
10 September 2016
09 September 2016
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရရှိသည့်ဝင်ငွေများ ကိုနိုင်ငံတော်သို့ အမှန်တကယ်ပြန်လည်အပ်နှံ ခြင်းရှိမရှိ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ စောင့်ကြည်မည်
---------------------------------------------------------------------------------------------------------
MFN
သတင်းထောက် ကောင်းမြတ်ကျော် ရန်ကုန်။
စက်တင်ဘာ ၈
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ၀န်ကြီးဌာနမှရရှိသည့်ဝင်ငွေများ
ကိုနိုင်ငံတော်သို့ အမှန် တကယ်ပြန်လည်အပ်နှံခြင်းရှိမရှိ စောင့်ကြည့်သွားမည်ဟု
အမျိုးသား လွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင် ရာကော် မတီဥက္ကဌဦး ကျော်ထွေးက
ပြောသည်။
အမျိုးသားလွှတ်တော်
ပြည်တွင်းပြည်ပအလုပ် သမားရေး ရာကော်မတီသည် သြဂုတ်လအတွင်း နေပြည်တော် တွင်ပြုလုပ် ခဲ့သည့်
ပြည်ထောင်စုရန်ပုံငွေကို ဗဟိုဘဏ်၏ အကြံပြုချက်ဖြင့် သုံးစွဲမှုလျော့ချရေးညှိနှိုင်း
အစည်း အဝေး၌အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၀င်ငွေအသုံးချ မှု နှင့် ပတ်သက်၍
ဝန်ကြီးဌာနသို့မေးမြန်းမှုများပြုလုပ်ခဲ့ပြီး အဆိုပါမေး မြန်းချက်များအပေါ်
ဝန်ကြီးဌာနက ပြန်လည်ဖြေကြားမှု အတိုင်း အမှန်တကယ်ဟုတ်မဟုတ် ဆက်
လက်စောင့်ကြည့်သွားမည်ဟု
ကော်မတီဥက္ကဌဦးကျော်ထွေး က ပြောသည်။
အမျိုးသားလွှတ်တော်ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ
ဥက္ကဌ ဦးကျော်ထွေးက “ ပြည်ထောင် စု ရန်ပုံငွေကနေပြီးတော့ ဗဟိုဘဏ်ရဲ့အကြံပြုချက်နဲ့သုံးစွဲမှုတွေလျော့ချ
ခိုင်းဖို့ညှိနှိုင်းတဲ့ပွဲမှာသူတို့ အလုပ် သမား ၀န်ကြီးဌာနကတင်ပြလာတဲ့ ဘဏ္ဍာငွေတွေကိုလည်း
ကျွန်တော်တို့ကတော်တော်များများ လျှော့ဖို့ သူတို့ကို မေတ္တာရပ်ခံတယ်။
သူတို့လည်းလျှော့ပါတယ်။ အဲ့ပွဲမှာ ၀န်ကြီးဌာနရဲ့ဝင်ငွေပေါ့၊ ၀င်ငွေစာရင်း ကိုကျွန်တော်ကမေးတာပါ။ MOEAF ( မြန်မာပြည်ပ
အလုပ်အကိုင်ဝန်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်)နေပြီးေ တာ့ တစ်လကို ဗိုလ်ဆွန်ပက်လမ်းမှာရုံးခန်းဌားခ
သွင်းထားတာရှိတယ်။ နောက်သင်တန်းကျောင်း အသုံးပြု ခ၊ ဌားရမ်းခဆို ပြီးသွင်းထားတဲ့
ပိုက်ဆံတွေရှိတယ်။ ကျွန်တော်က မေးတာသူတို့ဝင်ငွေတွေရော ဘယ်နေ ရာမှာအသုံးချလဲ
လို့မေးတာအဲ့ဒါပါ။ အဲ့ဒီဝင်ငွေရှိထားတာသိတယ် ၀င်ငွေတွေဘယ်လိုအသုံးချနေလဲပေါ့။
အဲဒီအပေါ်မှာ ၀န်ကြီးဌာနဘက်ကတော့ ၀န်ကြီးဌာန၀င်ငွေတွေဆိုရင် နိုင်ငံတော်ကို
ပြန်အပ်တယ်လို့တော့ ဖြေသွားတယ်။ နိုင်ငံတော်ကိုပြန်အပ်တယ်
ငွေတွေနဲ့ပတ်သက်ပြီးဆက်စစ်သွားဖို့ကိုတော့ ပြည်သူ့ငွေစာရင်း ကော်မတီ က
လုပ်ပါလိမ့်မယ်။ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ တင်ပြချက်သုံးသပ်ချက်တွေထဲမှာ
အဲ့ဒီဝင်ငွေပါမလာ ဘူးဆိုရင်တော့ တာဝန်ရှိတဲ့သူတွေ တာဝန်ရှိတဲ့ အလျောက်ရှင်းကြပေါ့။
ဒါနဲ့ပတ်သက် ပြီးလဲဘာကြောင့် အခြားကိစ္စ တွေလုပ်လဲ ဆိုတာတော့ သူတို့ဝန်ကြီး
ဌာနပဲသိလိမ့်မယ်။ ကျွန်တော်တို့တာဝန်က တော့ေ စာင့်ကြည့်ရမယ့် တာဝန်ရှိပါတယ်” ဟု
ပြောဆိုသည်။
အလုပ်သမားဝန်ကြီးဌာန၏ ယမန်နှစ်ကတင်ထားသည့် ဘတ်ဂျက်ကို လွှတ်တော်ကော်မတီမှ ပြည်ထောင်စု လွှတ်တော်မှ တဆင့် ပြန်လည်သုံးသပ်၍
လျှော့ခိုင်းသင့်သည်များကို လျှော့ခိုင်းခဲ့ပြီးနောက် အထက်ပါ အတိုင်း
မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်
၍အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ငှားရမ်း ထားသည့် MOEAF ရုံးခန်းများ၊
မြောက်ဒဂုံပင်လုံခန်းမမှသင်တန်းကျောင်း ငှားရမ်းမှုများတို့ကို ၀န်ကြီးဌာနမှ
ပြန်လည်သိမ်းရန်ပြောဆိုထားကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအ
သိုင်းဝိုင်းမှသိရ သည်။
MOEAF
အဖွဲ့ချုပ်ကိုလည်း သြဂုတ် ၂၃ရက်နေ့မှစ၍ ပြည်ပနိုင်ငံများ၏ Demand Letter
(အလုပ်ခေါ်စာ) စစ်ဆေးမှုကိုရပ် ဆိုင်းလိုက်ကြောင်း ၀န်ကြီးဌာန၏သြဂုတ်၂၃ရက်နေ့တွင်
MOEAF အဖွဲ့ချုပ်သို့ပေးပို့ခဲ့ သည့်စာကိုလည်း MOEAF အဖွဲ့ချုပ်မှ
၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင်ဖော်ပြထားသည်။
Labels:
သတင်း
"“လွတ်လပ်ရေး မီးရှူးတန်ဆောင် အသျှင်ဦးဥတ္တမ”

အို.....
