ရက်စွဲ။ ( ရ) ရက်၊ နိုဝင်ဘာ၊ ၂၀၁၄-ခုနှစ်
- (၁၅) ရက်နေ့၊စက်တင်ဘာ-၂၀၁၄ ခုနှစ်တွင် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရ သည့် ဗြိတိန်နိုင်ငံ သား David Millerနှင့် Hannah Witheridgeတို့ အားသတ်ဖြတ်မှုတွင် မြန်မာရွေ့ပြောင်းအလုပ် သမား နှစ်ဦးအားတရားခံများအဖြစ် စွပ်စွဲခံနေရပါသည်၊ မည်သို့ပင်ဆိုစေကာမှု အဆိုပါစွပ်စွဲခံထားရသည့် မြန်မာနှစ်ဦးမှာဓါးစာခံများသာဖြစ်သည် ဟုလူအများကယုံကြည်နေကြပါသည်။
- အဆိုပါအမှုအားတရားဥပဒေအရအကူညီပေးနိုင် ရန်အတွက် အလုပ်သမားအခွင့်အရေးလုပ်ကိုင်ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ရှေ့နေများ၊ နှင့် မြန်မာသံရုံးမှ ဝန်ထမ်းများပါဝင်သည့် အထူးစုံစမ်းရေးကော်မီတီအားထိုင်းနိုင်ငံ၊ မြန်မာသံအမတ်ကြီး မှ ဦးဆောင်ဖွဲ့စည်းပေးခဲ့ပါသည်။
- အဆိုပါ အထူးစုံစမ်းရေးကော်မီတီသည် ထိုင်းနိုင်ငံရှေ့နေများကောင်စီ ၊ထိုင်းလှု့အခွင့်အရေး
ေ က်ာမရှင်တို့ နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီးအောက်တိုဘာလ (၂၂) ရက်နေ့ က တရားခံဟု
စွပ်စွဲခံထားရသည့် မြန်မာအလုပ်သမား (၂) ဦး၏မိဘများအားထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာပြီး၊အကျဉ်းကျခံနေရသည့် သားသမီးများ၊ ရှေ့နေများ နှင့်တွေ့ဆုံးပေးခဲ့ပါသည်၊
- အကျဉ်းကျခံနေရသည့် သားများနှင့် တွေ့ဆုံပေးပြီးနောက် နိုဝင်ဘာလ( ၄) ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်၊
- အဆိုပါ အမှု အားပြီးဆုံးသည့် အထိတရားဥပဒေအရအကူအညီပေးနိုင်ရန်နှင့် အထူးစုံစမ်းရေးကော်မီတီအားငွေကြေးအရထောက်ပံ့ကူညီပေးနိုင်ရန်အတွက် မိမိတို့ အနေဖြင့် ငွေကြေးကော်မီတီတစ်ခုကိုဖွဲ့စည်းခဲ့ပါသည်။
- အဆိုပါ ငွေကြေးကော်မီတီတွင် ရခိုင်အဖွဲ့စည်းများ မှ ကိုယ်စားလှယ်များ၊ ရွေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်နေသူများ။ အစိုးရမဟုတ်သည့်အဖွဲ့စည်းမှဝန်ထမ်းများ၊ ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများပါဝင်ပါသည်။