဲ့ မဆိုင်ဘူးလို့ အဲဒီကပြန်ပြောတယ်။ မြန်မာတစ်ယောက် ဒုက္ခရောက်တာ
မြန်မာအစိုးရ ၀န်ထမ်းတွေအနေနဲ့  တတ်နိုင်သမျှ အကူညီပေးသင့်တယ်” ဟုပြောသည်။

ယနေ့ တွင် ဘာသာပြန်အဖြစ် ဆေးခန်းသို့ လိုက်လံ ပို့ဆောင် ကူညီပေးသည့် ကိုဇာနည်အား  ကိုနိုင်လင်း အားရိုက်သတ်သည့် ထိုင်းက သတိထားနေရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း  ကိုဇာနည် ကပြော သည်။
     အဆိုပါရပ်ကွက်အတွင်း ယမန်နေ့ညနေပိုင်းက မပိုက် ဆိုသည့် အမျိုးသမီးတစ်ဦးထံမှ ၁မတ်သား အလေးချိန်ရှိသည့် ရွှေကြိုးအပြင် ဟင်းသီးဟင်းရွက် များ၊  ဘတ် ငွေ ၁၀၀၀ ကျော်ခန့် တို့အား ဆယ်ကယ် စီးလမ်းသရဲ နှစ်ဦးကလုယက်ခံလိုက်ရကြောင်းလည်းသိရသည်။