အသျှင်ဥတ္တမ.......
ကြောက်စိတ်မဲ့ပြီး…… ရဲစွမ်းသတ္တိရှိသော…
လက်နက်ဟူ၍
..အပ်တိုတစ်ချောင်းမှမကိုင်…
လွတ်လပ်ရေးသည်..
မွေးရာပါ အခွင့်အရေး…
ကြောက်လျှင်ပြန်..ရဲလျှင်ကြံ…..
ရဲရင့်ပြတ်သား… အသျှင့်သြ၀ါဒစကား…။
Labels:
ကဗျာ
08 September 2016
06 September 2016
05 September 2016
“ရှုတ်ထွေးပွေလီတဲ့ဘင်္ဂါလီအရေး”
"ယနေ့ထုတ်မြန်မာပို့စ်ဂျာနယ်ပါ ဆောင်းပါးကို အွန်လိုင်းပရိတ်သတ်များအတွက်ကူးယူဖေါ်ပြပါတယ်"
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘင်္ဂါလီပြဿ နာဟာ၊
ဘာသာရေးပြဿ နာမဟုတ်ပဲ လူဝင်မှုပြဿ နာ၊ ခြစားမှု ပြဿ နာ၊ လူမျိုးရေးပြဿ နာ၊ နိုင်ငံသား၊ တိုင်းရင်းသားရေးပြဿ နာတွေဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အိမ်နီး ချင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံဆိုတာ မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ်လောက်သာကျယ်ဝန်းပေမယ့်
လူဦးရေ သန်း ခြောက်ဆယ်ကျော်ရှိနေတဲ့တိုင်းပြည်ပါ။ ဒါကို မြန်မာနိုင်ငံသားတိုင်း အထူးဂရုပြုရမယ့်အချက်ပါ။
ဒါ့အပြင် အိမ်နီးခြင်းတရုတ်နိုင်ငံနဲ့ အန္ဒိယနိုင်ငံဆိုတာလူဦးရေးသန်း ၁,၂၀၀ ကျော်စီရှိကြတဲ့ဧရာမနိုင်ငံကြီးတွေဖြစ်ကြပါတယ်
။ ဒီထုထည်ကြီးတွေဟာ မြန်မာနိုင်ငံကို ရတဲ့နည်းနဲ့ ၀င်ရောက်နေကြဆဲဖြစ်ပါတယ်။
၁၈၈၅ ခုနှစ် နောက်ဆုံးဘုရင်သီပေါမင်း
ပါတော်မူပြီး မြန်မာနိုင်ငံတော်ကြီးကို ဗြိတိသျှအစိုးရကသိမ်းပိုက် ခဲ့တယ်။ မြန်မာနိုင်ငံအနောက်ဘက်တံခါး
ဒလဟောဖွင့်ပြီးလယ်ကူလီအဖြစ် အိန္ဒိယနဲ့ အင်္ဂလားဒေ့ခ်ျ နိုင်ငံသား တွေကို ဗြိတိသျှနယ်ချဲ့
အင်္ဂလိပ်တွေက အကန့်အသတ်မဲ့တင်သွင်းခဲ့တယ်။ နယ်ချဲ့တွေရဲ့ M သုံးလုံးဖြစ်တဲ့ Mission,Marketနဲ့
Missionary တွေ ရောက်လာခဲ့ကြတယ်။ မြန်မာဘုရင်နန်းတော်မှာ အ၀ယ်တော်အရာထမ်း တွေအနေနဲ့
အိန္ဒိယကုလားအနည်းငယ်သာရှိခဲ့တယ်ဆိုတာမြန်မာရာဇ၀င်ကျမ်းမှတ်တမ်းတွေအရသိရပါတယ်။
Labels:
ဆောင်းပါး
03 September 2016
“သယံဇာတပေါကြွယ်ဝတဲ့ ရခိုင်ပြည်”
နေပြောက်မထိုး
ရခိုင်ရိုးမှာ မာဘဲလ်ကျောက်တောင်။
ပျဉ်းကတိုးကျွန်း
ကြိမ်မျိုးပင်နွယ် ဂမုံးမျိုးစုံကြွယ်ရှိခဲ့တယ်။
ရခိုင်ပင်လယ်ပြင်မှာ
ဂက်စ်တွေလျှံလို့ တရုတ်ပြည်အထိရောင်းခဲ့တယ်။
ပင်လယ်ထွက်ကုန်
ငါးပုဇွန်တို့ ထိုင်းနဲ့တရုတ် ငါးဖမ်းသင်္ဘောတွေ နေ့စဉ်ဖမ်းလို့။
ဒီရတနာတွေကိုရောင်းလို့ မြန်မာနိုင်ငံကြွယ်ဝခဲ့သလား၊ ရခိုင်သားတွေ ထမင်းဝခဲ့ကြသလား။
မြန်မာပြည်လည်းမွဲလျှက်ပဲ၊
ရခိုင်တွေလည်း ဆင်းရဲမြဲပဲ။
ဒီရတနာ ရောင်းရတဲ့အသပြာတွေ
ဘယ်ရောက်သွားလဲ။ ဘယ်သူရောင်းစားနေသလဲ။
ဒီပြဿ နာ ဘယ်သူအဖြေထုတ်ပေးမလဲ။
မနေ့က ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းကျေးရွာ ပင်လယ်ကမ်းခြေမှာ
ကျပ်သန်းပေါင်း
၎,၅၂၀ တန်ဖိုးရှိတဲ့
စိတ်ကြွဆေးပြား ၂၂၆၀,၀၀၀ တွေ့သတဲ့။
ဒါဆို ရခိုင်ပြည်ကနောက်ဆုံးထွက်တဲ့
