02 July 2012

“တာ့ခ်ရခိုင်မဲဆောက် မှ ပတ်စပို့ကိုင်ဆောင်သည့် မြန်မာအလုပ်သမားများ ခရီသွားလာခွင့်ပိတ်ပင်ခံရ”


ဇူလိုင် ၂
မြတ်ညို (အလွတ်သတင်းထောက်)
              တာ့ခ်ခရိုင် မဲဆောက်အပါ အပါအ၀င် ၉မြို့ နယ်အတွင်း နေထိုင်ခွင့် စာရွက်စာတမ်းများဖြင့် ယာယီပတ်စပို့လုပ်ကိုင်ထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ဘန်ကောက်နှင့် အခြားမြို့များသို့ ခရီး သွားလာခွင့်ပိတ်ပင်ခံရကြောင်း အလုပ်သမား
များပြောပြချက်အရသိရသည်။
       မိသားစုနှင့် တွေ့ ဆုံနိုင်ရန်ဖြစ်စေ၊ လုပ်အားခ ပိုမိုရသည့် အခြားမြို့ကြီးများသို့ သွားလိုသည့် မြန်မာအလုပ်သမားများအား မဲဆောက် အထွက်  နောင်ဘွား ဂိတ် မှ ပြန်လာခဲ့ကြရကြောင်း ပြန်လာခဲ့ရသည့် အလုပ်သမားများကပြောသည်။
      ပြီးခဲ့သည့်ညဉ့်က ပြန်လာခဲ့ရသူ တစ်ဦးဖြစ်သော မခင်စန်းနွယ် က“ ကျမ  အမျိုးသားက ဘန်ကောက်မှာ အလုပ်လုပ်နေတယ်။ အလုပ်အတူတူ ဘန်ကောက်မှာ လုပ်မလို့ ပတ်စပို့လုပ်တာလေ၊ ခုတော့ ပတ်စပို့
လုပ်ပြီး ပွဲစားနဲ့ တောလမ်းက တက်ရမလိုဖြစ်နေပြီ”ဟုပြောသည်။
      ရခိုင်အလုပ်သမတစ်ဦးဖြစ်သူ မော်မော်ခိုင်က“မဲဆောက်က၀င်ငွေနဲ့ သမီးတို့ပတ်စပို့လုပ်နိုင်တာမဟုတ်
ဘူး။
နေရပ်ကို ပြန်မှာပြီး လုပ်ရတာပါ။ လုပ်အားခ ပိုရတဲ့ ဘန်ကောက်မှာ စက်သွားချုပ်မလို့ပါ။ ခုတော့ သမီးမျှော် လင့် သလို ဖြစ်မလာတော့ စိတ်မကောင်းဘူးပေါ့” ဟုပြောသည်။
တာ့ခရိုင် မဲဆောက်မြို့နယ်အပါအ၀င် ၉မြို့နယ် အတွင်း  ထိုင်းအစိုးရက ၂၀၁၂ ခုနှစ် ဧပြီလကတည်းက တစ်နေ့ လုပ်အားခ ၂၂၆ ဘတ် သတ်ထားသော်လည်း လက်တွေ့ တွင် တစ်နေ့ ကို ဘတ်ငွေ ၇၀နှင့် ၈၀ သာရရှိကြောင်း အလုပ်သမားများကပြောသည်။
မဲဆောက် အခြေစိုက် ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထက်ခေါင်က “မဲဆောက်မှာ အစိုးရ
သတ်မှတ်ဈေးမရလို့ မြို့ကြီးတွေကို သွားချင်နေကြတာပါ။ ရရင် သွားပါဆိုလို့ တောင်သွားကြမှာမဟုတ်ဘူး။
တရားဝင်သွားလာခွင့်မရရင် လူကုန်ကူးမှုကို အားပေးရာရောက်မှာပေါ့။ ထိုင်းနဲ့ မြန်မာတာဝန်ရှိသူတွေက
စားပွဲပေါ်မှာ ပေါ်လစီ သာလုပ်နေကြတာမျိုးမဟုတ်ပဲ၊အောက်ခြေက အခြေအနေကို သိအောင် လေ့လာပြီး တော့ ဆောင်ရွက်စေချင်ပါတယ်” ဟုပြောသည်။
  အလုပ်သမားအရေးကျွမ်းကျင်သည့် ထိုင်းရှေ့နေ နာဆာ က - -ပတ်စပို့ လုပ်ပြီး မြန်မာအလုပ်သမားတွေ
ဘန်ကောက်ကို တက်လာကြလို့ မဲဆောက်မှာ အလုပ်သမားအခက်အခဲကြုံနေတယ်လို့ ထိုင်းလုပ်ငန်းရှင်
တွေက ပြည်နယ်အဆင့်အရာရှိတွေကို တိုင်ကြားတယ်လို့သိရတယ်။ အလုပ်သမားတွေ တရားဝင်ပြောင်း
ရွှေ့ခွင့်ရဖို့ သူဌေးသစ်က တရားဝင်ခေါ်စာ၊ အလုပ်သမား  ၀န်ကြီးဌာနက တရားဝင် ပြောင်းရွှေ့လုပ်ကိုင်
ခွင့်  တွေ အများကြီးလုပ်ရပါအုံးမယ်” ဟုပြောသည်။
ယာယီပတ်စပို့ လုပ်ရန် အလုပ်သမားများအား တိုက်တွန်းစဉ်ကာလတုန်းက ထိုင်းနှင့် မြန်မာအစိုးရတို့ က
မြန်မာအလုပ်သမားများအား ပတ်စပို့ လုပ်ကိုင်ပါက ထိုင်းအလုပ်သမားများနည်းတူ အလုပ်သမားအခွင့်
အရေးရရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ကတိပေးခဲ့သော်လည်း
လက်ရှိတွင် ခရီးသွားလာခွင့်မရပေ။
သို့ဖြစ်၍ ယခင်ကလတုန်းက တစ်နှစ်လျှင်  ဘတ်ငွေ ၃၈၀၀ သာကုန်ကျသည့် အလုပ်လုပ်ကိုင်နေထိုင်ခွင့်
(ဘတ်)ကပင်လျှင် မိမိတို့အတွက် သင့်တော်ကြောင်း အလုပ်သမားများက ပြောဆိုနေကြသည်။