ရတနာက စိတ်ကြွဆေးများလား။
စစ်တွေ၊ ဘူးသီးတောင်နဲ့
မောင်တောမှာ နေ့တိုင်းနီးပါးဖမ်းမိတယ်။
ရတနာတွင်းထွက် ကျောက်မျက်တွင်းများရှိကြလို့လား။
လူငါးဆယ်တစ်ရာအလုပ်ပေးနိုင်တဲ့
စက်ရုံ တစ်ခုတစ်လေ ရခိုင်ပြည်မှာမရှိ။
စာသင်ခန်းတွေမှာ မေးတာပြန်မဖြေ
ခေါင်းပဲညိတ်ပြနေတဲ့ကျောင်းသားတွေရှိနေကြပြီတဲ့။
ဘုရား… ဘုရား…
ဘယ်သူကိုများ အပြစ်ဆိုရ၊ ဘယ်သူ့ကိုများအားကိုးရပါ့။
၃-၉-၂၀၁၆ ကျော်သောင်း
Labels:
ကဗျာ
“နယ်စပ်ကိုပြန်ပို့ခံရတဲ့ MOU အလုပ်သမားတွေ ဘယ်ရောက်သွားကြလဲ”
၂၀၁၆
စက်တင်ဘာလ ၃ ရက်
မြတ်ညို (အလွတ်သတင်းထောက်)
အလုပ်လုပ်ကိုင်ခွင့် ၀တ်ပါမစ်မရှိဟုဆိုကာ
၂လနီးပါးထောင်ကျခံခဲ့ရသည့်တရားဝင် အလုပ်သမား ၃၄ ဦးကို ထိုင်းအာဏာပိုင်များက ယနေ့နေ့လည်ပိုင်းက
ဘုရားသုံးဆူနယ်စပ်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီးဖြစ်သည်။
ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသူ
၆ဦးနှင့် MOU ဖြင့်လာသည့်အလုပ်သမား၂၈ ဦးတို့သည်
ထိုင်းနိုင်ငံမြောက်ပိုင်း၊
လဘူရီခရိုင်၊ ဘန့်ခါနယ်မြေ တွင်ရှိသော V&K နာနတ်သီးစက်ရုံတွင် အလုပ်လုပ်နေရင်း အလုပ်လုပ်ကိုင်ခွင့် ၀တ်ပါမစ်မရှိဟုဆိုကာ၂လနီးပါးထောင်ချခံခဲရသူများဖြစ်ကြပါသည်။
၇.၇.၂၀၁၆ နေ့က
နယ်မြေခံ ရဲများက ၀တ်ပါမစ် မရှိဟုဆိုကာ (စွမ်းတော်ဝင်၊ ရွှေနန်းရိပ်သာ၊ နှင်းပန်းဝါ၊
မိုးမိုးဖင်မလီ၊ မွန်ဘိမ်း၊ မေ၀င့်) အေဂျင်စီတို့မှ မ ၁၅ဦး+ကျား၁၃ဦး
ပန်းရောင်ဘတ်ကဒ်ရှိသူကျား၃ဦး+ မ၃ ဦး ဘတ်ရှိသူ ၆ဦး(စုစုပေါင်း ၃၄ဦး) တို့ သည်
ထောင်ထဲတွင် ၅၀ ရက်နှင့် ဘန့်ခါရဲစခန်းတွင် ၉ရက်ကြာမြင့်ခဲ့ပြီး ဘုရားသုံးဆူနယ်စပ်သို့
ယနေ့ပြန်လည်ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ပါသည်။
ပြန်လည်လွတ်မြောက်လာသည့်
ပဲခူးမြို့မှ ဝေလျှံထွန်း က“ကောင်မလေးတွေလည်းငိုကြ ယိုကြပေါ့။
ကျနော်တို့ ဘာပစ္စည်းမှပြန်မရခဲ့ဘူးလေ။ နယ်စပ်ရောက်တာနဲ့ ပွဲစားတွေလာခေါ်ကြတယ်။ ဘယ်သွားလို့ သွားမှန်း
ကျနော်လည်းမသိဘူး။ အခုကျနော်တို့ ၈ ယောက်ပဲကျန်ပါတော့တယ်။
ကျနော်တို့က နေရပ်ကိုပြန်ဖို့ လမ်းစရိတ် လည်းမရှိ၊ နက်ဖြန်မှ ရဲစခန်းကိုသွားပြီး အကူညီတောင်းပါမယ်။
အလုပ်သမားတွေ အရေးပေါ်ဖုန်းဆက်ဖို့ အစိုးရမှာ ကြေညာထားတဲ့ နေပြည်တော် ဖုန်း ၆၇၄၃ ၀၁၈၄
နဲ့ ၆၇၄၃ ၀၂၈၄ ကို ဆက်ပါတယ်။ ကျနော်ပြော တာနဲ့ဖုန်းကိုချပစ်ပါတယ်။ ရန်ကုန်အရေးပေါ်ဖုန်း
၁၆၅၀ ၀၈၉ နဲ့ ၁၆၅၀ ၁၈၇ ကို ဆက်တော့ ဖုန်းမကိုင်ပါ။ ကျနော်တို့ တကယ်ဒုက္ခရောက်နေလို့
ဆက်သွယ်တာမရပါ။” ဟုပြောသည်။
မည်သို့မှမသွားနိုင်ပဲကျန်နေခဲ့ကြသူများ
စစ်ကိုင်းတိုင်း မုံရွာမှ ခင်မာအေး၊ရန်ကုန်တိုင်းမှ မချိုချိုဝင်း မကွေးတိုင်း၊ စေထုတ္တရာမှ ချစ်ကိုကို၊
ပဲခူးတိုင်းကျောက်တံခါးမှ စိုးသက်ထွန်း၊ ပဲခူးမြို့မှ ဝေလျှံထွန်း၊ ရခိုင်ပြည်
နယ် မြောက်ဦးမြို့နယ်မှ ဦးအောာင်စောသန်းနှင့် သား မောင်ကျော်နိုင်နှင့်၊ ရခိုင်ပြည်နယ်။
မင်းပြားမြို့နယ်မှ ဘိုသောင်း ဆိုသူတို့ဖြစ်ကြပါသည်။
အလုပ်သမားတို့ထံမှ
အေဂျင်စီများနှင့် V&K နာနတ်သီးစက်ရုံမှ ၀တ်ပါမစ်ဖို့ဟုဆိုကာ ဘတ်ငွေ ၂၀,၅၀၀ စီဖြတ်တောက်ထားပြီဖြစ်ကြောင်း
အလုပ်သမားများကပြောသည်။
အလုပ်သမားများမိမိငွေဖြင့်
ဘတ်ငွေ ၆၀၀ အကုန်ခံ၍ သွေးစစ်ပြီးဖြစ်ကြောင်းလည်း ပြောကြပါသည်။ ထို့အပြင်ပတ်စပို့များကို အလုပ်ရုံမှသိမ်းဆည်းထားသဖြင့်
ယနေ့ပြန်လည်ပေးအပ်သည့်အခါ ရက်၉၀ တံဆိပ်တုံးမထုပဲ ထားရှိသဖြင့်နေထိုင်ခွင့်ကုန်နေသည်ဟု
ပြောကြသည်။
ထောင်ချခံခဲ့ရသည့် အလုပ်သမားများနှင့်
စဉ်ဆက်မပြတ်အဆက်အသွယ်ရှိနေသည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
MAT ဒါရိုက်တာ ဦးကျော်သောင်း က“အလုပ်သမားတွေဆီက တိုက်ရိုက်အကျိုးအမြတ်ရယူထားကြတဲ့
အေဂျင်စီပွဲစားနဲ့ အလုပ်သမားတွေအတွက် အစိုးရကလွှတ်ထားတဲ့ အလုပ်သမားသံအရာရှိတို့ဟာ တရားဝင်
MOU နဲ့လာတဲ့ ဒီအလုပ်သမားတွေ ခါးတစ်ထည်ကိုယ်တစ်ခုနဲ့ အခုလိုပြန်သွားခဲ့ရတဲ့အထိ တာဝန်မဲ့ဖို့မကောင်းပါဘူး။
အလွန်ရက်စက်ရာကျပါတယ်။ နယ်စပ်ကိုအလုပ်သမား(မ ၁၈၊ ကျား၁၆ ဦး) ပြန်ပို့ခံရတယ်။ ဘယ်သူတွေဘာဖြစ်သွားမလဲဆိုတာ
သားသမီးချင်းကိုယ်ချင်းစာဖို့ ကောင်းပါတယ်။ အခု အလုပ်သမား ၈ ယောက် ထမင်းစားရဖို့အတွက်တော့
ကျနော်ကူညီထားပြီ။ ဒီအလုပ်သမားတွေ နေရပ်ပြန်ရောက်ဖို့အတွက် ကျနော်နည်းလမ်းရှာရအုံးမယ်”ဟုပြောသည်။
ထိုင်းမြန်မာနယ်စပ်မြို့များဖြစ်သော မယ်ဆိုင်၊ မြ၀တီ၊ဘုရားသုံးဆူနှင့် ကော့သောင်းမြို့တို့တွင်
ထိုင်းနှင့် မလေးရှားတို့သို့ လူကုန်သည့် ဂိုဏ်းအမြောက်အမြားရှိသဖြင့် ယခု ပြန်ပို့ခံရသူများအတွက်
အထူးစိုးရိမ်မိ ကြောင်း ဦးကျော်သောင်းကပြောသည်။
ဇွန်လကုန်က နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ
သို့ကြွရောက်လာခဲ့စဉ်က ဘန်ကောက်မြန်မာသံရုံးတွင်း အစည်းဝေးတွင် ပြည်ပရောက် မြန်မာနိုင်ငံသား များကိုကာကွယ်စောင့်ရှောက်ရန် အစိုးရတွင်တာဝန်ရှိကြောင်း၊ တာဝန်မယူနိုင်ရင် အစိုးရလုပ်၍မဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် သန်းချီရှိသည့် ထိုင်းရောက်အလုပ်သမားများက အထူးအားတက်ခဲ့ကြရသော်လည်း၂လ လွန် မြောက်သွားသည့်တိုင်အောင် မည်သည့်ထူးခြားမှုမှ မရှိသေးကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုသည်။
သို့ကြွရောက်လာခဲ့စဉ်က ဘန်ကောက်မြန်မာသံရုံးတွင်း အစည်းဝေးတွင် ပြည်ပရောက် မြန်မာနိုင်ငံသား များကိုကာကွယ်စောင့်ရှောက်ရန် အစိုးရတွင်တာဝန်ရှိကြောင်း၊ တာဝန်မယူနိုင်ရင် အစိုးရလုပ်၍မဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် သန်းချီရှိသည့် ထိုင်းရောက်အလုပ်သမားများက အထူးအားတက်ခဲ့ကြရသော်လည်း၂လ လွန် မြောက်သွားသည့်တိုင်အောင် မည်သည့်ထူးခြားမှုမှ မရှိသေးကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုသည်။
“မေ့ဝင့်အေဂျင်စီက အလုပ်သမား ၂၃ ယောက်ကိစ္စ သခွပ်ပင်က မီးတကျည်ကျည်”

၂၀၁၆ သြဂုတ်၂ ရက်နေ့ MAT နဲ့ AAC အဖွဲ့တို့သတင်းစာရှင်းလင်းပွဲလုပ်မှာကို
အွန်လိုင်းသတင်းတွေ အရ ကြိုသိနေခဲ့ကြတာကြောင့် ပွဲစားတွေဟာ တော်ဝင်နှင်းဆီခမ်းမမှာ
သတင်းစာရှင်းလင်းပြီးတော့၊ MAT နဲ့ AAC တို့ သတင်းစာရှင်းလင်းပွဲလုပ်နေကြတဲ့ ယုဇနဟိုတယ်ကိုအုပ်စုလိုက်
လာပြီး သတင်းစာရှင်းလင်းပွဲ ပျက် အောင် နှောက်ယှက်ခဲ့ကြတယ်။ ထိုင်းလူမျိုး ပွဲစား Acting
Sub L.t ကို စက်ရုံသူဌေးပါလို့ လိမ်ပြောခိုင်းခဲ့
တယ်။ ပွဲစား ဇော်ထိုက်အောင် ဆိုသူဟာ မေ၀င့်ကုမ္ပဏီရဲ့ ဒါရိုက်အဖွဲ့လားဆိုတာ သက်ဆိုင်သူတွေဖြေပေးပါ။
တရားဝင်လုပ်ပါတယ်ဆိုတဲ့ ဇော်ထိုက်အောင်
က လိုက်ရှင်းမပေးရင် ထောင်ကျမှာမို့ အကူညီလိုက် ပေးရတာပါလို့-ထိုင်းပွဲစား Acting
Sub L.t က မိမိဟာ စက်ရုံသူဌေးမဟုတ်ကြောင်း၊ မိမိအနေနဲ့ဘာမှ မသိ ကြောင်း MAT အဖွဲ့ကို
ဝန်ခံပြောဆိုပြီးဖြစ်ပါတယ်။ သူပြောတဲ့ (VDO) မှတ်တမ်းကိုအလုပ်သမားဝန်ကြီးဌာနကို ပေးပို့မယ်ဆိုရင်
မေ၀င့်ကုမ္ပဏီ နဲ့ ပွဲစား ဇော်ထိုက်အောင် ကို
လူကုန်ကူးမှုနဲ့ အရေးယူပေးမလားဆိုတာသိချင် ပါတယ်။
MAT အဖွဲ့ဟာ မေ၀င့်ကုမ္ပဏီရဲ့ မမှန်မကန်လုပ်ရပ်ပေါင်းများစွာတို့ကို
အကြိမ်ကြိမ်တင်ပြတိုင်ကြားဖူးပေမယ့် အ.လ.ည နဲ့ MOEAAF တို့ ဘာ့ကြောင့်ဒီလောက် အကာအကွယ်ပေးထားခဲ့ကြသည်ကို
လုံးဝနားမလည်ပါ။ နိုင်ငံရပ်ခြားတိုင်းတပါးမှာ
သက်ဆိုင်တဲ့ ကုမ္ပဏီတွေ တာဝန်မယူကြတဲ့အခါ မြန်မာအလုပ်သမားလူငယ်တွေ အတွက် အလွန်အန္တရာယ်များပါတယ်။
မှန်ကန်တဲ့ဂရုဏာတရားနဲ့ ဒုက္ခရောက်တဲ့ အလုပ်သမားတွေကို MAT နဲ့ AAC တို့ကကူညီစောင့်ရှောက်နေကြသူတွေပါ။
ယခု မေ၀င့်ကုမ္ပဏီဖြစ်စဉ်မှာ အလုပ်သမားတွေဆီကို
AAC သွားခေါ်ခဲ့တာလား၊ ဒုက္ခဖြစ်နေလို့ အလုပ် သမားတွေ အားကိုးတကြီး နံနက်၂နာရီကျော်အချိန်မှာ
ရောက်လာတာလားဆိုတာ သတင်းစာရှင်းလင်းပွဲမှာ ကာယကံရှင်တွေ ရှင်းလင်းပြီးဖြစ်ပါတယ်။ ပွဲစားဇော်ထိုက်အောင်
ကို အလုပ်သမားတွေက အကြိမ်ကြိမ်ဖုန်း ဆက်တော့ ပထမပိုင်းမှာ ဖုန်းကိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာဖုန်းပါပိတ်သွားခဲ့ပါတယ်။
AAC ရုံးကို အလုပ်သမား တွေရောက်ရှိနေကြတဲ့ ၂ပတ်ကာလအတွင်းမှာ မေ၀င့်အေဂျင်စီကို လာရောက်ဖြေရှင်းဖို့
ဖုန်းဆက်ခဲ့ပေမယ့် ဘာကြောင့် ပြေလည်အောင် လာမရှင်းကြတာလဲ။
MAT နဲ့ AAC ရန်ကုန်ကိုသတင်းစာရှင်းလင်းပွဲလုပ်ဖို့
ရောက်လာပြီးတော့မှ MOEAF နဲ့ မေ၀င့်ကုမ္ပဏီက သတင်းစာရှင်းလင်းပွဲမလုပ်ပါနဲ့ အလုပ်သမားတွေ ကျေနပ်အောင်
ပေးလျှော်ပါမယ်လို့ ဦးကျော်ဇော က ဘာ ကြောင့် AACကိုညှိတာလဲ။ ကျနော်တို့က အမှန်တရားကို
လိုချင်တာပါ။ မကောင်းမှုတွေကိုဖယ်ထုတ်ချင်တာပါ။


ကူညီပါရစေ ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ပြည်သူတွေကို
၂၄ နာရီ ကာကွယ်စောင့်ရှောက်ပေးနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကျနော်တို့အလွန်လေးစားပါတယ်။
အစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နဲ့လည်း နှစ်ပေါင်း များစွာပူးပေါင်းဆောင်ရွက်နေဆဲလည်းဖြစ်ပါတယ်။
ဒါပေမယ့် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရ မှာကို မလိုလားတာကြောင့် တင်ပြပါရစေ။
၂၀.၈.၂၀၁၆ နေ့က ထိုင်းနိုင်ငံမှ ပြန်ရောက်လာတဲ့
MOU အလုပ်သမား ဒုက္ခသည် ၁၃ ယောက်ဟာ လမ်း စရိတ်တွေ ချေးငှါးပြီး၊ ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရဲစခန်းသို့လာပြီး
မိမိတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် မေ၀င့်ကုမ္ပဏီကို အရေးယူဆောင်ရွက်ပေးဖို့အတွက်
တိုင်ကြားခဲ့ပေမယ့် ရဲစခန်းမှ အမှုကိုလက်မခံခဲ့ပါ။ ၎င်းတို့ နဲ့ဆိုင်သလိုလို၊ ကုမ္ပဏီနဲ့ညှိနှိုင်းပေးမလိုလိုလုပ်ပြီး
ပြန်လွှတ်လိုက်ပါတယ်။ လုပ်သားပြည်သူတွေအနေနဲ့ ဘယ် အမှုကိစ္စ ဘယ်သူနဲ့ သက်ဆိုင်တာကို သိရှိနားလည်မှုမရှိကြပါ။
ဒါကြောင့် မေ၀င့်ကုမ္ပဏီ ရုံးတည်ရှိရာ ကျောက် တံတားမြို့နယ်ရဲစခန်းသို့ အားကိုးတကြီးလာရောက်ခဲ့ခြင်းသာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲချုပ်ကြီးသိပါစေရန် အလုပ်သမားပြည်သူများကိုယ်စား ဒီနေရာက တင်ပြအပ်ပါတယ်။
နောက်တစ်ခုဆက်လက်တင်ပြလိုတာက မူလက မေ၀င့်ကုမ္ပဏီက
အလုပ်သမား ၂၃ ဦးကို ကိုယ်စား ပြုပြီး သတင်းစာရှင်းလင်းပွဲမှာ ထိပ်ထိပ်ကြဲပြောဆိုခဲ့ကြတဲ့
မအေးအေးခိုင်၊ မခင်သီတာထွန်း နဲ့အတူ အလုပ် သမား(၁၀ဦး) တို့ကို ပွဲစားများအဖွဲ့ချုပ်
MOEAF က ဘယ်လိုများ အပေးအယူလုပ်လိုက်ပါသလဲ။
MOEAF က ပြေလည်အောင် ဖြေရှင်းပေးမယ်ဆိုတာဟာ
အလုပ်သမားတွေကို စေတနာနဲ့လား၊ မေ၀င့်ကုမ္ပဏီကို ကာကွယ် ပေးဖို့အတွက် သုံးနေကျ ဗျူဟာကိုထုတ်သုံးတာလားဆိုတာ
၎င်းတို့ပဲသိပါလိမ့်မယ်။
၂၀၁၆ ခု စက်တင်ဘာလ(၁) ရက်နေ့ က MOEAF က အလုပ်သမား(၁၃)ဦးကို
တရားမ၀င် ပြန်လာသူ များဟုပြောပြီး၊ တရားဝင် ပြန်ဖြစ်ရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးဖို့
စာထုတ်ပြီး ဆင့်ခေါ်ခဲ့ တယ်။ ထိုင်းနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ အလုပ်သမားဥပဒေအရ
မည်သည့်လုပ်ငန်းရှင်မဆို အလုပ်သမား တစ်ယောက်ရဲ့စာရွက်စာတမ်းများ၊ မှတ်ပုံတင်နှင့်ပတ်စပို့များကိုသိမ်းဆည်းထားခွင့်မရှိပါ။ဘယ်သူတွေ
မတရား လုပ်ခဲ့သလဲ အဖြေကရှင်းနေပါတယ်။
စာချုပ်ပါ ကြက်သားအလုပ်ရုံမှာ ကြက်သားပေါက်ကလေးတွေငယ်သေးတယ်ဆိုပြီး
အချိုရည်စက်ရုံကို မြ၀တီ(ကျောက်လုံးကြီးစခန်းမှာ)ပြောင်းချုပ်တယ်ဆိုတဲ့ စာချုပ်မှာ
ရန်ကုန်တိုင်း အ.လ.ည ညွန်မှူး ဒေါ်မို့မို့သွင် လက်မှတ် ဘာကြောင့်ပါနေရသလဲ။ MAT နဲ့
AAC အဖွဲ့တို့ သတင်းစာရှင်းလင်းပွဲကျင်းပတဲ့နေရာမှာ ပွဲစားနဲ့ ထိုင်းအေးဂျင့်ပေါင်းပြီး
လာရောက်နှောက်ယှက် လိမ်လည်ခြင်းကို ဘယ်သူက ညွန်ကြားကူညီခဲ့ပါသလဲ။
ယခုဖြစ်စဉ်တစ်လုံးမှာ မေ၀င့်ကုမ္ပဏီ + ထိုင်းအေးဂျင့်နှင့်
တရားဝင် ပွဲစားလက်မှတ်ကိုင်ဆောင်ထားသူ မဟုတ်တဲ့ ပွဲစားဇော်ထိုက်အောင် တို့နဲ့အတူ ရန်ကုန်တိုင်း
အ.လ.ည ညွန်မှူး ဒေါ်မို့မို့သွင် တို့ရဲ့ အလုပ်သမား လူတန်းစားများအပေါ်မှာ မည်ရွှေ့မည်မျှကြီးလေးတဲ့
လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်ခဲ့မှုဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်
ဦးမျိုးအောင် သိပါစေ။ ၂၅.၆.၂၀၁၆ နေ့ကလည်း အလုပ်သမား၃၀၀ စာချုပ်ချုပ်တဲ့အခါ မေ၀င့်ကုမ္ပဏီ
ဒါရိုက်တာလည်းမလာ၊ လူ ၃၀၀ လည်းမရှိပဲ ရပ်ကွက်ထဲက လူတွေကိုခေါ် လာပြီးစာချုပ်ချုပ်ဆိုခဲ့တာကို
အထောက်အထားအပြည့်အစုံနဲ့ အလုပ်သမားဝန်ကြီးဆီကို MAT က တိုင်ကြား ခဲ့တယ်။ လိမ်လည်တဲ့
မေ၀င့်ကုမ္ပဏီဘာမှ မဖြစ်ဘူးဗျာ။

ရွှေလုပ်သား
02 September 2016
“၅နှစ်ခန့်လုပ်အားခေါင်းပုံဖြတ်ခံနေရသည့်မိန်းကလေးငယ်ကိုMATနှင့်ထိုင်းအာဏာပိုင်များကယ်ထုတ်”
၂၀၁၆ ခု သြဂုတ်လ ၂
မြတ်ညို
(အလွတ်သတင်းထောက်)

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ဘန့်ရွိုင်မီးပွိုင့်အနီး
Phat Phangan
ဟိုတယ်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆နှစ်အရွယ် မအေးအေးစိုး အား၊ ထိုင်းအစိုးရ
လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေးဌာန(၁) မှ အကြီးအကဲ Mr.Komvich
Padhanarath, Chief of Prevention
and Suppression Div.1- Anti-Human Trafficking Center , Department of Special
Investigation , Ministry of Justice. ၏ လမ်းညွန်ချက် နှင့် စူရတ်ဌာနီအခြေစိုက်
ထိုင်းမြန်မာနယ်ခြားကော်မတီအကူညီဖြင့်၊ စူရတ်ဌာနီတွင် နေထိုင်သော MAT အဖွဲ့ ၏
အကြံပေး ရှေ့နေ ဦးအောင်မျိုးသန့် တို့က ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ မြိတ်မြို့ အင်းလေးမြိုင်ရပ်ကွက်၊
ခရေလမ်း၊ ဦးမောင်မြင့် တန်းလျားနေ၊ ဦးဘစံ+ဒေါ်အေးဝင်း တို့၏သမီးဖြစ်သူ မအေးအေးစိုး
(၁၆ နှစ်-၂၀၁၆) အား ၂၀၁၁ ခုနှစ်ကတည်းက တရပ်ကွက်တည်းနေမခင်အေး ခေါ်ဆောင်လာသည့် မသန်းဌေး
ဆိုသည့်အမျိုးသမီးက မော်လမြိုင်မြို့မှ ထမင်းဆိုင်တွင် အလုပ်လုပ်ပါက တစ်လကို ကျပ်ငွေ
ခုနစ်သောင်းရမည်ဖြစ်ကြောင်း၊ တစ်လအလုပ်လုပ်၍မပျော်ပါက ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း
ပြောဆိုစည်းရုံးပြီး မအေးအေးစိုး ကိုခေါ်ဆောင်သွားခဲ့ပါသည်။ ထို့နောက်ပိုင်းမှစ၍ ဆက်သွယ်၍
မရရှိတော့ပါ။ ၁၇.၆.၂၀၁၆ နေ့မှာ စူရတ်မြို့မှ ပန်းရံအလုပ်သမားဇော်လတ် ဆိုသူမှတစ်ဆင့်အဆက်
အသွယ်ရရှိခဲ့ပြီး မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့သို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်ပါသည်။
တနင်္သာရီတိုင်း၊ မြိတ်မြို့ လူကုန်တားတပ်ဖွဲ့မှ ရဲအုပ် အောင်ကျော်မြင့် နှင့် ကော့သောင်း လူကုန်တားတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်လင်းသူ
တို့က ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ၁၀.၈.၂၀၁၆
နေ့က မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့်ရေးသား၍ အကူညီတောင်းခံလာခဲ့ပါသည်။ သို့ဖြစ်၍
MAT အဖွဲ့က စုံစမ်းမှုများကို စတင်ပြုလုပ်ခဲ့ကြသည်။
သတင်းအချက်အလက်များ
အပြည့်အစုံရရှိသည့်အခါ ထိုအချက်အလက်များကို အင်္ဂလိပ်နှင့် ထိုင်းဘာသာတို့ပြန်ဆို၍
DSI အကြီးအကဲထံသို့ ပေးပို့၍ ကယ်ထုတ်နိုင်ရန်အစီအစဉ်များရေးဆွဲခဲ့ကြသည်။ သို့ဖြစ်၍
လာမည့် ၅.၉.၂၀၁၆ တနင်္လာနေ့တွင် သွားရောက်ကယ်ထုတ်ကြရန် ပြင်ဆင်ထားခဲ့ကြပါသည်။
သို့ရာတွင်
ယမန်နေ့က အနီးကပ်စောင့်ကြည့်နေသည့် ကိုဇော်လတ်က ဦးအောင်မျိုးသန့် အား မအေးအေးစိုး ကို ခိုင်းစားနေသည့် မသန်းဌေး က
အခြားနေရာသို့ခေါ်ယူသွားတော့မည်ဖြစ်ကြောင်း။ အကယ်၍ မခေါ်ယူစေ လိုပါက ဘတ်ငွေ ၁၅,၀၀၀ ပေး၍
ယူထားလိုက်နိုင်ကြောင်း ပြောဆိုလာခဲ့သည်။
သို့ဖြစ်၍ MAT အဖွဲ့က DSI နဲ့ မြန်မာသံအမတ်ကြီး
ဦးဝင်းမောင် ထံသို့ ချက်ခြင်းဆက်သွယ်၍ နောက်ဆုံး အခြေအနေကိုတင်ပြခဲ့သည်။
ဦးအောင်မျိုးသန့်
က“ DSI ကအကြီးအကဲနဲ့ ဘန်ကောက်ကMAT အဖွဲ့သားတွေက တနင်္လာနေ့မှလာကြမယ်။ ဒီမှာအခြေနေက ချက်ခြင်းအပြောင်းအလဲဖြစ်လာတယ်။
အချိန်မမီလိုက်ရင် ဘယ်ကိုခေါ်သွားလို့ခေါ်သွားမှန်းမသိဖြစ်သွားမယ်။ ဒါကြောင့် DSI အကြီးအကဲ
Komvich က နယ်ခြားကော်မတီနဲ့ချိပ်ဆက်ပေးတယ်။ ခုတော့ လုပ်အားခလည်းမရပဲ နှစ်ပေါင်းများစွာ
အလုပ်လုပ်နေရတဲ့ ကလေးမလေးကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီ။ ဒီက လေးမလေး မိဘဆီကို ဘယ်တော့ပြန်ရောက်မလဲ
မသေချာတဲ့အခြေအနေအတွက်တော့ စိတ်မကောင်းဘူး” ဟုပြောသည်။
မအေးအေးစိုး အား ကယ်ထုတ်ပြီးနောက် စူရတ်ဌာနီအမျိုးသမီးကယ်ဆယ်ရေးစခန်းတွင်း၌
ထိုင်းစစ်တပ်၊ ထိုင်းအစိုးရလူကုန်ကူးမှုတပ်ဖွဲ့များနှင့် အစည်းဝေးလုပ်ကြ၍ စစ်ဆေးခဲ့ကြသည်။ စစ်ဆေးချက်များအရ မအေးအေးစိုး ကို
မသန်းဌေး ခေါ်ဆောင်လာမှုပေါ်ပေါက်ခြင်း၊ မအေးအေးစိုး အား တရားဝင်နေထိုင်ခွင့်တစ်စုံ တစ်ရာပြလုပ်မပေးထားခြင်း၊
ဤမျှ ငယ်ရွယ်သည့် မိန်းကလေးငယ်ကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခြင်းများ ပေါ်ပေါက်ခဲ့ပါသည်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့
MAT သည် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့များ၊ ထိုင်းစစ်တပ်များ၊ ထိုင်းနယ်ခြားစောင့်စစ်တပ်၊
ဘန်ကောက် မြန်မာသံရုံး တို့နှင့် ပူးပေါင်း၍ ၂၀၁၆ ခုနှစ်တွင်
လူကုန်ကူးမှုနှိမ်နင်းခြင်း ၂၃ ကြိမ်တွင် လူကုန်ကူးခံရသူပေါင်း ၃၁၂ ဦးတို့ကို ကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း ၉ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါသည်။
Labels:
သတင်း
Subscribe to:
Comments (Atom)